ကာခ်ဳပ္ကို မဖြယ္မရာေရးသားသည္ဟုဆိုကာ တရားစြဲခံထားရသည့္ ပန္ဆယ္လို အျပစ္မရွိ လြတ္ၿပီ
Zawgyi
ကာခ်ဳပ္ကို မဖြယ္မရာေရးသားသည္ဟုဆိုကာ တရားစြဲခံထားရသည့္ ပန္ဆယ္လို အျပစ္မရွိ လြတ္ၿပီ
၃ ႏွစ္ေက်ာ္ ရင္ဆိုင္ခဲ့ရျခင္းျဖစ္ကာ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာမ်ား ခံစားခဲ့ရဟုဆို…တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကို မဖြယ္မရာေရးသားသည္ဟုဆိုကာ ပုဒ္မ ၆၆ (ဃ) ျဖင့္ တရားစြဲဆိုခံထားရသည့္ အိပန္ဆယ္လို အေကာင့္ပိုင္ရွင္ ေဒၚအိမ့္ပိုးဥကို ဥပေဒႏွင့္ ၿငိစြန္းျခင္းမရွိဟုဆိုကာ
ယေန႔ ေအာက္တိုဘာလ ၁၂ ရက္ေန႔တြင္ တာေမြၿမိဳ႕နယ္တရား႐ုံးက အၿပီးအျပတ္လြတ္ေစအမိန္႔ခ်မွတ္လိုက္ေၾကာင္း သိရသည္။“တရား႐ုံးက တရားလို တရားၿပိဳင္အားလုံးစစ္ေဆးၿပီးတဲ့ေနာက္ ၆၆(ဃ)နဲ႔ ၿငိစြန္းျခင္းမရွိတဲ့အတြက္
အၿပီးအျပတ္လြတ္ေစ အမိန္႔ခ်မွတ္လိုက္ပါတယ္။ ဒီအမႈဟာ လြန္ခဲ့တဲ့(၃)ႏွစ္ ၂၀၁၇ ဒီဇင္ဘာလကတည္းက ရင္ဆိုင္ေနရတဲ့အမႈ ျဖစ္ပါတယ္။ ေထာက္ၾကန္႔က ျဖစ္စဥ္တစ္ခုနဲ႔ ပတ္သက္တဲ့ကိစၥကို ေရးသားလို႔ တရားစြဲဆိုခံရတာပါ။
တရားစြဲဆိုသူက စတင္အမႈဖြင့္ခ်ိန္က ေတာင္းပန္ရင္ ေက်ေအးေပးမယ္လို႔ ကမ္းလွမ္းခဲ့ပါတယ္။ ဒါေပမယ့္ ကိုယ့္ရဲ႕ ေရးသားခ်က္ေတြဟာ အမွန္တရားျဖစ္တဲ့အတြက္ မေတာင္းပန္ဘဲ တရားရင္ဆိုင္လာခဲ့တာ သုံးႏွစ္ဝန္းက်င္ရွိခဲ့ပါတယ္။
အခုေတာ့ ရလဒ္တစ္ခု ထြက္လာခဲ့ပါၿပီ။တရားစြဲဆိုခံရတာေတြ တရားရင္ဆိုင္ရတာေတြဟာ စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈေတြ၊ ႐ုပ္ပိုင္းဆိုင္ရာ ထိခိုက္မႈေတြ အမ်ားႀကီး ရွိပါတယ္။ စိတ္ပင္ပန္းရတာေတြ၊ ေဒါသထြက္ရတာေတြ၊ စိတ္မလုံၿခဳံမႈေတြ စသျဖင့္ ခံစားမႈေပါင္းစုံခဲ့ပါတယ္။
အမႈရင္ဆိုင္ေနစဥ္ ကာလအတြင္း အမႈနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြ၊ ခံစားခ်က္ေတြ၊ နာက်ည္းခ်က္ေတြ ဘာတစ္ခုမွ မေရးသားခဲ့ပါဘူး။ မ်ိဳသိပ္ပစ္ခဲ့တယ္။ တည္ၿငိမ္ပစ္ခဲ့တယ္။
