
Zawgyi









Unicode

ကျန်းမာရေးမကောင်းတဲ့ လူကြမ်းသရုပ်ဆောင် ဦးစိန်သန်းအား အလှူငွေ (၂)သိန်းကျပ် လှူဒါန်းပေးခဲ့တဲ့ အကယ်ဒမီ နေတိုး

မင်းသားချေားလေး နေတိုး ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အထူးအားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ သူပဲဖြစ်ပါတယ်။ နေတိုး ဟာ သရုပ်ဆောင်နယ်ပယ်အောင်မြင်နေတဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပိုင်းမှာလည်း ဘယ်သီချင်းတွေမဆို ကျွမ်းကျင်ပိုင်နိုင်စွာ အသံချိုချိုအေးအေးလေးတွေနဲ့ သီဆိုတတ်တဲ့ အစွယ်စုံရအနုပညာရှင် ဖြစ်တာကြောင့် အနုပညာမောင်နှမတွေကလည်း လေးစားအားကျနေရတာဖြစ်ပါတယ်။

ယနေ့အချိန်လည်း နေတိုးက အိမ်ထောင်မပြုသေးပဲ အေးအေးချမ်းချမ်း အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း ချစ်ရတဲ့မိသားစုနဲ့ အတူနေထိုင်နေတာဖြစ်ပါတယ်။ လတ်တလော ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာလည်း နေတိုးက လိုအပ်နေတဲ့

သူတွေအတွက် အလှူငွေလေးတွေကိုလည်း တတ်နိုင်သလောက် လှူဒါန်းပေးတာကို တွေ့ရပါတယ်။ ယခုမှာလည်း နေတိုးက ကျန်းမာရေးမကောင်းတဲ့ လူကြမ်းသရုပ်ဆောင် ဦးစိန်သန်းအတွက် အလှူငွေ (၂)သိန်းကျပ်တိတိကို သရုပ်ဆောင်ဦးအောင်ခိုင်အား တစ်ဆင့်လှူဒါန်းပေးခဲ့ပါတယ်။

ဦးအောင်ခိုင် ရဲ့ လူမှူကွန်ယက်မှာတော့ သွားရောက်လှူဒါန်းပေးတာနဲ့ ပတ်သက်ပြီး ပြောပြထားရာမှာလည်း “ကျန်းမာရေးမကောင်းရှာသော လူကြမ်းသရုပ်ဆောင် ဦးစိန်သန်းအားအကယ်ဒမီနေတိုးမှ လှူဒါန်းသောငွေကျပ်(၂)သိန်းနှင့်

မော်လမြိုင်မြို့မှအလှူရှင်တစ်ဦးလှူဒါန်းသော ငွေကျပ်(၁)သိန်းစုစုပေါင်းငွေကျပ်(၃)သိန်းအားဆေးရုံမသွားခင်အမှီသွားရောက်ပြီးကိုယ်စားလှူဒါန်းပေးခဲ့ပါတယ်” ဆိုပြီး ရေးသားထားပါတယ်။

ကဲ…ချစ်ပရိသတ်ကြီးရေ မွန်မြတ်တဲ့ အလှူလေးတစ်ခုကို တတ်နိုင်သလောက်လှူဒါန်းပေးတဲ့ မင်းသား နေတိုးကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦး။