TheVoice မွာအတူတူၿပိဳင္တဲ့ သူငယ္ခ်င္းကို လက္ဆြဲမႏႈတ္ဆက္ခဲ့တဲ့ အေၾကာင္းရင္းကို ေျပာျပလာတဲ့ ၿဖိဳးေက်ာ္ထိုက္

Zawgyi

TheVoice မွာအတူတူၿပိဳင္တဲ့ သူငယ္ခ်င္းကို လက္ဆြဲမႏႈတ္ဆက္ခဲ့တဲ့ အေၾကာင္းရင္းကို ေျပာျပလာတဲ့ ၿဖိဳးေက်ာ္ထိုက္

ၿဖိဳးေက်ာ္ထိုက္ကေတာ့ Melody World သီခ်င္းဆို ၿပိဳင္ပြဲကေနတဆင့္ ဂီတေလာကထဲကို စတင္ဝင္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ သူ႔ အေနနဲ႔ တစ္ကိုယ္ေတာ္ အေခြေတြလည္း ထြက္ရွိခဲ့သူျဖစ္သလို Single Song ေတြလည္း အမ်ားႀကီး ထြက္ရွိခဲ့တာ ေတြ႕ရပါတယ္။

သူကိုယ္တိုင္ သီဆိုထားတဲ့” သစၥာမရွိတဲ့ သစၥာ” ဆိုတဲ့ သီခ်င္းက ၿဖိဳးေက်ာ္ထိုက္အတြက္ေတာ့ ပရိသတ္အခိုင္အမာ ရရွိခဲ့တဲ့ သီခ်င္းတစ္ပုဒ္ျဖစ္ပါတယ္။ၿဖိဳးေက်ာ္ထိုက္ဟာ The Voice Myanmar မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့အတြက္ ေဝဖန္မႈေတြခံခဲ့ရသလို

ယခုတပတ္ Battle Round မွာလည္း ၿပိဳင္ပြဲဝင္အခ်င္းခ်င္း ေ႐ြးခ်ယ္မခံရသူ ကို လက္ဆြဲႏႈတ္ဆက္ျခင္းမျပဳခဲ့တဲ့အတြက္ ထပ္မံ ေဝဖန္ခံေနရတာျဖစ္ပါတယ္။ဒီအေၾကာင္းအရာနဲ႔ပတ္သတ္ၿပီး ၿဖိဳးေက်ာ္ထိုက္က ျပန္လည္တုံ႔ျပန္လာခဲ့တာျဖစ္ပါတယ္။

ၿဖိဳးေက်ာ္ထိုက္က ကိုဗစ္ကာလမွာ The Voice ၿပိဳင္ပြဲကိုဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရတဲ့အေတြ႕အႀကဳံကို အခုလို စတင္ရွင္းျပလာခဲ့တာပါ။ ” ကြၽန္ေတာ္တို႔ အခုၿပိဳင္ၿပီးသြားတဲ့ အတိုင္းအတာတစ္ခုမွာေပါ့ေလ ကြၽန္ေတာ္တို႔ စိတ္လႈပ္ရွားၾကတာေပါ့

ဒါဘယ္သူမဆို ျဖစ္မွာပဲေလ ၿပီးေတာ့ ကိုဗစ္ကာလအတြင္းမွာ ႐ိုက္ထားတာ ျဖစ္တဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ မိသားစုေတြ မိတ္ေဆြသူငယ္ခ်င္းေတြ တစ္ေယာက္မွေခၚသြားလို႔မရပါဘူး

လူတစ္ေယာက္မွမရွိဘဲ မီးေခ်ာင္းေလးေတြထြန္းၿပီး ၿပိဳင္ခဲ့ရတာ ပရိသတ္မရွိတဲ့ပြဲေပါ့ဗ်ာ ကိုဗစ္ကာလဆိုေတာ့လည္း နည္းနည္းေတာ့ဆိုရတာ ဖီးေတာ့က်ဲတာေပါ့ လုံးဝဖီးမလာဘူး အဲ့ဒီၾကားကေန အဆင္ေျပေအာင္ဆိုခဲ့ရတာပါ။

Coach ၄ ေယာက္ရယ္ ကိုေတဇာေက်ာ္ရယ္ Band ရယ္ ဟာမိုနီလိုက္ေနတဲ့ အမေတြရယ္ ဆိုတဲ့လူရယ္ဒါပဲရွိတာ MRTV 4 ဝန္ထမ္းေတြရယ္ ဒါပဲရွိတာ ဆိုရတာ ဖီးေတာ့ က်ဲတာေပါ့ ” လို႔ ေျပာျပလာခဲ့တာပါ။