ဒီသုံးႏွစ္တာကာလမွာ လိုအပ္တာထက္ပို ကိုယ္ရင့္က်က္ခဲ့ပါတယ္”ဟု ပန္ဆယ္လိုက ၎၏ လူမႈကြန္ယက္စာမ်က္ႏွာထက္တြင္ ေရးသားေျပာၾကားထားသည္။မဂၤလာဒုံ၊ ေထာက္ၾကန္႔လမ္းဆုံ၊ လမင္းသာ (၂) စားေသာက္ဆိုင္တြင္ဆရာေတာ္ ဦးဣႏၵက ႐ိုက္ႏွက္ခံရမႈႏွင့္ပတ္သက္၍
ေရးသားမႈ၊ ဦးဝီရသူကိုေရးသားမႈ၊ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို အၾကည္ညိဳပ်က္ေအာင္ ေရးသားမႈစသည့္စြပ္စြဲခ်က္မ်ားျဖင့္ ဦးေမာင္ေမာင္တာဆိုသူက တာေမြၿမိဳ႕နယ္ရဲစခန္းတြင္တိုင္ၾကားကာ တရားစြဲဆို၍ တာေမြၿမိဳ႕နယ္တရား႐ုံးတြင္ အမႈရင္ဆိုင္ခဲ့ျခင္းျဖစ္သည္။
“ကိုယ္ဟာ သူမ်ား စိတ္ဆင္းရဲေစတိုင္း စိတ္ဆင္းရဲခံမယ့္သူ မဟုတ္ဘူး။ ကိုယ္ဟာ သူမ်ားႏွိမ့္ခ်တိုင္း နိမ့္က်သြားမယ့္သူမဟုတ္ဘူး။ သူမ်ား ဖိႏွိပ္တိုင္း ပိျပားသြားမယ့္သူမဟုတ္ဘူး။ ဘယ္ရလဒ္ထြက္ထြက္ ေခါင္းေမာ့ ရင္ေကာ့ ရင္ဆိုင္မယ္။
ဘယ္သူ႔ကိုမွ ေအာက္မက်ိဳ႕ဘူး။ ဘယ္သူ႔ကိုမွ အရႈံးမေပးဘူး။ ဘယ္သူ႔ကိုမွ မခယဘူး။ ဒီမာနနဲ႔ ကိုယ္ျဖတ္သန္းခဲ့တယ္” ဟုပန္ဆယ္လိုက ထပ္မံေရးသားထားသည္။
Unicode
ကာချုပ်ကို မဖွယ်မရာရေးသားသည်ဟုဆိုကာ တရားစွဲခံထားရသည့် ပန်ဆယ်လို အပြစ်မရှိ လွတ်ပြီ
၃ နှစ်ကျော် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ကာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ခံစားခဲ့ရဟုဆို…တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို မဖွယ်မရာရေးသားသည်ဟုဆိုကာ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံထားရသည့် အိပန်ဆယ်လို အကောင့်ပိုင်ရှင် ဒေါ်အိမ့်ပိုးဥကို ဥပဒေနှင့် ငြိစွန်းခြင်းမရှိဟုဆိုကာ
ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့တွင် တာမွေမြို့နယ်တရားရုံးက အပြီးအပြတ်လွတ်စေအမိန့်ချမှတ်လိုက်ကြောင်း သိရသည်။“တရားရုံးက တရားလို တရားပြိုင်အားလုံးစစ်ဆေးပြီးတဲ့နောက် ၆၆(ဃ)နဲ့ ငြိစွန်းခြင်းမရှိတဲ့အတွက်
အပြီးအပြတ်လွတ်စေ အမိန့်ချမှတ်လိုက်ပါတယ်။ ဒီအမှုဟာ လွန်ခဲ့တဲ့(၃)နှစ် ၂၀၁၇ ဒီဇင်ဘာလကတည်းက ရင်ဆိုင်နေရတဲ့အမှု ဖြစ်ပါတယ်။ ထောက်ကြန့်က ဖြစ်စဉ်တစ်ခုနဲ့ ပတ်သက်တဲ့ကိစ္စကို ရေးသားလို့ တရားစွဲဆိုခံရတာပါ။
