Zawgyi
Unicode
ကိုဗစ်အန္တရာယ်တွေရှိနေပေမယ့်လည်း မမှု့နိုင်ပဲဝမ်းရေးအတွက်မို့ ဈေးရောင်းနေရရှာတဲ့အဖိုးနဲ့အဖွားကို စားနပ်ရိက္ခာတွေလှူဒါန်းပေးခဲ့သော သရုပ်ဆောင် အိစိကွေး
ပရိတ်သတ်ကြီးရေ မြန်မာနိုင်ငံကို ကိုဗစ်ကပ်ရောဂါဆိုးကြီးဝင်ရောက်လာခဲ့တာ အချိန်အတော်ကြာမြင့်လာခဲ့ပြီဆိုတာအားလုံးလည်းသိရှိကြပြီဖြစ်မှာပါနော်။
အခုလိုအချိန်မှာ အားလုံးကြပ်တည်းစွာနဲ့ ဝမ်းရေးအတွက်လှုပ်ရှား ရုန်ကန်ရှာဖွေစားသောက်နေကြရတဲ့ခက်ခဲလွန်းတဲ့အချိန်တစ်ခုပါပဲနော်။
အထူးသဖြင့် လက်လုပ်လက်စားအခြေခံလူတန်စားတွေနဲ့ ကျောထောက်နောက်ခံမရှိတဲ့သက်ကြီးရွယ်အိုတွေအတွက်တော့ ပိုလိုပင်ခက်ခဲမှုတွေနဲ့ရင်ဆိုင်နေကြရတာပဲဖစ်ပါတယ်နော်။
ကိုဗစ်ကိုကြောက်လို့အိမ်ထဲမှာပဲနေချင်ပေမယ့်မတက်နိုင်တဲ့အဆုံး အပြင်ကိုထွက်ပြီး လုပ်ကိုင်စားသောက်ကြရတာပါပဲ။ အခုလည်း အသက်အရွယ်ကလည်းကြီးရင်နေပြီးကိုဗစ်ကိုလည်းကြောက်မိပေမယ့် ဝမ်းရေးအတွက် လမ်းပေါ်ထွက်ပြီး
ဈေးရောင်းကာရှာဖွေစားသောက်နေရတဲ့ အဖိုးနဲ့အဖွားကိုဝမ်းရေးအတွက်အဆင်ပြေစေရန် စာသောက်ဖွယ်ရာတွေ လှူဒါန်းခဲ့တဲ့ သရုပ်ဆောင် အိစိကွေး ရဲ့ အလှူဒါနလေးကိုချစ်ပရိတ်သတ်တွေ သာဓုခေါ်ဆိုနိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ ဒီထက်မကလှူနိုင်ပါစေ အိစိကွေးရယ်။ ခရက်ဒစ်