အိမ္သာထဲကေန ေရမေဆးဘဲ ထြက္လာတဲ့ ခင္လႈိင္ရဲ႕ အျဖစ္အပ်က္ေလးကို ေျပာျပလာတဲ့ သမီးျဖစ္သူ သဇင္ထူးျမင့္
Zawgyi
အိမ္သာထဲကေန ေရမေဆးဘဲ ထြက္လာတဲ့ ခင္လႈိင္ရဲ႕ အျဖစ္အပ်က္ေလးကို ေျပာျပလာတဲ့ သမီးျဖစ္သူ သဇင္ထူးျမင့္
အခုလက္ရွိ နာမည္ႀကီးေနတဲ့ေမာ္ဒယ္သ႐ုပ္ေဆာင္ေတြထဲမွာ ဟာသသ႐ုပ္ေဆာင္ခင္လႈိင္ရဲ႕သမီးေခ်ာ သဇင္ထူးျမင့္လည္း အပါအဝင္ပဲျဖစ္ပါတယ္။ဦးခင္လႈိင္ရဲ႕ ဇနီးအန္တီငယ္ကေတာ့ အေနေအးၿပီး လိမၼာေရးျခားရွိတဲ့သမီးေလးရလာပုံကိုအခုလိုပဲ မီဒီယာေတြကိုေျပာျပခဲ့ပါတယ္။
“သူ႔ကိုေလ အန္တီငယ္တို႔ကမိန္းကေလးလိုခ်င္တာေလ အန္တီငယ္တို႔အေဖက သား၂ေယာက္ေမြးထားၿပီၿပီဆိုေတာ့ ေနာက္တစ္ခါေယာက္်ားေလးေမြးရင္ ဘုန္းႀကီးဝတ္မယ္ဆိုတာေတြပါျဖစ္ကုန္တာ
အန္တီငယ္က ကေလးေမြးရင္ သိရေအာင္ အက္ထရာေဆာင္းေတြမ႐ိုက္ဘူး ကိုယ့္ဘာသာကိုယ္လိုခ်င္တာကို ဘုရားမွာဆုေတာင္းတာဆိုေတာ့ သမီးေလးက်ေတာ့ ဘုံေက်ာင္းေတြလိုက္ဆုေတာင္းတာ
အဲ့တာေၾကာင့္ ေမြးလာေတာ့ ဒီလိုေလးထြက္လာတာ ထင္ပါတယ္ အဲ့တုန္းက ႐ူးတာကိုး” လို႔ သဲသဲကိုကိုယ္ဝန္ေဆာင္တုန္းကအေၾကာင္းကို ေျပာျပခဲ့ပါတယ္။သဇင္ထူးျမင့္ကိုေမြးခ်ိန္ အေဖျဖစ္သူ ဦးခင္လႈိင္ဝမ္းသာလုံးစို႔ၿပီး ႀကဳံခဲ့ရတဲ့အမွတ္တရေလးကလည္း ရယ္ရခက္ ငိုရခက္ရပါပဲ။
”ေဖေဖဆိုရင္ ပဲခူးမွာပြဲကေနတာ အေမက မိန္းကေလးေမြးတယ္လည္းဆိုေတာ့ အိမ္သာကေန ေရမေဆးဘဲထြက္လာတာ ပဲခူးကေနရန္ကုန္ေရာက္လာတယ္ ေမ့သြားတာတဲ့ေလ” လို႔ သဇင္ထူးျမင့္က ဖခင္ႀကဳံခဲ့ရတာကို ဟာသအေနနဲ႔ျပန္ေျပာျပခဲ့သလို
အန္တီငယ္ကလည္း“တစ္ပိုင္းတည္းေနတဲ့ မန္ေနဂ်ာဦးေဆြက ေဖေဖ ေယာကၡမႀကီးလို႔ေခၚလိုက္တာနဲ႔ မိန္းကေလးေမြးၿပီဆိုၿပီး သူတကယ္ေမ့ၿပီး အဲ့အတိုင္းေရာက္လာတာတဲ့” လို႔ ဆိုခဲ့ပါတယ္။
အန္တီငယ္ကေတာ့ သမီးငယ္ေလးအေၾကာင္းကို“သဲေလးကသိပ္ကံေကာင္းတယ္ သူ႔ကိုေဆး႐ုံမွာေမြးေတာ့ ပိုက္ဆံရွင္းၿပီးၿပီဆိုေတာ့ ဘယ္သူေတြရွင္းသြားတာေပါ့ေနာ္ ပြဲငွားတဲ့လူေတြက ကေလးကိုခ်စ္လို႔ရွင္းသြားတာတဲ့ သူကလည္း ၁၁ေပါင္ဆိုေတာ့ ခ်စ္စရာႀကီးျဖစ္ေနတာေပါ့” လို႔ ဂုဏ္ယူစြာေျပာဆိုခဲ့ပါတယ္။
သဇင္ထူးျမင့္ေလးကေတာ့ မိဘေတြရဲ႕အခ်စ္တင္မကပါဘူး။ အခုဆိုပရိသတ္အားလုံးရဲ႕အခ်စ္ကို သိမ္းပိုက္ထားတဲ့ ခ်စ္စရာေကာင္မေလးျဖစ္လို႔ေနၿပီပဲျဖစ္ပါတယ္။ သူ႔ရဲ႕အႏုပညာလႈပ္ရွားမႈေတြကိုလည္း မၾကာမၾကာေတြ႕ေနရမွာေပါ့ ေနာက္ကိုလည္း ထြန္းေတာက္ဦးမယ့္ ၾကယ္ပြင့္တစ္ပြင့္လို႔ ဆိုရမွာပါပဲ။
