တစ္ႏွစ္မွာ တစ္ရက္သာေပၚၿပီး ျမန္မာႏိုင္ငံမွာသာရွိတဲ့ နတ္ေတြခင္းတဲ့ လမ္း
Zawgyi
တစ္ႏွစ္မွာ တစ္ရက္သာေပၚၿပီး ျမန္မာႏိုင္ငံမွာသာရွိတဲ့ နတ္ေတြခင္းတဲ့ လမ္း
ဒီလမ္းေလးဟာ တစ္ႏွစ္မွာ တစ္ရက္ တစ္ရက္မွာ တစ္ႀကိမ္ တစ္ႀကိမ္မွာ ေလးနာရီေလာက္သာ ေပၚေသာလမ္းေလးဘဲ ျဖစ္ပါတယ္။ေဒသခံေတြရဲ႕ ေျပာၾကားခ်က္အရေတာ့ ဒီလမ္းဟာ နတ္ေတြခင္းတဲ့လမ္း ဟုလည္း သိခဲ့ရပါတယ္။
ကမာၻမွာ ကိုရီးယားႏွင့္ ျမန္မာႏိုင္ငံမွာသာရွိေသာ လမ္းဘဲျဖစ္ပါတယ္။ႏွစ္စဥ္ တန္ေဆာင္မုန္းလျပည့္ေက်ာ္ (၃)ရက္မွာ လမ္းအျပည့္ေပၚလာေသာလမ္းပါ။ကမာၻမွာ ကိုရီးယားႏွင့္ ျမန္မာႏွစ္ႏိုင္ငံသာ ရွိေသာပင္လယ္တြင္းလမ္းဘဲျဖစ္ပါတယ္။
(ကိုရီးယားမွာလည္း တစ္ရက္သာေပၚသည္။သို႔ေသာ္ ေပၚသည့္ရက္ခ်င္း မတူပါ။)စာေရးသူတို႔ဟာ ဒီလမ္းကိုေလွ်ာက္ရဖိုရန္ တန္ေဆာင္မုန္းလျပည့္ေက်ာ္ (၂)ရက္ေန႔ ည (၁ဝ:ဝဝ) နာရီအခ်ိန္တြင္ ေမာ္လၿမိဳင္မွထြက္ခဲ့ၿပီး ဒီလမ္းတည္ရွိရာ
ပင္လယ္ကမ္းေျခသို႔ တန္ေဆာင္မုန္းလျပည့္ေက်ာ္(၃)ရက္ေန႔မနက္ (၁၂:၂ဝ) အခ်ိန္ဝန္းက်င္ခန္႔ ေရာက္ရွိခဲ့တာပါေနာ္။(၂)ရက္ေန႔ည တစ္ညလုံး မအိပ္ဘဲ ကမ္းေျခတြင္လမ္းေလွ်ာက္ ထိုင္နားၿပီး ဒီေရအက်ကို တစ္ညလုံးေစာင့္လို႔ (၃)ရက္ေန႔ မနက္ (၄:ဝဝ) အခ်ိန္တြင္ ဒီေရစက်ခဲ့ပါတယ္။
ထိုအခ်ိန္မွစ၍ အနယ္နယ္အရပ္ရပ္မွ ဘုရားဖူးေရာက္လာၾကကုန္ေသာ တစ္သိန္းေက်ာ္ေသာ ဘုရားဖူးတို႔ဟာနတ္တို႔ခင္းထားသည္ဆိုေသာ လမ္းကိုစ၍ ကူးၾကပါတယ္။လမ္းအားလုံးေပၚခ်ိန္ဟာနံနက္ (၆:ဝဝ) နာရီ ဝန္းက်င္ျဖစ္ၿပီးေတာ့
ထိုအခ်ိန္မွာ လမ္းအလုံးစုံ ေပၚတယ္လို႔ သိရပါတယ္။ထိုလမ္းဟာ ကြန္ကရစ္ခင္းထားျခင္းမ်ိဳးလည္းမဟုတ္ဘဲ တံတားထိုးထားျခင္းလည္း မဟုတ္ပါ။ပင္လယ္ကမ္းေျခမွ (၃)ဖာလုံခန္႔ ေဝးေသာေနရာမွစ၍ ေစတီတည္ရွိရာကြၽန္းအထိ
အလုံးစုံ ေက်ာက္စရစ္ခဲ အ႐ြယ္စုံတို႔ျဖင့္ခင္းထားျခင္းျဖစ္ၿပီး ဒီေရ အတက္အက်ျဖစ္တိုင္းထိုေက်ာက္စရစ္ခဲမ်ားမွာ ပင္လယ္ၾကမ္းျပင္သို႔ ေမ်ာပါသြားျခင္းမရွိဘဲနဲ႔ကမ္းေျခႏွင့္ သုံးဖာလုံခန္႔အကြာအေဝးမွ စ၍ ေရလယ္ကြၽန္း ဘုရားရွိရာထိတည္ရွိေနျခင္းပင္ျဖစ္ပါတယ္။
