တရားစခန္းမွာ ေလွကားအျမင့္ ၁၀ ေပ အထက္ကေန ျပဳတ္က်ခဲ့လို႔ မေသ႐ုံတမယ္ျဖစ္ခဲ့ရပုံကို ေျပာျပလာတဲ့ စိုးသူ
Zawgyi
တရားစခန္းမွာ ေလွကားအျမင့္ ၁၀ ေပ အထက္ကေန ျပဳတ္က်ခဲ့လို႔ မေသ႐ုံတမယ္ျဖစ္ခဲ့ရပုံကို ေျပာျပလာတဲ့ စိုးသူ
အကယ္ဒမီစိုးသူကေတာ့ အႏုပညာအလုပ္ေတြကို တစ္ေခတ္တစ္ခါကတည္းကလုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္ေနာ္။စိုးသူက ေခ်ာေမာခန႔္ညားတဲ့႐ုပ္ရည္ကို ပိုင္ဆိုင္ထားလို႔ ႏႈတ္ခမ္းနီမေလးေတြက သည္းသည္းလႈပ္အားေပးေနၾကတာျဖစ္ပါတယ္။
အခု လက္ရွိမွာေတာ့စိုးသူက ဘာသာတရားကိုင္းရႈိင္းၿပီး တရားစခန္းေတြဝင္ေနတာျဖစ္ပါတယ္ေနာ္။အခုဆိုရင္ေတာ့ စိုးသူက မႏွစ္ကတရားစခန္းမွာျဖစ္ပ်က္ခဲ့တဲ့အေၾကာင္းအရာေလးကို ေရးသားမွ်ေဝလာတာျဖစ္ပါတယ္။
စိုးသူက”ဒီေန႔ အေတြးထဲေရာက္လာၿပီး အမွန္တကယ္ကိုယ္တိုင္ႀကဳံခဲ့တဲ့ အျဖစ္အပ်က္ေလး တကယ္တမ္းသာ ျဖစ္ခဲ့မယ္ဆိုရင္ ကြၽန္ေတာ္ ေသၿပီးသြားတာ တစ္ႏွစ္တိတိျပည့္ဖို႔ တစ္နာရီေလာက္ပဲ လိုေတာ့တာခင္ဗ်
ျမတ္ဗုဒၶရဲ႕မဟာက႐ုဏာနဲ႔အဆုံးအမ၊အနေႏၲာအနႏၲငါးပါး ခင္ပြန္းႀကီးဆယ္ပါး နဲ႔ သင္ဆရာ ျမင္ဆရာၾကားဆရာ ထားဆရာမ်ားအားလုံး အားလုံးရဲ႕ သြန္သင္ၫႊန္ျပမႈ ေက်းဇူးတရားေတြေၾကာင့္ “ေယာနိေႆာ မနႆီကာရ”သင့္တင့္ေလ်ာက္ပါတ္ မွန္ကန္ေသာ ႏွလုံးသြင္းမႈရွိရမည္ ဆိုတဲ့အတိုင္း ႀကိဳးစားေနရဆဲပါပဲ
အဲ့လို ႏွလုံးသြင္းထားတဲ့အတြက္ အခုဟာကေနာင္တတဖန္ ျပန္ပူပန္ေနတာမ်ိဳး မဟုတ္ဘဲ ကိုယ္တိုင္ ကိုယ့္ဟာကိုယ္ သံေဝဂျဖစ္မိတာေလးပါ” “တကယ္တမ္းသာ ျဖစ္ခဲ့မယ္ဆိုရင္ကြၽန္ေတာ္ ေသၿပီးသြားတာ တစ္ႏွစ္တိတိျပည့္ဖို႔တစ္နာရီေလာက္ပဲ လိုေတာ့တာပါ
(မႏွစ္က ေမွ်ာ္လင့္မထားပဲ ျဖစ္သြားခဲ့တဲ့တရားစခန္းမွာ ေလွကားအျမင့္ ၁၀ ေပ အထက္ကျပဳတ္က်ခဲ့တာကို ဆိုလိုပါတယ္ခင္ဗ်ာ) ဒါေတာင္ သစၥာေ႐ႊစည္ဆရာေတာ္ဘုရားရဲ႕ေအးျမတဲ့ ဓမၼအရိပ္ရွိတဲ့ေနရာ သူေတာ္ေကာင္းေတြစုၿပီး
ဒါန သီလ ဘာဝနာ ေကာင္းမႈကုသိုလ္ေတြ ေဆာင္႐ြက္ေနၾကတဲ့ေနရာ ကြၽန္ေတာ္လည္း တရားစခန္းဝင္ဖို႔ သြားခဲ့တာမို႔သာေပါ့ မဟုတ္ရင္ေတာ့ ေသျခင္းတရားဆိုတာ ေကြးေသာလက္ မဆန႔္ခင္ဆန႔္ေသာလက္ မေကြးခင္ ဆိုတဲ့အတိုင္း အခ်ိန္ ေနရာ
အေၾကာင္းအရာ မေ႐ြးဘဲခ်က္ခ်င္းေရာက္လာတတ္တာမ်ိဳးဆိုေတာ့ျပည္တြင္းျပည္ပက ျမန္မာျပည္သူ ျပည္သားအားလုံး ကမာၻသူ ကမာၻသားအားလုံးကပ္ေဘးဆိုးေတြက အျမန္ဆုံး ကင္းစင္ပေပ်ာက္ႏိုင္ၾကၿပီးသက္ရွည္ က်န္းမာ စိတ္ခ်မ္းသာ လိုရာဆႏၵ ျပည့္ဝႏိုင္ၾကပါေစခင္ဗ်ား”ဆိုၿပီး ေရးသားေျပာျပလာပါတယ္ေနာ္။
Unicode
