Q ဝင္ေနစဥ္မွာ ခ်စ္သူေကာင္မေလးႏွင့္ ခ်ိန္းေတြေသာသူကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ပုဒ္မျဖင့္ အေရးယူခဲ့
Zawgyi
Q ဝင္ေနစဥ္မွာ ခ်စ္သူေကာင္မေလးႏွင့္ ခ်ိန္းေတြေသာသူကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ပုဒ္မျဖင့္ အေရးယူခဲ့ၿပီ
မေကြးတိုင္း ေခ်ာက္ၿမိဳ႕ ေအးေစတီရပ္ကြက္ရွိ မဟာသာစည္ရိပ္သာ Q စင္တာတြင္ Q ဝင္ေနေသာ အသက္ ၃၆ ႏွစ္အမ်ိဳးသားသည္ စင္တာျပင္ပထြက္ကာ ၎၏ ရည္းစားႏွင့္ခ်ိန္းေတြ႕ခဲ့သျဖင့္ ေအာက္တိုဘာ ၁၂ ရက္ေန႔က
အမႈဖြင့္အေရးယူခဲ့သည္ဟု ေခ်ာက္ၿမိဳ႕နယ္ ဒုၿမိဳ႕နယ္အေထြေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးေအာင္မ်ိဳးလင္းက ေျပာဆိုသည္။ “ေအာက္တိုဘာ ၁၁ ရက္ကမွ Q ဝင္တာ။ Q ဝင္ေနတဲ့သူကသူ႔ခ်စ္သူကိုေတြ႕ ဖို႔လိုက္တယ္။ ေတြ႕ခ်င္လို႔ေခၚတာမွန္ေပမယ့္
ကန႔္သတ္ထားတဲ့ဧရိယာထက္ေက်ာ္လြန္ၿပီး အျပင္ကိုထြက္တယ္။ ေစာင့္ၾကည့္ေရးအဖြဲ႕က ျမင္ၿပီးတိုင္လို႔ အေရးယူခဲ့တာ”ဟု ၎ကရွင္းျပသည္။ ရန္ကုန္ၿမိဳ႕ေတာ္မွျပန္လာၿပီး ေခ်ာက္ၿမိဳ႕ ဗဟိုကြက္သစ္ရပ္ေနယာဥ္ေမာင္းသန္းျမင့္ထြန္းသည္
ေအာက္တိုဘာ ၁၁ ရက္ေန႔တြင္ ၿမိဳ႕နယ္ ကိုဗစ္-၁၉ ေကာ္မတီကစီစဥ္ထားေသာ Q စင္တာတြင္ Q ဝင္ခဲ့ကာ စဝင္သည့္ေန႔ ည ၉ နာရီခြဲအခ်ိန္ခန႔္တြင္ စင္တာအျပင္ထြက္၍ ၎၏ရည္းစားႏွင့္ခ်ိန္းေတြ႕သည့္အတြက္အေရးယူခံရျခင္းျဖစ္သည္။
ကိုဗစ္-၁၉ ေရာဂါ ရွိ၊မရွိသိရွိႏိုင္ရန္ ကန႔္သတ္ထားရွိရာေနရာမွ ျပင္ပသို႔ဝင္ထြက္သြားလာခဲ့သူ ယာဥ္ေမာင္း သန္းျမင့္ထြန္း ၃၆ ႏွစ္ကို အေရးယူေပးရန္ ေခ်ာက္ၿမိဳ႕နယ္ သဘာဝေဘးအႏၲရယ္စီမံခန႔္ခြဲမႈဦးစီးအရာရွိ ဦးေစာျမေဖာင္းက
တရားလိုျပဳလုပ္ကာ တိုင္ၾကားခဲ့သည္ဟု ေခ်ာက္ၿမိဳ႕မရဲစခန္းထံမွ သိရသည္။ ထိုျဖစ္စဥ္ေၾကာင့္ ေခ်ာက္ၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ေအာက္တိုဘာ ၁၂ ရက္ေန႔နံနက္ပိုင္းတြင္ ယင္းအမ်ိဳးသားကို RDT အျမန္စစ္ Test Kitျဖင့္
စစ္ေဆးခဲ့ရာ ပိုးမေတြ႕သျဖင့္ သက္ဆိုင္ရာဌာနသို႔ လႊဲေျပာင္းေပးခဲ့သည္ဟု ေခ်ာက္ၿမိဳ႕နယ္ဆရာဝန္ႀကီးေဒါက္တာမ်ိဳးသက္ဦးကေျပာဆိုသည္။ထို႔ေၾကာင့္ Q စင္တာမွ ျပင္ပထြက္သူ
သန္းျမင့္ထြန္းကို ေခ်ာက္ၿမိဳ႕မရဲစခန္းမွ (ပ) ၂၃၁/၂၀၂၀၊ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ဥပေဒပုဒ္မ ၂၅ ျဖင့္ အမႈဖြင့္ဖမ္းဆီးထားသည္ဟု ယင္းစခန္းထံမွ ထပ္မံသိရသည္။ ခရက္ဒစ္
