Wave Money ကေန လိမ္ဖို႔ႀကိဳးစားလာသူကို အမႈဖြင့္လိုက္တဲ့ အိစိေကြး

Zawgyi

Wave Money ကေန လိမ္ဖို႔ႀကိဳးစားလာသူကို အမႈဖြင့္လိုက္တဲ့ အိစိေကြး

အိစိေကြး(Eisi kway)ဟာ ကေလးဘဝကတည္းက အႏုပညာအလုပ္ေတြကို လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ ကေလးသ႐ုပ္ေဆာင္ဘဝကတည္းက ပရိသတ္ေတြရဲ့ အခ်စ္ကိုလည္း အျပည့္အဝ ရရွိထားသူ တစ္ေယာက္ပါ။

လက္ရွိမွာေတာ့ သူဟာ ပညာေရးကို ဦးစားေပးေနတာ ေၾကာင့္ အႏု ပ ညာအလုပ္ေတြကို တစိုက္မတ္မတ္မလုပ္နိုင္ေသးဘူးလို့ သိရပါတယ္။သ႐ုပ္ေဆာင္ အိစိေကြးက အခုဆိုရင္ ေခါင္းေဆာင္မင္းသား ေနရာကေန ဇာတ္ကားေတြ ရိုက္ ကူးေနရပါၿပီ။ လက္ရွိကိုဗစ္ကာလ အႏုပညာလုပ္ငန္းမ်ားရပ္နားထားခ်ိန္မွာေတာ့ ခ်ိဳသာေသာ ေစ်းႏွုန္းနဲ႔ လူအမ်ားစားသုံးနိုင္ေစဖို့ ထမင္းဘူးေတြကို ေရာင္းခ်ေပးေနတာပါ ။

ကိုဗစ္တိုက္ဖ်က္ေရးအတြက္ အလွူဒါနေတြကိုလည္း ျပဳလုပ္ေပးေနတဲ့ အိစိေကြးဟာ အလွူ ေငြေတြကို ခိုးယူဖို့ ႀကိဳးစားသူေတြေၾကာင့္ ရဲစခန္းမွာ အမွုဖြင့္ထားတဲ့အေၾကာင္းေျပာ ၾကား လာခဲ့တာပါ

“တကယ္ကေတာ့ ကိုဗစ္တိုက္ဖ်က္ေရးမွာ ေဗာ္လန္တီယာအေနနဲ႔ ကူေပးခ်င္တာေပါ့ေနာ္ ဒါေပ မယ့္လည္း အိမ္က မိဘေတြက စိတ္မခ်တာရယ္ ေနာက္ကူၿပီး ျပန္လာရင္လည္း Q ဝင္ေနရမွာ ေတြ ရယ္ေၾကာင့္မလုပ္ျဖစ္တာပါ

ဘယ္လိုကူရမလဲေတြးၾကည့္ေတာ့ ထမင္းဘူးေလးေတြ စင္ တာေတြကို လိုက္လွူဖို့စိတ္ကူးမိတယ္ စင္တာတစ္ခုကို လူေထာင္ေက်ာ္ရွိတာဆိုေတာ့ အိစိ တစ္ ေယာက္ထဲနဲ႔လည္းမနိုင္ဘူး

ဒါနဲ႔ ပရိသတ္ေတြဆီက တစ္ေယာက္တစ္ေထာင္ေလာက္နဲ႔ စု ၿပီး လွူဖို့ အိုင္ဒီယာရတာနဲ႔ လွူျဖစ္သြားတာပါ” လို့ စင္တာေတြမွာ ထမင္းဘူးလွူဖို့ အလွူေငြ ေကာက္ခံျဖစ္ခဲ့ပုံကို ဖြင့္ဟလာခဲ့တာပါ

ဆက္လက္ၿပီး အလွူေငြေတြကို လိမ္လည္ခိုးယူဖို့ ႀကိဳးစားခံရပုံကိုလည္း “ကၽြန္ေတာ္တို့ Wavemoney ကေနေပါ့ေနာ္ ဆိုင္ေတြမွာ အေကာင့္ထဲကေငြထုတ္မယ္ဆိုရင္ သူတို့ကို ဖုန္း နံပါတ္ေျပာရတယ္ေလ

