
Zawgyi
















Unicode

ဘာသာရေးရဲ့အကျိုးကျေးဇူးကြောင့် အလိမ်ခံရတဲ့ ရွှေထည်ပစ္စည်းတွေကို ၂၄ နာရီအတွင်း ပြန်လည်ရရှိခဲ့တဲ့အကြောင်း ပြောပြလာတဲ့ ဆုကဗျာ

အနုပညာလှုပ်ရှားမှုတွေ မလုပ်ဖြစ်တော့ပေမယ့် ပရိသတ်အားပေးမှုကို ယ နေ့ တိုင် ရရှိထားတဲ့ သူလေးကတော့ သရုပ်ဆောင် ဆုကဗျာပဲဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကား တွေ မှာ

ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ ဆုကဗျာက သ ဘာ ဝဆန်ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် သူမရဲ့ ဇာတ်ကားတွေကို ပရိသတ်တွေက အ ကြိုက်တွေ့နေကြတာပါ။

အရွယ်နဲ့ မလိုက်အောင် နုပျိုနေတဲ့ ဆုကဗျာကို ယောကျာ်းလေးပရိသတ် တွေက အားပေးနေကြတာကိုလည်း တွေ့ရပါတယ်။အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားတဲ့ ဆုကဗျာက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ် ကိုင်နေတာပါ။

ဆုကဗျာက ရတနာဆိုင်လေးတစ်ခုကို ဖွင့်လှစ်ထားပြီး သူမရဲ့ လှုပ်ရှားမှု ပုံရိပ် လေးတွေကိုလည်း လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာထက်မှာ မကြာခဏဆိုသလို တင်ပေးလေ့ ရှိ နေတာလည်းဖြစ်ပါတယ်။

ဆုကဗျာဟာ ငွေကျပ် သိန်း ဆယ်နဲ့ချီတန်တဲ့ ရွှေထည်ပစ္စည်းတွေအလိမ်ခံခဲ့ရတာဖြစ်ပေမယ့် ဘာသာရေးရဲ့ အကျိုးကျေးဇူးကြောင့် ၂၄ နာရီအတွင်း အံ့သြဖွယ် ပြန်လည်ရရှိခဲ့တဲ့အကြောင်းကို အခုလိုပဲပြောပြလာခဲ့ပါတယ်….

“အခက်အခဲတွေ ဘယ်လောက်ကြုံကြုံ ဆုကဗျာ ဘုရားတရားကိုလုပ်တယ် ဆုကဗျာ စိတ်ညစ်တဲ့ အချိန် အဆင်မပြေတဲ့ အချိန်ဆို ဘုရားကို ပိုရှိခိုးတယ် ကိုယ့်မှာကိုးကွယ်စရာမရှိတော့ဘူးအားကိုးမရှိတော့ဘူးဆိုတော့

မြတ်စွာဘုရားပဲ ရှိတယ် မြတ်စွာဘုရားရဲ့ ဒေသနာတော်တွေကိုပဲ လိုက်နာတယ် ကျင့်စဉ်တွေသေချာလုပ်တယ် ဘုရားပွဲကိုယ့်ကို ကယ်နိုင်မယ်ပေါ့နော် အဲ့ဒီအတိုင်းလေးကိုပဲ နေ့စဉ်နဲ့အမျှအဓိဉာန်ကို မပျက်အောင်ကြိုးစားတယ်

အခုဆုကဗျာရဲ့ရတနာတွေလိမ်သွားတဲ့အချိန်မှာဆိုလို့ရှိရင် မြတ်စွာဘုရားရဲ့ မဟာသမယသုတ်တော် ကိုရွတ်ပေးတယ် ဒီပစ္စည်းကို လိမ်သွားတဲ့ ညီမလေးက ၂၄ နာရီအတွင်း အေးအေးချမ်းချမ်းလေးပြန်လာပေးသွားတယ်

အဲ့ဒါကြောင့်လည်းဒီလို အဆင်ပြေသွားတယ် ဆုကဗျာ ယုံကြည်တယ် ပေါ့နော် ကိုယ်ကိုတိုင်လည်း ကျင့်စဉ်တွေလုပ်နေကြဆိုတော့ သူ့ပုံလေးကို ဖုန်းထဲကနေကြည့်ပြီး မေတ္တာပို့တယ်

မေတ္တာသုတ်လေးရွတ်ပြီး မေတ္တာပို့တဲ့ အကျိုးကျေးဇူးတွေကြောင့် အမက ဒီပစ္စည်းတွေပြန်ရတယ်လို့တောင်ခံစားရတဲ့အတွက် ဘုရားတရားကို အခက်အခဲရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေလုပ်မယ်လို့ ဆုကဗျာ ဆုံးဖြတ်ချက်ချထားပါတယ်”

ခုရက်ပိုင်းမှာဖြစ်သွားတဲ့ ဆုကဗျာရဲ့ဆိုင်မှာ ငွေကျပ် ၂၉ သိန်းတန်ဖိုးရှိတဲ့ လက်စွပ်တွေ ရွှေဆွဲသီးတွေ လိမ်သွားတဲ့ဖြစ်စဉ်မှာဆိုလို့ရှိရင် ဆုကဗျာ အဓိဉာန်တွေလုပ်တယ် ဘုရားတရားကိုမပြတ်ပဲလုပ်တဲ့အတွက်

အေးအေးချမ်းချမ်းနဲ့ပြန်လည်ရရှိခဲ့ပါတယ် ဒါကြောင့် ဘာသာရေးလုပ်ဖို့ ပျင်းနေတဲ့သူတွေ အဓိဉာန်လုပ်ဖို့ ပျင်းနေတဲ့သူတွေကိုလည်းပြောချင်တာက ဆုကဗျာရဲ့အဖြစ်လေးကို ဥပမာယူကြပါ လုပ်ဖို့မပျင်းကြပါနဲ့” လို့လည်း ပြောလာခဲ့တာပါ

ပရိသတ်ကြီးရေဆုကဗျာ ကတော့ ဘာသာရေးရဲ့အကျိုးကျေးဇူးကြောင့် အလိမ်ခံရတဲ့ ပစ္စည်းတွေကို ၂၄ နာရီအတွင်း ပြန်လည်ရရှိခဲ့တဲ့အကြောင်း ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်…

ပရိသတ်ကြီးလည်း ယခုလို ကိုဗစ်ကာလကြီးမှာ ဘုရားတရားလုပ်ရင်း ကာလဆိုးကြီးကို ဖြတ်ကျော်ကြဖို့ တိုက်တွန်းလိုက်ပါရစေနော်…..