တစ္ဖက္ကလက္ဆြဲႏွႈတ္ဆက္ေပမယ့္ ျပန္မႏွႈတ္ဆက္ျဖစ္ခဲ့တဲ့ အေၾကာင္းအရင္းကိုလည္း“ဆိုတဲ့အခါမွာလည္း ကိုဗစ္ကာလျဖစ္တဲ့အတြက္ေၾကာင့္ Social Distancing အရ လုံးဝထိတြ႕ဆက္ဆံလို႔မရပါဘူး သုံးေပအခြာေတြဘာေတြလုပ္ၿပီးေတာ့ ဆိုရတာျဖစ္တဲ့အတြက္ေၾကာင့္

က်န္းမာေရးကို ဂ႐ုစိုက္လိုက္တာလည္းပါတယ္ သူတို႔ေျပာတဲ့စည္းကမ္းကို လိုက္နာလိုက္တာလည္းပါတယ္ေပါ့ ကြၽန္ေတာ္တို႔ မဆိုခင္မွာလည္းမွာထားတယ္ အခ်င္းခ်င္းလက္ဆြဲႏွႈတ္ဆက္လို႔မရဘူး ဒိုင္ေတြကိုလည္း လက္ဆြဲႏွႈတ္ဆက္လို႔မရဘူး ဆိုၿပီး

သြားရင္ဆင္းသြားပါဘာညာဆိုၿပီးေတာ့ ေတာ္ကီေတြလာပြားထားတယ္ပြားထားတဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔က သူတို႔ေျပာတဲ့ ေတာ္ကီေတြေအာက္မွာပဲေနၿပီးေတာ့ စည္းကမ္းလိုက္နာရတာေပါ့ ဆိုၿပီးသြားလို႔ လက္ဆြဲႏွႈတ္ဆက္တဲ့အခါမွာ

ကြၽန္ေတာ္သူ႔ကို အသားလည္းမထိဘူး ေတာ္ၾကာကိုယ့္ေၾကာင့္ ကိုယ့္ဆီမွာေရာဂါရွိေနခဲ့တယ္ဆိုပါစို႔ သူ႔ဆီကူးသြားမွာေလ သူ႔ဆီမွာရွိေနရင္လည္း ကြၽန္ေတာ့ဆီကူးလာမွာ အဲ့လိုမ်ိဳးေတြရွိတယ္ ဘာျဖစ္လို႔လဲဆိုေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္က ကိုယ္ခံအားခ်င္းကမတူၾကဘူး

ကိုယ္ခံအားမတူတဲ့အခါမွာ တစ္ေယာက္နဲ႔တစ္ေယာက္ကအမွားမျဖစ္တာအေကာင္းဆုံးပဲဆိုၿပီးေတာ့ ကြၽန္ေတာ္က သူ႔ကိုလည္း ဂ႐ုစိုက္ေပးလိုက္သလို ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္လိုက္တာလည္းပါတယ္ ဒါပါပဲ

က်န္တာေတာ့ အျပင္မွာ ကြၽန္ေတာ္သည္ ဘယ္ေလာက္သေဘာေကာင္းတယ္ဆိုတာ ကြၽန္ေတာ့ပရိသတ္ေတြကအစသိၾကပါတယ္ အာ့ေလးကို ပရိသတ္နားလည္ေအာင္ေျပာျပတာပါ ကြၽန္ေတာ္သည္ မိုက္႐ိုင္းတာလည္းမဟုတ္ဘူး ေခ်တာလည္းမဟုတ္ဘူး

ဆရာႀကီးအထာဖမ္းတာလည္းမဟုတ္ပါဘူး ကြၽန္ေတာ္အဆိုေတာ္ႀကီးျဖစ္ေနလို႔ ဘာျဖစ္တယ္ ညာျဖစ္တယ္လည္းမဟုတ္ပါဘူး အဆိုေတာ္ႀကီးျဖစ္ေနလည္း ကြၽန္ေတာ္ကေအာက္ေျခကတက္လာတာျဖစ္လို႔ အမ်ားႀကီးနားလည္ပါတယ္