ေငြ Amount ဘယ္ေလာက္ဆိုၿပီးေျပာလိုက္ရင္ Password ေျပာလိုက္ရင္ ရၿပီေလ transaction ID တို့ password တို့ေျပာလိုက္မွ သူတို့ဆီပိုက္ဆံေရာက္ သြားတာေလအဲ့ဒီေန႔ကက်ေနာ္ ညဘက္ႀကီးမအိပ္ပဲ ဂိမ္းေဆာ့ေနတုန္း စာဝင္လာတယ္

ေငြတစ္သိန္း ထုတ္ သြားပါသည္တဲ့ အဲ့မွာကၽြန္ေတာ္စဥ္းစားလိုက္ေတာ့ ငါ့ေငြမွမထုတ္တာ ဘာလို့စာဝင္လာတာလည္း ေပါ့ေနာ္ ၿပီးလည္းၿပီးေရာ ဖုန္းဝင္လာတယ္

အကိုေရ အလွူေငြထည့္ခ်င္လို့ password ေလး က်ေနာ့ေျပာျပပါတဲ့ အကိုလို့ ဆုေတာင္းလိုက္လို့ လိုခ်င္ရင္လို့ေျပာလိုက္ေတာ့ သူလန႔္ၿပီး ဖုန္းခ်သြားတယ္ ၿပီးလည္းၿပီးေရာ ကၽြန္ေတာ္ဖုန္းေတြျပန္ေခၚေတာ့ သူမကိုင္ေတာ့ဘူး

ကၽြန္ေတာ္ လည္းေတာ္ေတာ္ေဒါသထြက္သြားတာနဲ႔ ေတာ္ေတာ္ဆဲလႊတ္လိုက္တယ္ ပရိသတ္ေတြရဲ့ အလွူ ေငြ ေတြကို ဒီလိုလိမ္ဖို့ လုပ္တာေတာ့ ေတာ္ေတာ္ေဒါသထြက္မိတယ္ ။

က်ေနတာ႔ပိုက္ဆံ ဆိုရင္ ေတာင္ ကၽြန္ေတာ္ အဲ့လိုေဒါသထြက္မွာမဟုတ္ဘူး အဲ့ဒီေန႔ညက ေတာ္ေတာ္ေဒါသ ထြက္ေန တာ နဲ႔ အိမ္ကလူေတြကဝိုင္းထိန္းလိုက္ရတယ္ ” လို့ အိစိေကြးကေျပာၾကားလာခဲ့တာပါ

“ေနာက္ေန႔က်ေတာ့ ကၽြန္ေတာ္တာေမြရဲစခန္းကိုသြားၿပီး အမွုဖြင့္လိုက္တယ္ သူဆက္တဲ့ ဖုန္းနံ ပါတ္ ကိုရွာလိုက္တဲ့အခ်ိန္မွာ တျခားအေရာင္းအဝယ္ေတြလည္းလုပ္ထားတာေတြ႕ရတယ္

ကတ္ဆက္အေဟာင္းအေရာင္းအဝယ္တို့ ဆယ္တန္းေအာင္စာရင္းၾကည့္ေပးမည္တို့မွာ ပါဒီဖုန္းနံ ပါတ္ ကို ေတြ႕ရတယ္ အဲ့ဒါေတြလည္းအမွန္အကန္ေရာဟုတ္ရဲ့လား လိမ္ညာထားတာလား ဆို တာေတာ့ မသိဘူး

အဲ့ မွာအေကာင့္နာမည္လည္းပါတယ္ သူလုပ္ထားတာအကုန္လုံးကို ရဲစ ခန္း ကိုျပခဲ့တယ္ သူတို့ေရးမွတ္ထားတယ္ သူတို့မၾကာခင္မွာ လိုက္လိမ့္မယ္ထင္ပါတယ္” လို့ လာလိမ္တဲ့သူကို အမွုဖြင့္ ထားေၾကာင္းေျပာျပလာခဲ့တာျဖစ္ပါတယ္ ။