ေန႔စဥ္ လစဥ္ ရက္စဥ္ ဒီေရအတက္အက်ရွိေသာ္လည္း လမ္းဟာ ယခုကဲ့သို႔ မေပၚပါ။ ႏွစ္စဥ္ တန္ေဆာင္မုန္းလျပည့္ေက်ာ္ (၃)ရက္ေန႔မွသာ တစ္လမ္းလုံး အျပည့္ေပၚလာျခင္းပင္ျဖစ္တယ္ သိရပါတယ္။
ေပၚသည့္အခ်ိန္ဟာလည္း ေလးနာရီခန္႔သာ ျဖစ္ၿပီးထိုေန႔ (တန္ေဆာင္မုန္းလျပည့္ေက်ာ္ ၃ရက္) ေန႔တစ္ေန႔သာ ေပၚျခင္းျဖစ္ပါတယ္။ထိုေန႔တြင္ ျမန္မာႏိုင္ငံ အႏွံ႔အျပားမွ ဘုရားဖူးမ်ား , လာေရာက္ေလ့လာသူ သုေတသီမ်ား တစ္သိန္းခြဲေက်ာ္ခန္႔ျဖင့္
အလြန္ပင္စည္းကားလွပါတယ္။လမ္းေလးကေတာ့ ေမာ္လၿမိဳင္မွ သံျဖဴဇရပ္သို႔ ေမာ္လၿမိဳင္ က်ိဳကၡမီလမ္းမႀကီးအတိုင္း ကားစီးၿပီး သံျဖဴဇရပ္ေရာက္သည့္အခါၿမိဳ႕လယ္အဝိုင္းကိုပတ္၍ ကမာၻေက်ာ္ သမိုင္းဝင္ ေသမင္းတမန္ မီးရထားလမ္း
လမ္းခြဲေရာက္သည့္အခါပငေက်း႐ြာ ဘက္သို႔ ခ်ိဳးေကြ႕ဝင္သြားရၿပီး ပငေက်း႐ြာ လြန္လွ်င္ က႐ုပၸိ စံျပေက်း႐ြာ သို႔ ေရာက္ရွိပါမည္ထို က႐ုပၸိ စံျပေက်း႐ြာ ႐ြာလမ္းအတိုင္း ဝင္ၿပီး ထို႐ြာမွထြက္လွ်င္ ဆားလုပ္ငန္း (ဆားကြင္း) မ်ား ေတြ႕ရွိရမည္ ျဖစ္ပါတယ္။
ထို (ဆားကြင္း) မ်ားကို အနည္းငယ္ေက်ာ္ျဖတ္ၿပီးလွ်င္ ပင္လယ္ကမ္းေျခသို႔ ေရာက္ရွိပါမည္ ။ ကမ္းေျခသို႔ ေရာက္သည့္အခါ ဒီေရအက်ကို ေစာင့္ဆိုင္းၿပီး ကားမ်ားကို ကမ္းေျခမွာ ေခတၱ ရပ္နားထားရမွာျဖစ္ပါတယ္ ။
လမ္းေလွ်ာက္လိုပါကလည္း ကားရပ္နားထားရာမွ လမ္းေပၚရာေနရာသို႔ကမ္းေျခအစပ္အတိုင္း (၃)မိုင္ေက်ာ္ခန္႔ လမ္းေလွ်ာက္ရမွာ ျဖစ္ပါတယ္ ။လမ္းေပၚလာခ်ိန္မွာ ထိုေက်ာက္စရစ္ခဲလမ္းေပၚရာ အစမွ ေရလယ္ဘုရားေရာက္သည္အထိ (၃) မိုင္ခြဲခန္႔
လမ္းေလွ်ာက္ရမွာျဖစ္ၿပီး နံနက္ (၁ဝ:ဝဝ)နာရီအခ်ိန္တြင္ ဒီေရျပန္တက္သည့္အတြက္ ေရလည္ဘုရားမွ ဘုရားအားဖူးေျမာ္ၿပီး(၁ဝ:ဝဝ) နာရီမထိုးခင္ ကမ္းေျခအေရာက္ျပန္ရမွာ ျဖစ္ပါတယ္ေနာ္။
ေက်ာက္စရစ္ခဲမ်ားအ႐ြယ္စုံျဖင့္ ခင္းထားေသာ ဤနတ္လမ္းတည္ရွိရာသည္ မြန္ျပည္နယ္ ၊ သံျဖဴဇရပ္ၿမိဳ႕နယ္ဝဲကေလာင္ေက်း႐ြာႏွင့္ အံခဲေက်း႐ြာတို႔၏ အလယ္တြင္ တည္ရွိပါတယ္။
Unicode
