Zawgyi
Unicode
မွေးရာပါ သွေးကင်ဆာဝေဒနာ ခံစားနေရသူ မဥမ္မာဝင်းရဲ့ သာသနာ့ဘောင် ဝင်လိုသည့်ဆန္ဒကို ဖြည့်ဆည်းပေးပြီး သာသနာ့ဒါယကာ အဖြစ် ခံယူလိုက်တဲ့ ဒိန်းဒေါင်
ဟာသသရုပ်ဆောင် ဒိန်းဒေါင်ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ ဒိန်းဒေါင်က ယနေ့အချိန်အထိ ဗီဒီယို၊ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး
ပရိသတ်အခိုင်အမာရရှိထားတာ ဖြစ်ပါတယ် ။ စိတ်ထားကောင်းပြီး ပျော်ပျော်နေတဲ့ ဒိန်းဒေါင်က အားလုံးကြားမှာ အမြဲတမ်း လူချစ်လူခင်ပေါများလို့နေတာပဲ ဖြစ်ပါတယ်
နှစ်ပေါင်းများစွာတိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေများစွာနဲ့ ရပ်တည်နေသူလည်း ဖြစ်ပါတယ်။လူရွှင်တော်မှတစ်ဆင့် သရုပ်ဆောင်အလုပ်တွေကို လုပ်ကိုင်လာခဲ့သူတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။
ဒိန်းဒေါင်ဟာ ဟာသဘက်တွင်သာမက ဒရမ်မာ ရုပ်ဇာတ်တွေကိုလည်း ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ ဝါရင့် သရုပ်ဆောင် တစ်ဦးပဲ ဖြစ်ပါတယ်။ဒီနေ့မှာတော့ မွေးရာပါ သွေးကင်ဆင်ဝေဒနာ ခံစားနေရသူ မဥမ္မာဝင်းက
လူရွှင်တော် ဒိန်းဒေါင် သီလရှင်ဝတ်ပေးပါက တစ်သက်လုံး ဝတ်ပါမယ်လို့ ဆန္ဒပြုတဲ့အတွက် လူရွှင်တော် ဒိန်းဒေါင် ဦးဆောင်တဲ့ ‘ချွန်တွန်း’ ပရဟိတအဖွဲ့က ဒီကနေ့ အောက်တိုဘာလ၊ ၁၈ ရက်၊ မနက်ပိုင်းက
သီလရှင်ဝတ် အလှူပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ပရိသတ်ကြီးအတွက် ဒိန်းဒေါင် တို့ ချွန်တွန်းပရဟိတအဖွဲ့ရဲ့ ကုသိုလ်လေးကို သာဓုခေါ်ရအောင်ဖော်ပြပေးလိုက်ပါတယ်နော်။