Zawgyi
Unicode
ကျော်ကျော်နန္ဒနဲ့တူတယ်လို့ ပြောဆိုကြတဲ့အပေါ် ပြန်လည်ပြောဆိုလိုက်တဲ့ မျိုးကိုကိုစန်း
ပရိတ်သတ်ကြီးရေ မျိုးကိုကိုစန်းလို့ပြောလိုက်တာနဲ့ အမျိုးသား ထုကြီးရဲ့ အသည်းကျော်လေးမှန်း ပရိတ်သတ်ကြီး လည်းသိရှိပြီးသား ဖြစ်မှာပါ။မျိုးကိုကိုစန်းလို့ပြောလိုက်တာ ယောကျာ်းထုကြီးက အငည်းအသန်သဘောကျရတဲ့ Trandgrander တစ်ဦးပါ။
မိန်းကလေးတွေအရှုံးပေးရလောက်အောင် လှရက်နိုင်သူကြီးဖြစ်တဲ့အပြင် တကယ့်ကိုနူးညံ့သိမ်မွေးလွန်းသူလေးပါ။အနုပညာအလုပ်တွေလည်း ရံဖန်ရံခါလုပ်ဆောင်နေပြီး သူ့ရဲ့ ပိုစ့်တွေမှာ ယောကျာ်းထုကြီးကဝန်းရံအားပေးနေတာ တွေ့ရပါတယ်နော်။
ဒီနေ့မှာတော့ အသက်၁၆နှစ်ကပုံရိပ်လေးနဲ့ အတူ အခုလက်ရှိ၂၆နှစ်အရွယ်ပုံရိပ်လေးကိုယှဉ်တွဲတင်ကာ ဆယ်နှစ်အကြာမှာအရင်ကထက်ပိုလှလာကြောင်း သက်သေပြခဲ့တာဖြစ်ပါတယ်။
ပိုစ့်ရဲ့ အောက်မှာတော့ သူ့အားမှတ်ချက်တွေပေးတဲ့အထဲက ကျော်ကျော်နန္ဒနဲ့တူတယ်ဆိုတဲ့မှတ်ချက်နဲ့ပတ်သက်ပြီး အခုလိုပြန်လာပြောဆိုခဲ့တာတွေ့ရပါတယ်။ကိုကို့cmtတွေမှာ ကိုကျော်ကျော်နန္ဒနဲ့တူတယ်ပြောတယ် တစ်ချို့က သဘောရိုးနဲ့ပြောတာတွေ ဘာမှ မပြောချင်ပေမဲ့
တစ်ချို့က လှောင်တဲ့သဘောနဲ့ပြောတာတွေတော့ တကယ်မကြိုက်ဘူးနော် တစ်ဖက်လူကို အားနာဖို့ကောင်းတယ် လူတစ်ယောက်နဲ့တစ်ယောက်ရုပ်တူတဲ့ကိစ္စက ရှက်စရာမဟုတ်ဘူးနော် ကိုကို ကိုယ်တိုင်လည်း တစ်ခါတစ်လေ တူတယ်ဆိုတာ သတိထားမိပြီးသားပါ
ဒါပေမဲ့ cmtလေးတွေစည်းရှိနော် မတော်လို့ တစ်ဖက်လူတွေ့သွားရင် စိတ်မကောင်းဖြစ်နေမယ်နော် မကောင်းဘူးယူတို့ရေ ”ဆိုတဲ့စာလေးနဲ့ သတိပေးပြောကြားခဲ့တာပါ။ ရုပ်ချောရုံသာမက စိတ်သဘောထားပါပြည့်ဝသူလေးပါပဲနော်။
ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။Source : Myo KoKo San