
Zawgyi










Unicode

အလုပ် မရှိတုန်းကလည်း နှိမ်ကြတဲ့အပြင် အလုပ်လုပ်တော့လည်း အမျိုးမျိုးနှောက်ယှက်ကြတာကြောင့် စိတ်ဓာတ်ကျနေပြီလို့ ရင်ဖွင့်လာတဲ့ ထက်ထက်မိုးဦး

ပရိတ်သတ်ကြီးရေ တစ်ခေတ်တစ်ခါက အောင်မြင်ကျော် ကြားခဲ့တဲ့ မင်းသမီးချော ထက်ထက်မိုးဦး ကိုပရိတ်ကြီးသိကြမှာပါ။တစ်ခေတ်တစ်ခါထဲကနာမည်တစ်လုံးနဲ့ရပ်တည်လာခဲ့တဲ့ ထက်ထက်မိုးဦး ဟာဆိုရင်တော့ယနေ့ထက်တိုင် အောင်အောင်မြင်မြင် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ထက်ထက်မိုးဦးက အသက်အရွယ်တစ်ခု ရောက်ရှိလာချိန်မှာတော့ ကျန်းမာရေး ချူချာလာပြီး မကြာခဏဆိုသလို ဆေးရုံဆေးခန်း တက်ရောက်ခဲ့ရပြီး အရင်ကလောက် အနုပညာအလုပ်တွေကို မလုပ်ကိုင်နိုင်တော့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ထက်ထက်မိုးဦးက အနုပညာအလုပ်တွေကို အရင်အတိုင်း ပြန်လည်လုပ်ကိုင်နေပြီး အွန်လိုင်းကနေ ဈေးရောင်းချပေးခြင်း ကိုလည်း ပြုလုပ်နေလျက် ရှိပါတယ်။

ဒီကနေ့မှာတော့ ထက်ထက်မိုးဦးက သူမရဲ့ ရပ်တည်မှုနဲ့ ပက်သတ်ပြီး အမျိုးမျိုးဝေဖန်နှောက်ယှက်ကြသူတွေကြောင့် စိတ်ဓာတ်ကျနေရပြီဖြစ်ကြောင်း “ဘာမှမလုပ်တော့လည်း အလုပ်မရှိဘူး ဆိုပြီးနှိမ်ကြတယ်။

အလုပ်တွေလုပ်ပြန်တော့လည်း စိတ်ဓာတ်ကျအောင်နှောက်ယှက်ကြတယ်။ ဘာမှကိုမလုပ်ချင်လောက်အောင်ထိ စိတ်ဓာတ် ကျမိတယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရင်ဖွင့်ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

ထက်ထက်မိုးဦးကတော့ ဖခင်ကွယ်လွန်ပြီးသွားတဲ့ အချိန်မှာ အရင်ကထက် အလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့ပေမယ့် မနာလိုဝေဖန်သူတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရကြောင်းကို ရင်ဖွင့်ပြောပြလာတာပဲ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ထက်ထက်ကိုချစ်တဲ့ ပရိသတ်တွေက အများကြီးရှိတာမို့ ထက်ထက်တစ်ယောက် လုပ်စရာရှိတဲ့အလုပ်တွေကို ဆက်လက် လုပ်ကိုင်နိုင်ပါစေနော်။

ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။Source: Htet Htet Moe Oo’s fb