တရားစွဲဆိုသူက စတင်အမှုဖွင့်ချိန်က တောင်းပန်ရင် ကျေအေးပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ရေးသားချက်တွေဟာ အမှန်တရားဖြစ်တဲ့အတွက် မတောင်းပန်ဘဲ တရားရင်ဆိုင်လာခဲ့တာ သုံးနှစ်ဝန်းကျင်ရှိခဲ့ပါတယ်။
အခုတော့ ရလဒ်တစ်ခု ထွက်လာခဲ့ပါပြီ။တရားစွဲဆိုခံရတာတွေ တရားရင်ဆိုင်ရတာတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အများကြီး ရှိပါတယ်။ စိတ်ပင်ပန်းရတာတွေ၊ ဒေါသထွက်ရတာတွေ၊ စိတ်မလုံခြုံမှုတွေ စသဖြင့် ခံစားမှုပေါင်းစုံခဲ့ပါတယ်။
အမှုရင်ဆိုင်နေစဉ် ကာလအတွင်း အမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ခံစားချက်တွေ၊ နာကျည်းချက်တွေ ဘာတစ်ခုမှ မရေးသားခဲ့ပါဘူး။ မျိုသိပ်ပစ်ခဲ့တယ်။ တည်ငြိမ်ပစ်ခဲ့တယ်။
ဒီသုံးနှစ်တာကာလမှာ လိုအပ်တာထက်ပို ကိုယ်ရင့်ကျက်ခဲ့ပါတယ်”ဟု ပန်ဆယ်လိုက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာထက်တွင် ရေးသားပြောကြားထားသည်။မင်္ဂလာဒုံ၊ ထောက်ကြန့်လမ်းဆုံ၊ လမင်းသာ (၂) စားသောက်ဆိုင်တွင်ဆရာတော် ဦးဣန္ဒက ရိုက်နှက်ခံရမှုနှင့်ပတ်သက်၍
ရေးသားမှု၊ ဦးဝီရသူကိုရေးသားမှု၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အကြည်ညိုပျက်အောင် ရေးသားမှုစသည့်စွပ်စွဲချက်များဖြင့် ဦးမောင်မောင်တာဆိုသူက တာမွေမြို့နယ်ရဲစခန်းတွင်တိုင်ကြားကာ တရားစွဲဆို၍ တာမွေမြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
“ကိုယ်ဟာ သူများ စိတ်ဆင်းရဲစေတိုင်း စိတ်ဆင်းရဲခံမယ့်သူ မဟုတ်ဘူး။ ကိုယ်ဟာ သူများနှိမ့်ချတိုင်း နိမ့်ကျသွားမယ့်သူမဟုတ်ဘူး။ သူများ ဖိနှိပ်တိုင်း ပိပြားသွားမယ့်သူမဟုတ်ဘူး။ ဘယ်ရလဒ်ထွက်ထွက် ခေါင်းမော့ ရင်ကော့ ရင်ဆိုင်မယ်။
ဘယ်သူ့ကိုမှ အောက်မကျို့ဘူး။ ဘယ်သူ့ကိုမှ အရှုံးမပေးဘူး။ ဘယ်သူ့ကိုမှ မခယဘူး။ ဒီမာနနဲ့ ကိုယ်ဖြတ်သန်းခဲ့တယ်” ဟုပန်ဆယ်လိုက ထပ်မံရေးသားထားသည်။