
Zawgyi











 

ကိုဗစ်ပျောက်တဲ့ဆေးလည်းမဟုတ်ဘူးပေါ့ သက်သာစေတယ် immune တက်စေတယ်ဆိုတော့ ဆေးထဲမှာ မကောင်းတာတော့ မပါလောက်ပါဘူးဆိုပြီး ကျွန်တော်တော့ သောက်တယ် ယုံရင်တော့ သောက်ပေါ့ မယုံရင်လည်း မသောက်နဲ့


Unicode

မြန်မာနိုင်ငံ FDA က ခွင့်မပြုထားတဲ့ တရုတ်ဆေးကို ရောဂါကာကွယ်ဖို့ အတွက် သောက်နေပြီဆိုတဲ့ ဂျွန်လွင်

ဂျွန်လွင်ကတော့ မော်ဒယ်လောကမှာအထူးအောင်မြင်ခဲ့သူတစ်ဦးဖြစ်သလို အနုပညာလောကမှာလည်း မသိသူမရှိလောက်အောင်အောင်မြင်သူတစ်ဦးပါ ဂျွန်လွင်ဟာ ချို့တဲ့ဆင်းရဲသူများကို အလှူဒါနတွေနဲ့ထောက်ပံ့သူ လည်းဖြစ်ပါတယ်

ယခုရက်ပိုင်းမှာတော့ မြန်မာနိုင်ငံ FDA က ခွင့်မပြုထားတဲ့ တရုတ်ဆေးကို ကိုဗစ် ၁၉ ရောဂါကာကွယ်ဖို့ အတွက် သောက်နေပြီလို့ ဂျွန်လွင်က ဆိုလာခဲ့တာပါ

“အခုချိန်က အိန္ဒိယကလာလှူတဲ့ဆေးက ရတာတော့ရပေမယ့် လုံလောက်တာတော့မဟုတ်သေးပေမယ့် ရတော့ရနေပြီပေါ့နော် ဒီဆေးကတော့ ပြင်းပြင်းထန်ထန်ဖြစ်တဲ့သူတွေကိုပဲကုတာလေ သာမန်ကတော့

အခုသောက်နေကျတဲ့ ဗီတာမင်စီတို့ ဗီတာမင်ဒီတို့ကိုယ့်ဟာကိုယ်ဝယ်သောက်ပြီး ကုနေကြရတာလေ တရုတ်တိုင်းရင်းဆေးကလဲပေါ်တယ် ဒါပေမယ့်လည်း FDA ကခွင့်မပြုတဲ့အတွက်ကြောင့်ဆိုပြီး ကြေငြာလိုက်တော့ တချို့လည်းသောက်ကြတယ်

တချို့လည်းမသောက်ကြဘူးပေါ့နော်ကျွန်တော်ကတော့ သတ္တိရှိတယ် သောက်တယ် ဘာဖြစ်လို့လည်းဆိုတော့ Immune ကိုတက်စေတယ်ဆိုတဲ့အတွက်ကြောင့် မနက် ၅ လုံး ည၅ လုံးနဲ့ တပတ်ပြည့်အောင်သောက်မယ်

အခုတော့ ၄ ရက်ရှိပြီ ကျွန်တော်သာသာယာယာပဲ အရမ်းကိုတက်ကြွတယ်ပေါ့နော် ဒါပေမယ့် FDA ကခွင့်မပြုတော့ မသောက်ရဲကြဘူးပေါ့နော်စင်ကာပူမှာ ကျွန်တော့သူငယ်ချင်းတွေလည်း ကျွန်တော့ကိုပြတယ်

စင်ကာပူမှာလည်းတော်တော်များများက အဲ့ဒီဆေးကို ဆောင်ပြီးသောက်နေကြပါတယ် သူတို့ဆေးရုံတွေမှာလည်း တချို့ဆရာဝန်တွေက ဒါတွေသောက်သင့်တယ် ဆိုပြီးပြောကြတယ် ဆောင်ထားရင်တော့လည်းမမှားဘူးပေါ့

တကယ်တမ်းဖြစ်လို့ရှိရင်လည်း ကျွန်တော်တို့မှာ ပြေးစရာမြေမှမရှိတာ ဒါလေးကကျွန်တော့မိတ်ဆွေတချို့တော့ သောက်တာပေါ့နော် သူတို့ဆီက တချို့ Feedback လေးတွေကတော့ ကောင်းတယ်

လူအယောက် ၅၀ မှာ လူအယောက် ၄၀ ကျော်လောက်က ကောင်းတယ်လို့ ပြောကြတာပေါ့ ဒါပေမယ့် ကျွန်တော် နောက်ဆယ်နှစ်မှာ ဘာဖြစ်မလဲတော့မသိဘူးပေါ့ ဒီဆေးကပေါ်တာတော့ကြာပြီ SARS ရောဂါအတွက် ထုတ်ထားတာပေါ့

ကိုဗစ်ပျောက်တဲ့ဆေးလည်းမဟုတ်ဘူးပေ့ါ သက်သာစေတယ် immune တက်စေတယ်ဆိုတော့ ဆေးထဲမှာ မကောင်းတာတော့ မပါလောက်ပါဘူးဆိုပြီး ကျွန်တော်တော့ သောက်တယ် ယုံရင်တော့ သောက်ပေါ့ မယုံရင်လည်း မသောက်နဲ့

နောက်ဘဝမှာပေါ်မယ့်ဆေးကို စောင့်သောက်ကြပေါ့ ဒါပါပဲ ” လို့ဆိုသွားခဲ့တာပါဂျွန်လွင်ကတော့ မြန်မာနိုင်ငံ FDA က ခွင့်မပြုထားတဲ့ တရုတ်ဆေးကို ရောဂါကာကွယ်ဖို့ အတွက် သောက်နေတဲ့အကြောင်းပြောပြသွားခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီးရဲ့အမြင်လေးကို မျှဝေခဲ့ကြပါအုန်းနော် ။