Team R Zarni က ညီအကိုေမာင္ႏွမေတြအားလုံးနဲ႔လည္း ကြၽန္ေတာ္က အရမ္းခင္ပါတယ္ လို႔ ရွင္းျပလာခဲ့တာျဖစ္ပါတယ္ၿဖိဳးေက်ာ္ထိုက္ကေတာ့ TheVoice မွာအတူတူၿပိဳင္တဲ့ သူငယ္ခ်င္းကို လက္ဆြဲမႏႈတ္ဆက္ခဲ့တဲ့ အေၾကာင္းရင္းကို ပြင့္ပြင့္လင္းလင္းေျပာျပခဲ့တာပဲျဖစ္ပါတယ္ေနာ္။ ပရိသတ္ႀကီးရဲ႕အျမင္ေလးကိုလည္း မွ်ေဝခဲ့ၾကပါအုန္းေနာ္

Unicode

TheVoice မှာအတူတူပြိုင်တဲ့ သူငယ်ချင်းကို လက်ဆွဲမနှုတ်ဆက်ခဲ့တဲ့ အကြောင်းရင်းကို ပြောပြလာတဲ့ ဖြိုးကျော်ထိုက်

ဖြိုးကျော်ထိုက်ကတော့ Melody World သီချင်းဆို ပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ အနေနဲ့ တစ်ကိုယ်တော် အခွေတွေလည်း ထွက်ရှိခဲ့သူဖြစ်သလို Single Song တွေလည်း အများကြီး ထွက်ရှိခဲ့တာ တွေ့ရပါတယ်။

သူကိုယ်တိုင် သီဆိုထားတဲ့” သစ္စာမရှိတဲ့ သစ္စာ” ဆိုတဲ့ သီချင်းက ဖြိုးကျော်ထိုက်အတွက်တော့ ပရိသတ်အခိုင်အမာ ရရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ဖြိုးကျော်ထိုက်ဟာ The Voice Myanmar မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အတွက် ဝေဖန်မှုတွေခံခဲ့ရသလို

ယခုတပတ် Battle Round မှာလည်း ပြိုင်ပွဲဝင်အချင်းချင်း ရွေးချယ်မခံရသူ ကို လက်ဆွဲနှုတ်ဆက်ခြင်းမပြုခဲ့တဲ့အတွက် ထပ်မံ ဝေဖန်ခံနေရတာဖြစ်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး ဖြိုးကျော်ထိုက်က ပြန်လည်တုံ့ပြန်လာခဲ့တာဖြစ်ပါတယ်။

ဖြိုးကျော်ထိုက်က ကိုဗစ်ကာလမှာ The Voice ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ရတဲ့အတွေ့အကြုံကို အခုလို စတင်ရှင်းပြလာခဲ့တာပါ။ ” ကျွန်တော်တို့ အခုပြိုင်ပြီးသွားတဲ့ အတိုင်းအတာတစ်ခုမှာပေါ့လေ ကျွန်တော်တို့ စိတ်လှုပ်ရှားကြတာပေါ့

ဒါဘယ်သူမဆို ဖြစ်မှာပဲလေ ပြီးတော့ ကိုဗစ်ကာလအတွင်းမှာ ရိုက်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ မိသားစုတွေ မိတ်ဆွေသူငယ်ချင်းတွေ တစ်ယောက်မှခေါ်သွားလို့မရပါဘူး

လူတစ်ယောက်မှမရှိဘဲ မီးချောင်းလေးတွေထွန်းပြီး ပြိုင်ခဲ့ရတာ ပရိသတ်မရှိတဲ့ပွဲပေါ့ဗျာ ကိုဗစ်ကာလဆိုတော့လည်း နည်းနည်းတော့ဆိုရတာ ဖီးတော့ကျဲတာပေါ့ လုံးဝဖီးမလာဘူး အဲ့ဒီကြားကနေ အဆင်ပြေအောင်ဆိုခဲ့ရတာပါ။

Coach ၄ ယောက်ရယ် ကိုတေဇာကျော်ရယ် Band ရယ် ဟာမိုနီလိုက်နေတဲ့ အမတွေရယ် ဆိုတဲ့လူရယ်ဒါပဲရှိတာ MRTV 4 ဝန်ထမ်းတွေရယ် ဒါပဲရှိတာ ဆိုရတာ ဖီးတော့ ကျဲတာပေါ့ ” လို့ ပြောပြလာခဲ့တာပါ။