တစ်နှစ်မှာ တစ်ရက်သာပေါ်ပြီး မြန်မာနိုင်ငံမှာသာရှိတဲ့ နတ်တွေခင်းတဲ့ လမ်း
ဒီလမ်းလေးဟာ တစ်နှစ်မှာ တစ်ရက် တစ်ရက်မှာ တစ်ကြိမ် တစ်ကြိမ်မှာ လေးနာရီလောက်သာ ပေါ်သောလမ်းလေးဘဲ ဖြစ်ပါတယ်။ဒေသခံတွေရဲ့ ပြောကြားချက်အရတော့ ဒီလမ်းဟာ နတ်တွေခင်းတဲ့လမ်း ဟုလည်း သိခဲ့ရပါတယ်။
ကမ္ဘာမှာ ကိုရီးယားနှင့် မြန်မာနိုင်ငံမှာသာရှိသော လမ်းဘဲဖြစ်ပါတယ်။နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် (၃)ရက်မှာ လမ်းအပြည့်ပေါ်လာသောလမ်းပါ။ကမ္ဘာမှာ ကိုရီးယားနှင့် မြန်မာနှစ်နိုင်ငံသာ ရှိသောပင်လယ်တွင်းလမ်းဘဲဖြစ်ပါတယ်။
(ကိုရီးယားမှာလည်း တစ်ရက်သာပေါ်သည်။သို့သော် ပေါ်သည့်ရက်ချင်း မတူပါ။)စာရေးသူတို့ဟာ ဒီလမ်းကိုလျှောက်ရဖိုရန် တန်ဆောင်မုန်းလပြည့်ကျော် (၂)ရက်နေ့ ည (၁ဝ:ဝဝ) နာရီအချိန်တွင် မော်လမြိုင်မှထွက်ခဲ့ပြီး ဒီလမ်းတည်ရှိရာ
ပင်လယ်ကမ်းခြေသို့ တန်ဆောင်မုန်းလပြည့်ကျော်(၃)ရက်နေ့မနက် (၁၂:၂ဝ) အချိန်ဝန်းကျင်ခန့် ရောက်ရှိခဲ့တာပါနော်။(၂)ရက်နေ့ည တစ်ညလုံး မအိပ်ဘဲ ကမ်းခြေတွင်လမ်းလျှောက် ထိုင်နားပြီး ဒီရေအကျကို တစ်ညလုံးစောင့်လို့ (၃)ရက်နေ့ မနက် (၄:ဝဝ) အချိန်တွင် ဒီရေစကျခဲ့ပါတယ်။
ထိုအချိန်မှစ၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရောက်လာကြကုန်သော တစ်သိန်းကျော်သော ဘုရားဖူးတို့ဟာနတ်တို့ခင်းထားသည်ဆိုသော လမ်းကိုစ၍ ကူးကြပါတယ်။လမ်းအားလုံးပေါ်ချိန်ဟာနံနက် (၆:ဝဝ) နာရီ ဝန်းကျင်ဖြစ်ပြီးတော့
ထိုအချိန်မှာ လမ်းအလုံးစုံ ပေါ်တယ်လို့ သိရပါတယ်။ထိုလမ်းဟာ ကွန်ကရစ်ခင်းထားခြင်းမျိုးလည်းမဟုတ်ဘဲ တံတားထိုးထားခြင်းလည်း မဟုတ်ပါ။ပင်လယ်ကမ်းခြေမှ (၃)ဖာလုံခန့် ဝေးသောနေရာမှစ၍ စေတီတည်ရှိရာကျွန်းအထိ
အလုံးစုံ ကျောက်စရစ်ခဲ အရွယ်စုံတို့ဖြင့်ခင်းထားခြင်းဖြစ်ပြီး ဒီရေ အတက်အကျဖြစ်တိုင်းထိုကျောက်စရစ်ခဲများမှာ ပင်လယ်ကြမ်းပြင်သို့ မျောပါသွားခြင်းမရှိဘဲနဲ့ကမ်းခြေနှင့် သုံးဖာလုံခန့်အကွာအဝေးမှ စ၍ ရေလယ်ကျွန်း ဘုရားရှိရာထိတည်ရှိနေခြင်းပင်ဖြစ်ပါတယ်။
