ရပ္ကြက္ထဲ ပိုးေတြ႕တာနဲ႔ ကေလးငယ္ေတြနဲ႔ သက္ႀကီး႐ြယ္အိုေတြပါ ကင္းေစာင့္ေနရတဲ့ အျဖစ္

Zawgyi

ရပ္ကြက္ထဲ ပိုးေတြ႕တာနဲ႔ ကေလးငယ္ေတြနဲ႔ သက္ႀကီး႐ြယ္အိုေတြပါ ကင္းေစာင့္ေနရတဲ့ အျဖစ္

ကြၽန္ေတာ္တို႔ ရပ္ကြက္ထဲမွာလဲ Positive လူနာ တစ္ေယာက္ ေတြ႕လို႔ဆိုၿပီး တစ္အိမ္တစ္ေယာက္လမ္းထိပ္ ၂ ခုမွာ ကင္းေစာင့္ ရမယ္တဲ့။ရာအိမ္မႉးက အမိန႔္ထုတ္ထားပါတယ္။ ၆ ရက္ေန႔ ညထဲကစၿပီး အလွည့္က် ေစာင့္ၾကရ တယ္။

ေန႔ duty က မနက္ ၆ နာရီကေန ည ၆ နာရီထိ ေစာင့္ခိုင္းၿပီးေတာ့ည duty ကိုက်ေတာ့ ည ၆ နာရီ ကေန ည ၁၂ နာရီထိ ေစာင့္ခိုင္းပါ တယ္။ေစာင့္ရတဲ့ Duty ထဲမွာ ေတာ့ ရာအိမ္မႉးနဲ႔ ဆယ္အိမ္မႉးအိမ္ေတြက် မပါဘူးတဲ့။

တစ္အိမ္ကို တစ္ပတ္ကို၂ ႀကိမ္ ေစာင့္ရပါတယ္။ မေစာင့္ႏိုင္တဲ့ သူဆို အဌားေစာင့္ခ ၃၀၀၀ က်ပါတယ္။တစ္လကို ၂ ေသာင္းခြဲ ေလာက္ မရွိမဲ့ရွိမဲ့ထဲက ထြက္ေနမွာပါ။တကယ္တမ္းဆို P ေတြ႕တဲ့ အဘိုးႀကီးနဲ႔ သူ႔အိမ္ကလူေတြကို လဲ လာေခၚသြားၾကပါၿပီ။

အိမ္ကိုလဲခ်ိတ္ပိတ္ထားပါတယ္။ ဘာလို႔မ်ား ေစာင့္ခိုင္းေနရတာလဲလို႔ ေမးၾကည့္ေတာ့ တျခားလမ္းက လူေတြမကူးေအာင္လို႔တဲ့။ဒါဆို လမ္းထိပ္မွာ “ပိုးေတြ႕လူနာ ရွိပါသျဖင့္ ဝင္ေရာက္ခြင့္မျပဳ” လို႔ ဆိုင္းဘုတ္ေရးထားလိုက္ရင္ ၿပီးေရာ မဟုတ္လားဆိုေတာ့ အထက္ကို မေျပာရေသးလို႔တဲ့။

ဘယ္အထက္က ပုဂၢိဳလ္ကို ေမးေနလဲ ေတာ့ မသိ။ဟိုေန႔ကဆို ကေလး ၂ေယာက္နဲ႔ အဘႀကီးတစ္ေယာက္နဲ႔ ကင္းထိုင္ေစာင့္ေနရတယ္။ အိမ္မွာ လူခြဲမရွိလို႔တဲ့။ကေလးေလးက အစ္ကိုက ၁၁ ႏွစ္ေက်ာ္ပဲရွိေသးတယ္။ ညီက ၁၀ ႏွစ္ေတာင္ မျပည့္ေသးပါ။

သက္ႀကီး႐ြယ္အိုေတြနဲ႔ ကေလးငယ္ေတြကို ခုလိုေစာင့္ခိုင္းေစတာ risk အရမ္းမ်ားပါတယ္?မနီးမေဝးကရပ္ကြက္အဝင္ဝမွာလဲ ေစာင့္တဲ့ဂိတ္ တစ္ခုက ရွိၿပီးသားပါ။ အဲ့ဂိတ္မွာေစာင့္ဖို႔ကိုလဲ တစ္အိမ္ကို တစ္လ တစ္ေထာင္ ေကာက္ခံပါ တယ္။

အေစာင့္ရွိေနၿပီးသားကိုေတာင္ လမ္းလယ္ေခါင္မွာ တစ္ေနကုန္ ထိုင္ေစာင့္ခိုင္းေစတာကိုေတာ့အေတာ့္ကို စိတ္ပ်က္မိပါတယ္။အၿမဲမေစာင့္ရဘူးလို႔ ေျပာေပမယ့္ ဘယ္ေန႔ထိ ေစာင့္ရမလဲဆိုတာကိုေတာ့ ခုထိ မသိရပါဘူး။