Unicode
Q ဝင်နေစဉ်မှာ ချစ်သူကောင်မလေးနှင့် ချိန်းတွေသောသူကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မဖြင့် အရေးယူခဲ့ပြီ
မကွေးတိုင်း ချောက်မြို့ အေးစေတီရပ်ကွက်ရှိ မဟာသာစည်ရိပ်သာ Q စင်တာတွင် Q ဝင်နေသော အသက် ၃၆ နှစ်အမျိုးသားသည် စင်တာပြင်ပထွက်ကာ ၎င်း၏ ရည်းစားနှင့်ချိန်းတွေ့ခဲ့သဖြင့် အောက်တိုဘာ ၁၂ ရက်နေ့က
အမှုဖွင့်အရေးယူခဲ့သည်ဟု ချောက်မြို့နယ် ဒုမြို့နယ်အထွေထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်မျိုးလင်းက ပြောဆိုသည်။ “အောက်တိုဘာ ၁၁ ရက်ကမှ Q ဝင်တာ။ Q ဝင်နေတဲ့သူကသူ့ချစ်သူကိုတွေ့ ဖို့လိုက်တယ်။ တွေ့ချင်လို့ခေါ်တာမှန်ပေမယ့်
ကန့်သတ်ထားတဲ့ဧရိယာထက်ကျော်လွန်ပြီး အပြင်ကိုထွက်တယ်။ စောင့်ကြည့်ရေးအဖွဲ့က မြင်ပြီးတိုင်လို့ အရေးယူခဲ့တာ”ဟု ၎င်းကရှင်းပြသည်။ ရန်ကုန်မြို့တော်မှပြန်လာပြီး ချောက်မြို့ ဗဟိုကွက်သစ်ရပ်နေယာဉ်မောင်းသန်းမြင့်ထွန်းသည်
အောက်တိုဘာ ၁၁ ရက်နေ့တွင် မြို့နယ် ကိုဗစ်-၁၉ ကော်မတီကစီစဉ်ထားသော Q စင်တာတွင် Q ဝင်ခဲ့ကာ စဝင်သည့်နေ့ ည ၉ နာရီခွဲအချိန်ခန့်တွင် စင်တာအပြင်ထွက်၍ ၎င်း၏ရည်းစားနှင့်ချိန်းတွေ့သည့်အတွက်အရေးယူခံရခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ ရှိ၊မရှိသိရှိနိုင်ရန် ကန့်သတ်ထားရှိရာနေရာမှ ပြင်ပသို့ဝင်ထွက်သွားလာခဲ့သူ ယာဉ်မောင်း သန်းမြင့်ထွန်း ၃၆ နှစ်ကို အရေးယူပေးရန် ချောက်မြို့နယ် သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှုဦးစီးအရာရှိ ဦးစောမြဖောင်းက
တရားလိုပြုလုပ်ကာ တိုင်ကြားခဲ့သည်ဟု ချောက်မြို့မရဲစခန်းထံမှ သိရသည်။ ထိုဖြစ်စဉ်ကြောင့် ချောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အောက်တိုဘာ ၁၂ ရက်နေ့နံနက်ပိုင်းတွင် ယင်းအမျိုးသားကို RDT အမြန်စစ် Test Kitဖြင့်
စစ်ဆေးခဲ့ရာ ပိုးမတွေ့သဖြင့် သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးခဲ့သည်ဟု ချောက်မြို့နယ်ဆရာဝန်ကြီးဒေါက်တာမျိုးသက်ဦးကပြောဆိုသည်။ထို့ကြောင့် Q စင်တာမှ ပြင်ပထွက်သူ
သန်းမြင့်ထွန်းကို ချောက်မြို့မရဲစခန်းမှ (ပ) ၂၃၁/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ဖမ်းဆီးထားသည်ဟု ယင်းစခန်းထံမှ ထပ်မံသိရသည်။ ခရက်ဒစ်