နေ့စဉ် လစဉ် ရက်စဉ် ဒီရေအတက်အကျရှိသော်လည်း လမ်းဟာ ယခုကဲ့သို့ မပေါ်ပါ။ နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် (၃)ရက်နေ့မှသာ တစ်လမ်းလုံး အပြည့်ပေါ်လာခြင်းပင်ဖြစ်တယ် သိရပါတယ်။
ပေါ်သည့်အချိန်ဟာလည်း လေးနာရီခန့်သာ ဖြစ်ပြီးထိုနေ့ (တန်ဆောင်မုန်းလပြည့်ကျော် ၃ရက်) နေ့တစ်နေ့သာ ပေါ်ခြင်းဖြစ်ပါတယ်။ထိုနေ့တွင် မြန်မာနိုင်ငံ အနှံ့အပြားမှ ဘုရားဖူးများ , လာရောက်လေ့လာသူ သုတေသီများ တစ်သိန်းခွဲကျော်ခန့်ဖြင့်
အလွန်ပင်စည်းကားလှပါတယ်။လမ်းလေးကတော့ မော်လမြိုင်မှ သံဖြူဇရပ်သို့ မော်လမြိုင် ကျိုက္ခမီလမ်းမကြီးအတိုင်း ကားစီးပြီး သံဖြူဇရပ်ရောက်သည့်အခါမြို့လယ်အဝိုင်းကိုပတ်၍ ကမ္ဘာကျော် သမိုင်းဝင် သေမင်းတမန် မီးရထားလမ်း
လမ်းခွဲရောက်သည့်အခါပငကျေးရွာ ဘက်သို့ ချိုးကွေ့ဝင်သွားရပြီး ပငကျေးရွာ လွန်လျှင် ကရုပ္ပိ စံပြကျေးရွာ သို့ ရောက်ရှိပါမည်ထို ကရုပ္ပိ စံပြကျေးရွာ ရွာလမ်းအတိုင်း ဝင်ပြီး ထိုရွာမှထွက်လျှင် ဆားလုပ်ငန်း (ဆားကွင်း) များ တွေ့ရှိရမည် ဖြစ်ပါတယ်။
ထို (ဆားကွင်း) များကို အနည်းငယ်ကျော်ဖြတ်ပြီးလျှင် ပင်လယ်ကမ်းခြေသို့ ရောက်ရှိပါမည် ။ ကမ်းခြေသို့ ရောက်သည့်အခါ ဒီရေအကျကို စောင့်ဆိုင်းပြီး ကားများကို ကမ်းခြေမှာ ခေတ္တ ရပ်နားထားရမှာဖြစ်ပါတယ် ။
လမ်းလျှောက်လိုပါကလည်း ကားရပ်နားထားရာမှ လမ်းပေါ်ရာနေရာသို့ကမ်းခြေအစပ်အတိုင်း (၃)မိုင်ကျော်ခန့် လမ်းလျှောက်ရမှာ ဖြစ်ပါတယ် ။လမ်းပေါ်လာချိန်မှာ ထိုကျောက်စရစ်ခဲလမ်းပေါ်ရာ အစမှ ရေလယ်ဘုရားရောက်သည်အထိ (၃) မိုင်ခွဲခန့်
လမ်းလျှောက်ရမှာဖြစ်ပြီး နံနက် (၁ဝ:ဝဝ)နာရီအချိန်တွင် ဒီရေပြန်တက်သည့်အတွက် ရေလည်ဘုရားမှ ဘုရားအားဖူးမြော်ပြီး(၁ဝ:ဝဝ) နာရီမထိုးခင် ကမ်းခြေအရောက်ပြန်ရမှာ ဖြစ်ပါတယ်နော်။
ကျောက်စရစ်ခဲများအရွယ်စုံဖြင့် ခင်းထားသော ဤနတ်လမ်းတည်ရှိရာသည် မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ်ဝဲကလောင်ကျေးရွာနှင့် အံခဲကျေးရွာတို့၏ အလယ်တွင် တည်ရှိပါတယ်။