အလွူေငြေတြကို ခိုးယူဖို့ ႀကိဳးစားသူေတြေၾကာင့္ ရဲစခန္းမွာ အမွုဖြင့္ထားတဲ့အေၾကာင္းေျပာၾကားလာခဲ့တာပါေနာ္ ပရိသတ္ႀကီးလည္း Wavemoney အသုံးျပဳမယ္ဆိုရင္ Password ကို ဘယ္သူ႔ကိုမွ ေျပာမျပမိဖို့ အေရးႀကီးေၾကာ င္း အသိေပးလိုက္ပါရေစေနာ္ ။

Unicode

Wave Money ကနေ လိမ်ဖို့ကြိုးစားလာသူကို အမှုဖွင့်လိုက်တဲ့ အိစိကွေး

အိစိကွေး(Eisi kway)ဟာ ကလေးဘဝကတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကိုလည်း အပြည့်အဝ ရရှိထားသူ တစ်ယောက်ပါ။

လက်ရှိမှာတော့ သူဟာ ပညာရေးကို ဦးစားပေးနေတာ ကြောင့် အနု ပ ညာအလုပ်တွေကို တစိုက်မတ်မတ်မလုပ်နိုင်သေးဘူးလို့ သိရပါတယ်။သရုပ်ဆောင် အိစိကွေးက အခုဆိုရင် ခေါင်းဆောင်မင်းသား နေရာကနေ ဇာတ်ကားတွေ ရိုက် ကူးနေရပါပြီ။ လက်ရှိကိုဗစ်ကာလ အနုပညာလုပ်ငန်းများရပ်နားထားချိန်မှာတော့ ချိုသာသော ဈေးနှုန်းနဲ့ လူအများစားသုံးနိုင်စေဖို့ ထမင်းဘူးတွေကို ရောင်းချပေးနေတာပါ ။

ကိုဗစ်တိုက်ဖျက်ရေးအတွက် အလှူဒါနတွေကိုလည်း ပြုလုပ်ပေးနေတဲ့ အိစိကွေးဟာ အလှူ ငွေတွေကို ခိုးယူဖို့ ကြိုးစားသူတွေကြောင့် ရဲစခန်းမှာ အမှုဖွင့်ထားတဲ့အကြောင်းပြော ကြား လာခဲ့တာပါ

“တကယ်ကတော့ ကိုဗစ်တိုက်ဖျက်ရေးမှာ ဗော်လန်တီယာအနေနဲ့ ကူပေးချင်တာပေါ့နော် ဒါပေ မယ့်လည်း အိမ်က မိဘတွေက စိတ်မချတာရယ် နောက်ကူပြီး ပြန်လာရင်လည်း Q ဝင်နေရမှာ တွေ ရယ်ကြောင့်မလုပ်ဖြစ်တာပါ

ဘယ်လိုကူရမလဲတွေးကြည့်တော့ ထမင်းဘူးလေးတွေ စင် တာတွေကို လိုက်လှူဖို့စိတ်ကူးမိတယ် စင်တာတစ်ခုကို လူထောင်ကျော်ရှိတာဆိုတော့ အိစိ တစ် ယောက်ထဲနဲ့လည်းမနိုင်ဘူး

ဒါနဲ့ ပရိသတ်တွေဆီက တစ်ယောက်တစ်ထောင်လောက်နဲ့ စု ပြီး လှူဖို့ အိုင်ဒီယာရတာနဲ့ လှူဖြစ်သွားတာပါ” လို့ စင်တာတွေမှာ ထမင်းဘူးလှူဖို့ အလှူငွေ ကောက်ခံဖြစ်ခဲ့ပုံကို ဖွင့်ဟလာခဲ့တာပါ

ဆက်လက်ပြီး အလှူငွေတွေကို လိမ်လည်ခိုးယူဖို့ ကြိုးစားခံရပုံကိုလည်း “ကျွန်တော်တို့ Wavemoney ကနေပေါ့နော် ဆိုင်တွေမှာ အကောင့်ထဲကငွေထုတ်မယ်ဆိုရင် သူတို့ကို ဖုန်း နံပါတ်ပြောရတယ်လေ

