Zawgyi
Unicode
COVID ကာလ ကြက်ဥဝယ်ဖို့တောင်အနိုင်နိုင်ဖြစ်နေတဲ့သူ့အတွက် စိန်တွေကို LIVEမှာ သိန်းထောင်ချီ ဝယ်နေတဲ့ သူတွေ ကို အံ့သြနေတဲ့ သားညီ
ပရိသတ်ကြီးရေ သားညီက တော့ ရုပ်ရှင်လောကမှာထိပ်တန်းစူပါမင်းသားကြီးတွေရဲ့မျိုးဆက်တစ်ဦးပါ။သရုပ်ဆောင်အပြင် အခုချိန်မှာ ဒါရိုက်တာတစ်ယောက်အဖြစ် ရပ်တည်နေသူပါ။
သူရိုက်ကူးတဲ့ကြော်ငြာတွေကအစပရိသတ်တွေသဘောကျအားပေးခဲ့ရတာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုလည်းရိုက်ကူးနေသူပါ။
ဒီနေ့မှာတော့ ” ကိုဗစ်ကာလ စီးပွာရေး မကောင်းဘူးသာပြောနေကြတာLive လွှင့်ရောင်းတဲ့ စိန်ဆိုင်တွေမှာဝယ်နေလိုက်ကြတာများ သိန်းရာကျော်တန်တွေကိုပဲကြီးလှော် ဝယ်သလို ဝယ်နေကြတာဟ!!!
ကိုယ်တွေများ ကြက်ဥတောင်တစ်ကဒ်ဝယ်မလား နှစ်ကဒ်တစ်ခါတည်း ဝယ်ရမလားတော်တော် စဉ်းစားနေရတယ် ”ဆိုတဲ့စာလေးတင်လာခဲ့တာပါ။
သားညီပြောတဲ့ စကားကလည်း မှန်သလိုလိုပါပဲနော် ပရိတ်သတ်ကြီးရေ။ပရိသတ်တွေထဲမှာရော သားညီနဲ့အဖြစ်တူနေတဲ့သူတွေရှိရင်မှတ်ချက်ပေးခဲ့ပါဦးနော်။
ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။Source : TharNyi