အားလုံးရဲ႕ အျမင္နဲ႔ အႀကံဉာဏ္ကိုလဲ ၾကားပါရေစ။တျခား Positive လူနာေတြ႕တဲ့လမ္းေတြမွာ ေရာ လမ္းထိပ္မွာ ခုလို ထြက္ေစာင့္ေနၾကရတာပဲလား သိခ်င္လို႔ပါ။Thein Mg

Unicode

ရပ်ကွက်ထဲ ပိုးတွေ့တာနဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပါ ကင်းစောင့်နေရတဲ့ အဖြစ်

ကျွန်တော်တို့ ရပ်ကွက်ထဲမှာလဲ Positive လူနာ တစ်ယောက် တွေ့လို့ဆိုပြီး တစ်အိမ်တစ်ယောက်လမ်းထိပ် ၂ ခုမှာ ကင်းစောင့် ရမယ်တဲ့။ရာအိမ်မှူးက အမိန့်ထုတ်ထားပါတယ်။ ၆ ရက်နေ့ ညထဲကစပြီး အလှည့်ကျ စောင့်ကြရ တယ်။

နေ့ duty က မနက် ၆ နာရီကနေ ည ၆ နာရီထိ စောင့်ခိုင်းပြီးတော့ည duty ကိုကျတော့ ည ၆ နာရီ ကနေ ည ၁၂ နာရီထိ စောင့်ခိုင်းပါ တယ်။စောင့်ရတဲ့ Duty ထဲမှာ တော့ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးအိမ်တွေကျ မပါဘူးတဲ့။

တစ်အိမ်ကို တစ်ပတ်ကို၂ ကြိမ် စောင့်ရပါတယ်။ မစောင့်နိုင်တဲ့ သူဆို အဌားစောင့်ခ ၃၀၀၀ ကျပါတယ်။တစ်လကို ၂ သောင်းခွဲ လောက် မရှိမဲ့ရှိမဲ့ထဲက ထွက်နေမှာပါ။တကယ်တမ်းဆို P တွေ့တဲ့ အဘိုးကြီးနဲ့ သူ့အိမ်ကလူတွေကို လဲ လာခေါ်သွားကြပါပြီ။

အိမ်ကိုလဲချိတ်ပိတ်ထားပါတယ်။ ဘာလို့များ စောင့်ခိုင်းနေရတာလဲလို့ မေးကြည့်တော့ တခြားလမ်းက လူတွေမကူးအောင်လို့တဲ့။ဒါဆို လမ်းထိပ်မှာ “ပိုးတွေ့လူနာ ရှိပါသဖြင့် ဝင်ရောက်ခွင့်မပြု” လို့ ဆိုင်းဘုတ်ရေးထားလိုက်ရင် ပြီးရော မဟုတ်လားဆိုတော့ အထက်ကို မပြောရသေးလို့တဲ့။

ဘယ်အထက်က ပုဂ္ဂိုလ်ကို မေးနေလဲ တော့ မသိ။ဟိုနေ့ကဆို ကလေး ၂ယောက်နဲ့ အဘကြီးတစ်ယောက်နဲ့ ကင်းထိုင်စောင့်နေရတယ်။ အိမ်မှာ လူခွဲမရှိလို့တဲ့။ကလေးလေးက အစ်ကိုက ၁၁ နှစ်ကျော်ပဲရှိသေးတယ်။ ညီက ၁၀ နှစ်တောင် မပြည့်သေးပါ။

သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို ခုလိုစောင့်ခိုင်းစေတာ risk အရမ်းများပါတယ်?မနီးမဝေးကရပ်ကွက်အဝင်ဝမှာလဲ စောင့်တဲ့ဂိတ် တစ်ခုက ရှိပြီးသားပါ။ အဲ့ဂိတ်မှာစောင့်ဖို့ကိုလဲ တစ်အိမ်ကို တစ်လ တစ်ထောင် ကောက်ခံပါ တယ်။

အစောင့်ရှိနေပြီးသားကိုတောင် လမ်းလယ်ခေါင်မှာ တစ်နေကုန် ထိုင်စောင့်ခိုင်းစေတာကိုတော့အတော့်ကို စိတ်ပျက်မိပါတယ်။အမြဲမစောင့်ရဘူးလို့ ပြောပေမယ့် ဘယ်နေ့ထိ စောင့်ရမလဲဆိုတာကိုတော့ ခုထိ မသိရပါဘူး။

အားလုံးရဲ့ အမြင်နဲ့ အကြံဉာဏ်ကိုလဲ ကြားပါရစေ။တခြား Positive လူနာတွေ့တဲ့လမ်းတွေမှာ ရော လမ်းထိပ်မှာ ခုလို ထွက်စောင့်နေကြရတာပဲလား သိချင်လို့ပါ။Thein Mg