
Zawgyi





Unicode

နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဝန်ထမ်းအချို့အတွက် စိုးရိမ်စရာအခြေအနေ

နာရေးကူညီမှုအသင်း (ရန်ကုန်)မှ၀န်ထမ်းတစ်ဦး အနံ့ပျောက်၍ ယင်း၀န်ထမ်းနှင့်ထိတွေ့ခဲ့သည့် အသင်းဥက္ကဋ္ဌ ဦးကျော်သူအပါအဝင် အခြား၀န်ထမ်းများပါ Home Quarantine နေထိုင်လျက်ရှိကြောင်း သိရသည်။

ဒီ၀န်ထမ်းက ကျွန်တော်နဲ့ထိတွေ့ထားတော့ သေချာအောင်လုပ်နေတယ်။အခုချိန်က ၀န်ထမ်းအင်အားလျှော့နေတော့ ကိုယ်တိုင်လည်း အလုပ်၀င်လုပ်နေတယ်။

အဲဒီအတွက်ကြောင့် အခြားသူတွေမထိအောင် ကျွန်တော်တို့သေသေချာချာလုပ်ဆောင်ရမယ်။ နောက်သုံးရက်လောက်ဆို ဆေးစစ်ပါ့မယ် ဟု နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ထံမှသိရပါတယ်။