Zawgyi
Unicode
အခြေခံပညာ အတန်းအားလုံးတွက် ရုပ်မြင်သံကြားနှင့် ရေဒီယိုကနေ အောက်တိုဘာ လကုန်စ တင် ထုတ်လွှင့် သင်ကြားမည်
ရန်ကုန် ၊၂၀၂၀ အောက်တိုဘာ ၁၉ရက် အခြေခံ ပညာ အတန်းအားလုံး အတွက် ရုပ်မြင်သံ ကြားနှင့် ရေဒီယိုမှ အောက်တိုဘာ လကုန် စတင်ထုတ်လွှင့် သင်ကြားမည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန မှ ညွှန်ကြာရေးမှူးချုပ် ဦးကိုလေးဝင်းကပြောသည်။
အခြေခံ ပညာ ကျောင်းများနှင့်ပတ်သက်၍ အော်ကတိုဘာ ၁၉ရက် Myanmar Harp media က ဆက်သွယ် မေးမြန်းရာတွင်ပညာရေး ဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာန မှ ညွှန်ကြားရေး မှူးချုပ် ဦးကိုလေးဝင်း ကမှ ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ကတော့ ရည်ရွယ် ထားတာ အတန်းအားလုံး အတွက်ပါပဲ။မူလယ်ထက် အကုန်လုံး ပါပဲ။ ဒီလကုန် စလွှင့်မှာ ပေါ့။စနစ်ဟောင်း သင်ခန်းစာ တွေဆို မူလက ရိုက်ပြီး သားတွေ ရှိနေတယ်။ အဲဒါတွေကို တော့လွှင့်နေပြီ။
myanmar education ချန်နယ်တို့ ၊ ဒါကတော့ အွန်လိုင်းဘက်မှာ လွှင့်နေပြီ။ ရေဒီယို သင် ခန်းစာ တွေဆိုလည်း ရှိပြီးသားတွေ လွှင့်ဖို့ လုပ်နေပြီ ဟု ၎င်းကပြောသည်။ COVID 19 စတင်ဖြ စ်ပွားသည့် အချိန်
ပထမလှိုင်းတွင် ကျောင်းများပိတ်ခဲ့ ပြီးတဲ့နောက် ကိုဗစ် ထိန်းချုပ် နိုင်သည့်အ ကာ အကွယ်များကို စီမံထားသည် A အဆင့်ရအ ခြေခံပညာ အထက်တန်း ကျောင်းများ ကိုပထမလှိုင်း တည်ငြိမ်ချိန် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်ဒုတိယလှိုင်းတွင် ပြန်လည် ပိတ်ခဲ့သည်။
အခြေခံ ပညာဦးစီးဌာန အောက်တွင် အခြေခံပညာ ကျော င်း ပေါင်း ငါးသောင်းကျော် ဆရာ၊ ဆရာမပေါင်းသိန်းနှင့်ချီ ရှိကြောင်း သိရသည်။ ကျောင်းဖွင့်သှ်ဖြစ်စေ မဖွင့်သည် ဖြစ်စေ မိဘတွေ ကတော့ အိ မ်မှာ ကလေးတွေကို စာအတူ လေ့ကျင့်ပေးတာ လုပ်သင့် တာပေါ့။
သင်ယူမှု အခွင့်အလမ်း မဆုံး ရှုံးစေဖို့ မိဘတွေ အိမ်မှာရှိတယ်။ မိဘတွေ အကိုတွေအမတွေ ဒါတွေက ပုံမှန်လေး သူ့ဘာသာ သ င် ပေးရင်တော့ ကလေးက ကျောင်း သင်ခန်းစာမပြတ်လပ် တော့ဘူးပေါ့။
နို့မို့ဆို ဒီတိုင်းပဲ ပစ်ထ ထား မယ်ဆိုရင် သင်ယူမှု အခွင့်အလမ်း ဆုံးရှုံးပြီးတော့ ကလေးတွေက သင်ယူချင်တဲ့ စိတ်တွေ ပျောက်သွား လိမ့်မယ်ဟု ညွှန်ကြားရေး မှူးချုပ် ဦးကိုလေးဝင်းကပြောသည်။
လက်ရှိတွင် ကိုဗစ် 19 ကြောင့် အခြေခံပညာ ကျောင်းများ ပိတ်ထားရပြီး ကျောင်းသား များသင်ယူခွင့် အခွင့်အလမ်း ၄၀ ရာခိုင်ရာနှုန်း ကျော် ဆုံးရှုံးပြီး ဖြစ်ကြောင်းသိရသည်။ခရက်ဒစ် – မင်းမင်း ( Myanmar Harp )