Unicode
အိမ်သာထဲကနေ ရေမဆေးဘဲ ထွက်လာတဲ့ ခင်လှိုင်ရဲ့ အဖြစ်အပျက်လေးကို ပြောပြလာတဲ့ သမီးဖြစ်သူ သဇင်ထူးမြင့်
အခုလက်ရှိ နာမည်ကြီးနေတဲ့မော်ဒယ်သရုပ်ဆောင်တွေထဲမှာ ဟာသသရုပ်ဆောင်ခင်လှိုင်ရဲ့သမီးချော သဇင်ထူးမြင့်လည်း အပါအဝင်ပဲဖြစ်ပါတယ်။ဦးခင်လှိုင်ရဲ့ ဇနီးအန်တီငယ်ကတော့ အနေအေးပြီး လိမ္မာရေးခြားရှိတဲ့သမီးလေးရလာပုံကိုအခုလိုပဲ မီဒီယာတွေကိုပြောပြခဲ့ပါတယ်။
“သူ့ကိုလေ အန်တီငယ်တို့ကမိန်းကလေးလိုချင်တာလေ အန်တီငယ်တို့အဖေက သား၂ယောက်မွေးထားပြီပြီဆိုတော့ နောက်တစ်ခါယောက်ျားလေးမွေးရင် ဘုန်းကြီးဝတ်မယ်ဆိုတာတွေပါဖြစ်ကုန်တာ
အန်တီငယ်က ကလေးမွေးရင် သိရအောင် အက်ထရာဆောင်းတွေမရိုက်ဘူး ကိုယ့်ဘာသာကိုယ်လိုချင်တာကို ဘုရားမှာဆုတောင်းတာဆိုတော့ သမီးလေးကျတော့ ဘုံကျောင်းတွေလိုက်ဆုတောင်းတာ
အဲ့တာကြောင့် မွေးလာတော့ ဒီလိုလေးထွက်လာတာ ထင်ပါတယ် အဲ့တုန်းက ရူးတာကိုး” လို့ သဲသဲကိုကိုယ်ဝန်ဆောင်တုန်းကအကြောင်းကို ပြောပြခဲ့ပါတယ်။သဇင်ထူးမြင့်ကိုမွေးချိန် အဖေဖြစ်သူ ဦးခင်လှိုင်ဝမ်းသာလုံးစို့ပြီး ကြုံခဲ့ရတဲ့အမှတ်တရလေးကလည်း ရယ်ရခက် ငိုရခက်ရပါပဲ။
”ဖေဖေဆိုရင် ပဲခူးမှာပွဲကနေတာ အမေက မိန်းကလေးမွေးတယ်လည်းဆိုတော့ အိမ်သာကနေ ရေမဆေးဘဲထွက်လာတာ ပဲခူးကနေရန်ကုန်ရောက်လာတယ် မေ့သွားတာတဲ့လေ” လို့ သဇင်ထူးမြင့်က ဖခင်ကြုံခဲ့ရတာကို ဟာသအနေနဲ့ပြန်ပြောပြခဲ့သလို
အန်တီငယ်ကလည်း“တစ်ပိုင်းတည်းနေတဲ့ မန်နေဂျာဦးဆွေက ဖေဖေ ယောက္ခမကြီးလို့ခေါ်လိုက်တာနဲ့ မိန်းကလေးမွေးပြီဆိုပြီး သူတကယ်မေ့ပြီး အဲ့အတိုင်းရောက်လာတာတဲ့” လို့ ဆိုခဲ့ပါတယ်။
အန်တီငယ်ကတော့ သမီးငယ်လေးအကြောင်းကို“သဲလေးကသိပ်ကံကောင်းတယ် သူ့ကိုဆေးရုံမှာမွေးတော့ ပိုက်ဆံရှင်းပြီးပြီဆိုတော့ ဘယ်သူတွေရှင်းသွားတာပေါ့နော် ပွဲငှားတဲ့လူတွေက ကလေးကိုချစ်လို့ရှင်းသွားတာတဲ့ သူကလည်း ၁၁ပေါင်ဆိုတော့ ချစ်စရာကြီးဖြစ်နေတာပေါ့” လို့ ဂုဏ်ယူစွာပြောဆိုခဲ့ပါတယ်။
သဇင်ထူးမြင့်လေးကတော့ မိဘတွေရဲ့အချစ်တင်မကပါဘူး။ အခုဆိုပရိသတ်အားလုံးရဲ့အချစ်ကို သိမ်းပိုက်ထားတဲ့ ချစ်စရာကောင်မလေးဖြစ်လို့နေပြီပဲဖြစ်ပါတယ်။ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကိုလည်း မကြာမကြာတွေ့နေရမှာပေါ့ နောက်ကိုလည်း ထွန်းတောက်ဦးမယ့် ကြယ်ပွင့်တစ်ပွင့်လို့ ဆိုရမှာပါပဲ။