တစ်ဖက်ကလက်ဆွဲနှှုတ်ဆက်ပေမယ့် ပြန်မနှှုတ်ဆက်ဖြစ်ခဲ့တဲ့ အကြောင်းအရင်းကိုလည်း“ဆိုတဲ့အခါမှာလည်း ကိုဗစ်ကာလဖြစ်တဲ့အတွက်ကြောင့် Social Distancing အရ လုံးဝထိတွ့ဆက်ဆံလို့မရပါဘူး သုံးပေအခွာတွေဘာတွေလုပ်ပြီးတော့ ဆိုရတာဖြစ်တဲ့အတွက်ကြောင့်

ကျန်းမာရေးကို ဂရုစိုက်လိုက်တာလည်းပါတယ် သူတို့ပြောတဲ့စည်းကမ်းကို လိုက်နာလိုက်တာလည်းပါတယ်ပေါ့ ကျွန်တော်တို့ မဆိုခင်မှာလည်းမှာထားတယ် အချင်းချင်းလက်ဆွဲနှှုတ်ဆက်လို့မရဘူး ဒိုင်တွေကိုလည်း လက်ဆွဲနှှုတ်ဆက်လို့မရဘူး ဆိုပြီး

သွားရင်ဆင်းသွားပါဘာညာဆိုပြီးတော့ တော်ကီတွေလာပွားထားတယ်ပွားထားတဲ့အခါကျတော့ ကျွန်တော်တို့က သူတို့ပြောတဲ့ တော်ကီတွေအောက်မှာပဲနေပြီးတော့ စည်းကမ်းလိုက်နာရတာပေါ့ ဆိုပြီးသွားလို့ လက်ဆွဲနှှုတ်ဆက်တဲ့အခါမှာ

ကျွန်တော်သူ့ကို အသားလည်းမထိဘူး တော်ကြာကိုယ့်ကြောင့် ကိုယ့်ဆီမှာရောဂါရှိနေခဲ့တယ်ဆိုပါစို့ သူ့ဆီကူးသွားမှာလေ သူ့ဆီမှာရှိနေရင်လည်း ကျွန်တော့ဆီကူးလာမှာ အဲ့လိုမျိုးတွေရှိတယ် ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက်က ကိုယ်ခံအားချင်းကမတူကြဘူး

ကိုယ်ခံအားမတူတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက်ကအမှားမဖြစ်တာအကောင်းဆုံးပဲဆိုပြီးတော့ ကျွန်တော်က သူ့ကိုလည်း ဂရုစိုက်ပေးလိုက်သလို ကိုယ့်ကိုကိုယ် ဂရုစိုက်လိုက်တာလည်းပါတယ် ဒါပါပဲ

ကျန်တာတော့ အပြင်မှာ ကျွန်တော်သည် ဘယ်လောက်သဘောကောင်းတယ်ဆိုတာ ကျွန်တော့ပရိသတ်တွေကအစသိကြပါတယ် အာ့လေးကို ပရိသတ်နားလည်အောင်ပြောပြတာပါ ကျွန်တော်သည် မိုက်ရိုင်းတာလည်းမဟုတ်ဘူး ချေတာလည်းမဟုတ်ဘူး

ဆရာကြီးအထာဖမ်းတာလည်းမဟုတ်ပါဘူး ကျွန်တော်အဆိုတော်ကြီးဖြစ်နေလို့ ဘာဖြစ်တယ် ညာဖြစ်တယ်လည်းမဟုတ်ပါဘူး အဆိုတော်ကြီးဖြစ်နေလည်း ကျွန်တော်ကအောက်ခြေကတက်လာတာဖြစ်လို့ အများကြီးနားလည်ပါတယ်

Team R Zarni က ညီအကိုမောင်နှမတွေအားလုံးနဲ့လည်း ကျွန်တော်က အရမ်းခင်ပါတယ် လို့ ရှင်းပြလာခဲ့တာဖြစ်ပါတယ်ဖြိုးကျော်ထိုက်ကတော့ TheVoice မှာအတူတူပြိုင်တဲ့ သူငယ်ချင်းကို လက်ဆွဲမနှုတ်ဆက်ခဲ့တဲ့ အကြောင်းရင်းကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့တာပဲဖြစ်ပါတယ်နော်။ ပရိသတ်ကြီးရဲ့အမြင်လေးကိုလည်း မျှဝေခဲ့ကြပါအုန်းနော်