Zawgyi
Unicode
ခင်ပွန်း ဖြစ်သူ ဆန္ဒရှိရင် နောက်ထပ်မိန်းမ ယူဖို့ ခွင့်ပြုထားပါတယ် လို့ ပွင့်ပွင့်လင်းလင်း ပြောပြလာတဲ့ လှနုထွန်း
ပရိသတ်ကြီးရေ.. Miss Tourism International Myanmar ရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်သလို အောင်မြင်မှုတွေအခိုင်အမာနဲ့ ပရိသတ်တွေအတွက် သူမရဲ့ ဗဟုသုတလေးတွေနဲ့ အတွေ့အကြုံလေးတွေကို မျှဝေပေးလေ့ရှိတဲ့ လှနုထွန်းကိုတော့ ပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေးစရာ မလိုလောက်တော့ပါဘူးနော်..။
လှနုထွန်းဟာ Relationship နဲ့ပတ်သတ်တဲ့ အကြံပေးမှုတွေ ကိုလည်း လုပ်ဆောင်လေ့ရှိသူဖြစ်ပြီး အမျိုးသမီးများအတွက် အကြံပြုစာများကို ပွင့်ပွင့်လင်းလင်း ရေးသားတတ်သူတစ်ဦးလည်းဖြစ်ပါတယ်
မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ လှနုထွန်းက ခင်ပွန်းဖြစ်သူကို နောက်ထပ်မိန်းမ ယူဖို့ ခွင့်ပြုထားတယ် လို့ဆိုလာခဲ့တာပါ“လှနုက အမျိုးသားကိုပြော ထားတာလေ လှနုကလေးမယူချင်ဘူး ဒီမှာရှင်းရှင်းပြောရင်
မြန်မာပြည်မှာ ကိုယ်ဝန်ပျက်တဲ့အချိန်တုန်းက ဆရာဝန်တွေရဲ့နှိပ်စက်မှုကိုခံရတယ်ပေါ့ ပိုက်ဆံမက်မှုကိုခံရတဲ့အချိန်မှာ လှနု အရမ်းနာသွားတယ် ထပ်ပြီးတော့ အဲ့ဒုက္ခကို ထပ်ပြီးမခံနိုင်တော့တဲ့အချိန်မှာ လှနုမယူတော့ဘူး
အဲ့ဒီ Trauma ကို ထပ်မလိုချင်တော့ဘူးကလေးကြီးလာတဲ့အချိန်ကျရင်လည်း ဒီကလေးကို ဆေးရုံဆိုတာခဏခဏရောက်မှာပဲ နေမကောင်းလို့ရှိရင် ဒီလူတွေနဲ့မဆက်ဆံချင်တော့ဘူး ပိုက်ဆံမက်တဲ့သူတွေနဲ့ မဆက်ဆံချင်တော့ဘူး
လုံးဝကလေးမယူဘူးဆိုပြီး လှနုရပ်လိုက်တဲ့အချိန်မှာ သူ့ကို လှနုပွင့်ပွင့်လင်းလင်းပဲပြောတယ် တခြားမိန်းမယူလို့ရတယ် လှနုထက်တော့ သာရမယ် လှနုထက်သာတဲ့မိန်းမ သူ့ဘဝကိုမြှင့်တင်ပေးနိုင်မယ့်မိန်းမ လှနုကိုမနှိပ်စက်မယ့်
အမျိုးသမီးဆိုရင်ယူပါ လှနုပွင့်ပွင့်လင်းလင်းပဲပြောထားတယ် လှနုမှာ သဝန်တိုတယ်ဆိုတာမရှိဘူး တစ်ခုပဲပြောထားတယ် လှနုအောက်အောင်မလုပ်နဲ့ ဒါပဲလှနုပြောထားတယ် ဘာလို့ပြောလဲဆိုရင် လှနုလိုချင်တာတစ်ခု သူ့ဆီက တောင်းဆိုပြီးသွားပြီ
အဲ့ဒီအတွက် သူ့ကို အဆင်ပြေအောင်တစ်ခုခုပြန်ပေးရမယ် ကိုယ်ကချည်းပဲ အနိုင်လိုချင်နေလို့မရဘူးလေ သူလိုချင်တယ် လိုအပ်မယ်ဆိုရင် သူထွက်ပေါက်ရအောင် လှနုကြိုပြီးတော့ ပြောထားပေးတယ်
အခုလောလောဆယ်တော့ သူကတခြားမိန်းမထက် သူ့ဗိုက်ကို သူပိုချစ်တယ် စားတာစားတာဆိုတာ သူကအဲ့တစ်ခုတော့ဘယ်လိုမှမရဘူး နောက်သူကကြောင်လေးတွေ ခွေးလေးတွေအရမ်းချစ်တယ် သူဘန်ကောက်မှာလည်း ကြောင်နှစ်ကောင်မွေးထားတယ်လို့ ဆိုလာခဲ့တာပါ
ပရိသတ်ကြီးရေ လှနုထွန်းကတော့ သူ့ရဲ့ထုံးစံအတိုင်းပဲ သူမရဲ့ခင်ပွန်းနဲ့ ဆက်ဆံရေးကို ပွင့်လင်းစွာပြောပြသွားခဲ့တာပဲဖြစ်ပါတယ်နော် လှနုထွန်းအပေါ် ပရိသတ်ကြီးရဲ့အမြင်လေးကိုလည်းပြောခဲ့ကြပါအုန်းနော်