Zawgyi
Unicode
စီပွားရေးတွေ အရမ်းထိခိုက်နေပြီဖြစ်လို့ စိတ်ဓာတ်မကျအောင် လုပ်နေရတဲ့ အကြောင်း ပြောပြလိုက်တဲ့ ဝိုင်းစုခိုင်သိန်း
ဝိုင်းစုခိုင်သိန်းကတော့ အနုပညာလောကမှာရုပ်ရှင်သရုပ်ဆောင်အဖြစ်ရော အဆိုတော်တစ်ဦးအဖြစ်ပါ အထူးအောင်မြင်နေသူတစ်ဦးဖြစ်ပြီးပရိသတ်တွေရဲ့ ချစ်ခြင်းကိုလည်း ရရှိနေခဲ့တာပါ။
ဝိုင်းစုဟာ အနုပညာခရီးလမ်းကို အောင်လနဲ့တွဲဖက်ပြီး အေးချမ်းစွာလျှောက်လှမ်းနေသလိုသီချင်းတွေကိုလည်း အတူတူ ဖန်တီးနေတာလည်းဖြစ်ပါတယ်။ယခုကိုဗစ်ကာလမှာတော့ ဝိုင်းစုဟာ ဖျော်ဖြေရေးလုပ်ငန်းများရော ပွဲများပါ ရပ်နားထားရတဲ့အတွက် စီးပွားရေးထိခိုက်နေပြီး စိတ်ဓာတ်ကျနေမိတယ်လို့ ဝိုင်းစုကဆိုလာခဲ့တာပါ။
ဝိုင်းစုက သူမအနေနဲ့ အိမ်မှာအမြဲနေရတာဖြစ်ပြီး ဘာမှလုပ်စရာမရှိတော့တဲ့အတွက် တစ်ခုမဟုတ် တစ်ခုရှာကြံလုပ်နေရတယ်လို့ဆိုလာခဲ့တာဖြစ်ပါတယ်။ဝိုင်းစုက “ကိုဗစ်နဲ့ပတ်သတ်ပြီးတော့ အကုန်လုံးကတော့ စီးပွားရေးထိခိုက်ကြတာပဲပေါ့နော်
အမတို့ကျတော့ ပိုပြီးဆိုးတာတစ်ခုက ဖျော်ဖြေရေးသမားဖြစ်တဲ့အခါကျတော့ဖျော်ဖြေရေးဆိုတာ လူတွေအဆင်ပြေတော့မှ လူတွေပျော်တဲ့အချိန်မျိုးမှပွဲအနေနဲ့လုပ်ရတာပေါ့နော်
ဒါမဲ့လည်းစိတ်ညစ်နေတဲ့အချိန်လည်း ဖျော်ဖြေရေးရှိလို့ရှိရင်ပျော်ကြတာပဲလေအခုချိန်ကြတော့ SHOW ပွဲတွေလုပ်လို့မရတော့ စီးပွားရေးကတော့ အများကြီးထိခိုက်တာပေါ့နော်
ဘာပွဲမှမရှိတော့ဘူးဆိုတော့ အများကြီးတော့ထိခိုက်ပါတယ် ထိခိုက်တယ်ဆိုတာသင်္ကြန်မတိုင်ခင်ကတည်းက ဘာမှမရှိတော့တဲ့အတွက် စထိခိုက်တာပေါ့နော် အဲ့ဒီကတည်းကနေ အခုချိန်ထိပဲပေါ့
အားလုံးကတော့ စီးပွားရေးထိခိုက်ကြတာချင်းတူတူပါပဲ….”လို့ စီးပွားရေးထိခိုက်သွားတဲ့အကြောင်းရင်ဖွင့်လာခဲ့တာပါ။ကိုဗစ်ကာလမှာသူမလိုမျိုး စီးပွားရေးထိခိုက်နေကြတဲ့သူတွေအတွက်လည်း ဝိုင်းစုက
” အဓိကကတော့ ဒီချိန်မှာ အားလုံးစိတ်ဓာတ်ကျကြမယ် ဝိုင်းစုတို့ကိုယ်တိုင်လည်း တခါတလေကျစိတ်ဓာတ်ကျတယ်ပေါ့နော် ကိုယ့်ဟာကိုယ် စိတ်ဓာတ်တက်ကြွအောင် အလုပ်ရယ်လို့တော့မဟုတ်ဘူး တစ်ခုမဟုတ်တစ်ခုရှာကြံလုပ်နေရတယ်ပေါ့နော်
စိတ်ဓာတ်မကျပဲနဲ့ တစ်ခုမဟုတ်တစ်ခုလုပ်နေပြီးတော့ အားအင်အပြည့်နဲ့ ကြိုပြီးပြင်ဆင်ပါလို့ပြောချင်ပါတယ် အားလုံးကိုလည်း ဘေးအန္တရာယ်ကင်းစေချင်ပါတယ် အားလုံးပဲ စုစည်းမှုရှိရှိနဲ့ ကိုဗစ်ကို တိုက်ဖျက်ကြရအောင် လို့ ပြောချင်ပါတယ်လို့ အားပေးစကားပြောသွားခဲ့တာဖြစ်ပါတယ် ပရိသတ်ကြီးရေ
ဝိုင်းစုကတော့ ပွဲလမ်းသဘင်တွေလုံးဝရပ်နားထားရတဲ့အတွက် စီးပွားရေးထိခိုက်တဲ့အပြင် စိတ်ဓာတ်ပါကျနေမိတဲ့အကြောင်း ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ ယခုလက်ရှိ ကိုဗစ်ကာလကြီးအမြန်ဆုံးလွန်မြောက်ပါစေလို့လည်း ဆုတောင်းလိုက်ရပါတယ်နော်။