တရားစခန်းမှာ လှေကားအမြင့် ၁၀ ပေ အထက်ကနေ ပြုတ်ကျခဲ့လို့ မသေရုံတမယ်ဖြစ်ခဲ့ရပုံကို ပြောပြလာတဲ့ စိုးသူ
အကယ်ဒမီစိုးသူကတော့ အနုပညာအလုပ်တွေကို တစ်ခေတ်တစ်ခါကတည်းကလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်နော်။စိုးသူက ချောမောခန့်ညားတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားလို့ နှုတ်ခမ်းနီမလေးတွေက သည်းသည်းလှုပ်အားပေးနေကြတာဖြစ်ပါတယ်။
အခု လက်ရှိမှာတော့စိုးသူက ဘာသာတရားကိုင်းရှိုင်းပြီး တရားစခန်းတွေဝင်နေတာဖြစ်ပါတယ်နော်။အခုဆိုရင်တော့ စိုးသူက မနှစ်ကတရားစခန်းမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးကို ရေးသားမျှဝေလာတာဖြစ်ပါတယ်။
စိုးသူက”ဒီနေ့ အတွေးထဲရောက်လာပြီး အမှန်တကယ်ကိုယ်တိုင်ကြုံခဲ့တဲ့ အဖြစ်အပျက်လေး တကယ်တမ်းသာ ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် သေပြီးသွားတာ တစ်နှစ်တိတိပြည့်ဖို့ တစ်နာရီလောက်ပဲ လိုတော့တာခင်ဗျ
မြတ်ဗုဒ္ဓရဲ့မဟာကရုဏာနဲ့အဆုံးအမ၊အနန္တောအနန္တငါးပါး ခင်ပွန်းကြီးဆယ်ပါး နဲ့ သင်ဆရာ မြင်ဆရာကြားဆရာ ထားဆရာများအားလုံး အားလုံးရဲ့ သွန်သင်ညွှန်ပြမှု ကျေးဇူးတရားတွေကြောင့် “ယောနိဿော မနဿီကာရ”သင့်တင့်လျောက်ပါတ် မှန်ကန်သော နှလုံးသွင်းမှုရှိရမည် ဆိုတဲ့အတိုင်း ကြိုးစားနေရဆဲပါပဲ
အဲ့လို နှလုံးသွင်းထားတဲ့အတွက် အခုဟာကနောင်တတဖန် ပြန်ပူပန်နေတာမျိုး မဟုတ်ဘဲ ကိုယ်တိုင် ကိုယ့်ဟာကိုယ် သံဝေဂဖြစ်မိတာလေးပါ” “တကယ်တမ်းသာ ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော် သေပြီးသွားတာ တစ်နှစ်တိတိပြည့်ဖို့တစ်နာရီလောက်ပဲ လိုတော့တာပါ
(မနှစ်က မျှော်လင့်မထားပဲ ဖြစ်သွားခဲ့တဲ့တရားစခန်းမှာ လှေကားအမြင့် ၁၀ ပေ အထက်ကပြုတ်ကျခဲ့တာကို ဆိုလိုပါတယ်ခင်ဗျာ) ဒါတောင် သစ္စာရွှေစည်ဆရာတော်ဘုရားရဲ့အေးမြတဲ့ ဓမ္မအရိပ်ရှိတဲ့နေရာ သူတော်ကောင်းတွေစုပြီး
ဒါန သီလ ဘာဝနာ ကောင်းမှုကုသိုလ်တွေ ဆောင်ရွက်နေကြတဲ့နေရာ ကျွန်တော်လည်း တရားစခန်းဝင်ဖို့ သွားခဲ့တာမို့သာပေါ့ မဟုတ်ရင်တော့ သေခြင်းတရားဆိုတာ ကွေးသောလက် မဆန့်ခင်ဆန့်သောလက် မကွေးခင် ဆိုတဲ့အတိုင်း အချိန် နေရာ
အကြောင်းအရာ မရွေးဘဲချက်ချင်းရောက်လာတတ်တာမျိုးဆိုတော့ပြည်တွင်းပြည်ပက မြန်မာပြည်သူ ပြည်သားအားလုံး ကမ္ဘာသူ ကမ္ဘာသားအားလုံးကပ်ဘေးဆိုးတွေက အမြန်ဆုံး ကင်းစင်ပပျောက်နိုင်ကြပြီးသက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်ဝနိုင်ကြပါစေခင်ဗျား”ဆိုပြီး ရေးသားပြောပြလာပါတယ်နော်။