စုဘူးေဖာက္ၿပီးရလာတဲ့ေငြေတြအကုန္လုံးကို ဧရာဝတီစင္တာကို လႉဒါန္းေပးခဲ့တဲ့ ေမာင္လင္းျမတ္

Zawgyi

စုဘူးေဖာက္ၿပီးရလာတဲ့ေငြေတြအကုန္လုံးကို ဧရာဝတီစင္တာကို လႉဒါန္းေပးခဲ့တဲ့ ေမာင္လင္းျမတ္

.ျမန္မာႏိုင္ငံမွာ တေန႔တျခားမ်ားလာတဲ့ ကိုဗစ္လူနာေတြနဲ႔ သံသယလူနာေတြ Quarnatine ဝင္ဖို႔အတြက္ ဦးေဇာ္ေဇာ္က ဧရာဝတီစင္တာကို မတည္လႉဒါန္းေပးထားသလို ေန႔စဥ္ေန႔တိုင္းလည္း အလႉရွင္ေတြ ေစတနာသဒၶါတရားထက္သန္စြာ လာေရာက္လႉဒါန္းေပးလ်က္ရွိပါတယ္။

ဒီေန႔အတြက္ အလႉရွင္ေတြထဲမွာေတာ့ ထူးထူးျခားျခား ကေလးငယ္တစ္ေယာက္ပါဝင္ခဲ့ပါတယ္။ ေမာင္လင္းျမတ္လို႔ေခၚတဲ့ ကေလးတစ္ေယာက္ကေတာ့ ဧရာဝတီစင္တာမွာ လႉဒါန္းဖို႔အတြက္ သူ႔ကိုယ္ပိုင္စုဘူးေလးကိုေဖာက္ၿပီးလာေရာက္လႉဒါန္းေပးခဲ့တာပါ။

မုန႔္ဖိုးေလးေတြ စုထားတဲ့ေငြစုစုေပါင္း( ၇၉၁၅၀) က်ပ္ကို ဧရာဝတီစင္တာမွာ လႉဒါန္းခဲ့ရာမွာေတာ့ ဦးေဇာ္ေဇာ္ကိုယ္တိုင္ အလႉေငြလက္ခံခဲ့ပါတယ္။ေမာင္လင္းျမတ္ရဲ႕ ေစတနာသဒၶါတရားထက္သန္တဲ့အလႉေလးအတြက္ ဧရာဝတီစင္တာမွ အထူးေက်းဇူးတင္စကားဆိုခဲ့တဲ့အျပင္

စီးပြားဥစၥာမ်ား ဒီေရအလား တိုးပြားၿပီးအမ်ားအက်ိဳးအတြက္ ဆတက္ထမ္းပိုး ပံ့ပိုးကူညီႏိုင္ပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းေပးခဲ့ပါတယ္။ျမန္မာႏိုင္ငံရဲ႕ကိုဗစ္ကာကြယ္ေရးလုပ္ငန္းေတြမွာ တစ္တပ္တစ္အားပါဝင္ခဲ့တဲ့ သားေလးေမာင္လင္းျမတ္ရဲ႕အလႉေလးကို ပရိသတ္ႀကီးလည္း သာဓုေခၚေပးခဲ့ပါဦးေနာ္။

Unicode

စုဘူးဖောက်ပြီးရလာတဲ့ငွေတွေအကုန်လုံးကို ဧရာဝတီစင်တာကို လှူဒါန်းပေးခဲ့တဲ့ မောင်လင်းမြတ်

.မြန်မာနိုင်ငံမှာ တနေ့တခြားများလာတဲ့ ကိုဗစ်လူနာတွေနဲ့ သံသယလူနာတွေ Quarnatine ဝင်ဖို့အတွက် ဦးဇော်ဇော်က ဧရာဝတီစင်တာကို မတည်လှူဒါန်းပေးထားသလို နေ့စဉ်နေ့တိုင်းလည်း အလှူရှင်တွေ စေတနာသဒ္ဓါတရားထက်သန်စွာ လာရောက်လှူဒါန်းပေးလျက်ရှိပါတယ်။

ဒီနေ့အတွက် အလှူရှင်တွေထဲမှာတော့ ထူးထူးခြားခြား ကလေးငယ်တစ်ယောက်ပါဝင်ခဲ့ပါတယ်။ မောင်လင်းမြတ်လို့ခေါ်တဲ့ ကလေးတစ်ယောက်ကတော့ ဧရာဝတီစင်တာမှာ လှူဒါန်းဖို့အတွက် သူ့ကိုယ်ပိုင်စုဘူးလေးကိုဖောက်ပြီးလာရောက်လှူဒါန်းပေးခဲ့တာပါ။

မုန့်ဖိုးလေးတွေ စုထားတဲ့ငွေစုစုပေါင်း( ၇၉၁၅၀) ကျပ်ကို ဧရာဝတီစင်တာမှာ လှူဒါန်းခဲ့ရာမှာတော့ ဦးဇော်ဇော်ကိုယ်တိုင် အလှူငွေလက်ခံခဲ့ပါတယ်။မောင်လင်းမြတ်ရဲ့ စေတနာသဒ္ဓါတရားထက်သန်တဲ့အလှူလေးအတွက် ဧရာဝတီစင်တာမှ အထူးကျေးဇူးတင်စကားဆိုခဲ့တဲ့အပြင်

စီးပွားဥစ္စာများ ဒီရေအလား တိုးပွားပြီးအများအကျိုးအတွက် ဆတက်ထမ်းပိုး ပံ့ပိုးကူညီနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့ကိုဗစ်ကာကွယ်ရေးလုပ်ငန်းတွေမှာ တစ်တပ်တစ်အားပါဝင်ခဲ့တဲ့ သားလေးမောင်လင်းမြတ်ရဲ့အလှူလေးကို ပရိသတ်ကြီးလည်း သာဓုခေါ်ပေးခဲ့ပါဦးနော်။