ငွေ Amount ဘယ်လောက်ဆိုပြီးပြောလိုက်ရင် Password ပြောလိုက်ရင် ရပြီလေ transaction ID တို့ password တို့ပြောလိုက်မှ သူတို့ဆီပိုက်ဆံရောက် သွားတာလေအဲ့ဒီနေ့ကကျနော် ညဘက်ကြီးမအိပ်ပဲ ဂိမ်းဆော့နေတုန်း စာဝင်လာတယ်

ငွေတစ်သိန်း ထုတ် သွားပါသည်တဲ့ အဲ့မှာကျွန်တော်စဉ်းစားလိုက်တော့ ငါ့ငွေမှမထုတ်တာ ဘာလို့စာဝင်လာတာလည်း ပေါ့နော် ပြီးလည်းပြီးရော ဖုန်းဝင်လာတယ်

အကိုရေ အလှူငွေထည့်ချင်လို့ password လေး ကျနော့ပြောပြပါတဲ့ အကိုလို့ ဆုတောင်းလိုက်လို့ လိုချင်ရင်လို့ပြောလိုက်တော့ သူလန့်ပြီး ဖုန်းချသွားတယ် ပြီးလည်းပြီးရော ကျွန်တော်ဖုန်းတွေပြန်ခေါ်တော့ သူမကိုင်တော့ဘူး

ကျွန်တော် လည်းတော်တော်ဒေါသထွက်သွားတာနဲ့ တော်တော်ဆဲလွှတ်လိုက်တယ် ပရိသတ်တွေရဲ့ အလှူ ငွေ တွေကို ဒီလိုလိမ်ဖို့ လုပ်တာတော့ တော်တော်ဒေါသထွက်မိတယ် ။

ကျနေတာ့ပိုက်ဆံ ဆိုရင် တောင် ကျွန်တော် အဲ့လိုဒေါသထွက်မှာမဟုတ်ဘူး အဲ့ဒီနေ့ညက တော်တော်ဒေါသ ထွက်နေ တာ နဲ့ အိမ်ကလူတွေကဝိုင်းထိန်းလိုက်ရတယ် ” လို့ အိစိကွေးကပြောကြားလာခဲ့တာပါ

“နောက်နေ့ကျတော့ ကျွန်တော်တာမွေရဲစခန်းကိုသွားပြီး အမှုဖွင့်လိုက်တယ် သူဆက်တဲ့ ဖုန်းနံ ပါတ် ကိုရှာလိုက်တဲ့အချိန်မှာ တခြားအရောင်းအဝယ်တွေလည်းလုပ်ထားတာတွေ့ရတယ်

ကတ်ဆက်အဟောင်းအရောင်းအဝယ်တို့ ဆယ်တန်းအောင်စာရင်းကြည့်ပေးမည်တို့မှာ ပါဒီဖုန်းနံ ပါတ် ကို တွေ့ရတယ် အဲ့ဒါတွေလည်းအမှန်အကန်ရောဟုတ်ရဲ့လား လိမ်ညာထားတာလား ဆို တာတော့ မသိဘူး

အဲ့ မှာအကောင့်နာမည်လည်းပါတယ် သူလုပ်ထားတာအကုန်လုံးကို ရဲစ ခန်း ကိုပြခဲ့တယ် သူတို့ရေးမှတ်ထားတယ် သူတို့မကြာခင်မှာ လိုက်လိမ့်မယ်ထင်ပါတယ်” လို့ လာလိမ်တဲ့သူကို အမှုဖွင့် ထားကြောင်းပြောပြလာခဲ့တာဖြစ်ပါတယ် ။

အလှူငွေတွေကို ခိုးယူဖို့ ကြိုးစားသူတွေကြောင့် ရဲစခန်းမှာ အမှုဖွင့်ထားတဲ့အကြောင်းပြောကြားလာခဲ့တာပါနော် ပရိသတ်ကြီးလည်း Wavemoney အသုံးပြုမယ်ဆိုရင် Password ကို ဘယ်သူ့ကိုမှ ပြောမပြမိဖို့ အရေးကြီးကြော င်း အသိပေးလိုက်ပါရစေနော် ။