ေဟာကိန္းေတြကမွန္ေနေတာ့ ေၾကာက္ေတာင္ေၾကာက္လာၿပီ

Zawgyi

ေဟာကိန္း ေတြက မွန္ေနေတာ့ ေၾကာက္ေတာင္ ေၾကာက္လာၿပီ

အေမွာင္ေျမ ၏ တေယာသံေဟာကိန္းမ်ား နိမိတ္ဆိုတာနဲ႔ ပတ္သက္ၿပီး လက္ခံရရွိေနတာ တစ္ပတ္ခန္႔ရွိပါၿပီ။ အေျခအေနတစ္ခုကို ေစာင့္ၾကည့္ေနလို႔ ဘာမွသတိမေပးျဖစ္တာပါ။

အေျခအေနတစ္ခုထက္မက သတိထားမိေနတာေၾကာင့္ေဆာင္ရန္ ေရွာင္ရန္ သတိထားႏိုင္ေအာင္ဤေဟာကိန္းအား ျဖန္႔ေဝေပးလိုက္ရပါသည္။ ဒီေဟာကိန္းသည္ 2021မတိုင္မီအထိ အက်ဳံးဝင္ပါသည္။

၁. မၾကာခင္အေတာအတြင္း အႏုပညာရွင္ေလာကသားအတြင္းအသုဘသတင္းမ်ား ထပ္မံၾကားရလိမ့္အုန္းမည္။

၂. ကို႐ိုနာ သံသယလူနာမ်ားအရင္ထက္ ရာခိုင္ႏႈန္းအလြန္ျမင့္တက္လာေတာ့မည္။

၃. အိမ္နီးခ်င္းႏိုင္ငံမ်ား အားလုံးတို႔၏အရႈပ္ထုပ္မ်ားေၾကာင့္ ႏိုင္ငံေရးဆိုင္ရာအရႈပ္မ်ား ျဖစ္ေပၚလိမ့္မည္။

၄. ကမာၻလုံးဆိုင္ရာတစ္ခုလုံးအားလႈပ္ခတ္သြားမည့္ သတင္းဆိုးတစ္ခုထြက္ေပၚလာလိမ့္မည္။

၅. တိရစာၦန္မ်ား သမ႐ိုးက်မဟုတ္ဘဲအစုလိုက္ အၿပဳံလိုက္ ေသဆုံးျခင္းမ်ားျဖစ္ေပၚလာတတ္သည္။

၆. သမ႐ိုးက်မဟုတ္ေသာရာသီဥတုေဖာက္ျပန္မႈတစ္ခ်ိဳ႕ ျဖစ္ေပၚလာတတ္သည္။

၇. ပုံမွန္ထက္ သရဲတေစၦမ်ားသတ္ေသမႈမ်ား မ်ားျပားလာသည့္အတြက္ေၾကာင့္ ေလလႊင့္သရဲတေစၦမ်ား တိုးပြားလာေတာ့မည္။

၈. ေဟာကိန္း ၅.၆.၇ ျဖစ္တာစိပ္လာၿပီဆိုလွ်င္မူ ဆိုး႐ြားေသာႏိုင္ငံေရးေျပာင္းလဲမႈ ျဖစ္မည္။

၉. အမ်ားသူဌာ ၾကည္ညိဳေလးစားခံရေသာ ဘာသာေရးဆိုင္ရာ ပုဂၢိဳလ္ႀကီးမ်ား တစ္ေယာက္ထက္ မနည္းေသဆုံးမႈ ျဖစ္လာတတ္သည္။

၁၀. စီးပြားေရးရႈပ္ေထြးၿပီးေဒၚလာေဈးမ်ားသိသာစြာ ထိုးက်လာတတ္သည္။စီးပြားေရးပ်က္ကပ္ျဖစ္သြားႏိုင္သည္။

၁၁. အမ်ားေမွ်ာ္ေနသည့္ သတင္းဆိုးလာခါနီးေနပါၿပီ။ ဘာသတင္းလည္းမသိပါ။ နီးကပ္ေနပီဆိုတာေတာ့သတိထားမိပါသည္။လင္းညိဳ႕တာရာ

Unicode

ဟောကိန်း တွေက မှန်နေတော့ ကြောက်တောင် ကြောက်လာပြီ

အမှောင်မြေ ၏ တယောသံဟောကိန်းများ နိမိတ်ဆိုတာနဲ့ ပတ်သက်ပြီး လက်ခံရရှိနေတာ တစ်ပတ်ခန့်ရှိပါပြီ။ အခြေအနေတစ်ခုကို စောင့်ကြည့်နေလို့ ဘာမှသတိမပေးဖြစ်တာပါ။

အခြေအနေတစ်ခုထက်မက သတိထားမိနေတာကြောင့်ဆောင်ရန် ရှောင်ရန် သတိထားနိုင်အောင်ဤဟောကိန်းအား ဖြန့်ဝေပေးလိုက်ရပါသည်။ ဒီဟောကိန်းသည် 2021မတိုင်မီအထိ အကျုံးဝင်ပါသည်။

၁. မကြာခင်အတောအတွင်း အနုပညာရှင်လောကသားအတွင်းအသုဘသတင်းများ ထပ်မံကြားရလိမ့်အုန်းမည်။

၂. ကိုရိုနာ သံသယလူနာများအရင်ထက် ရာခိုင်နှုန်းအလွန်မြင့်တက်လာတော့မည်။

၃. အိမ်နီးချင်းနိုင်ငံများ အားလုံးတို့၏အရှုပ်ထုပ်များကြောင့် နိုင်ငံရေးဆိုင်ရာအရှုပ်များ ဖြစ်ပေါ်လိမ့်မည်။

၄. ကမ္ဘာလုံးဆိုင်ရာတစ်ခုလုံးအားလှုပ်ခတ်သွားမည့် သတင်းဆိုးတစ်ခုထွက်ပေါ်လာလိမ့်မည်။

၅. တိရစ္ဆာန်များ သမရိုးကျမဟုတ်ဘဲအစုလိုက် အပြုံလိုက် သေဆုံးခြင်းများဖြစ်ပေါ်လာတတ်သည်။

၆. သမရိုးကျမဟုတ်သောရာသီဥတုဖောက်ပြန်မှုတစ်ချို့ ဖြစ်ပေါ်လာတတ်သည်။

၇. ပုံမှန်ထက် သရဲတစ္ဆေများသတ်သေမှုများ များပြားလာသည့်အတွက်ကြောင့် လေလွှင့်သရဲတစ္ဆေများ တိုးပွားလာတော့မည်။

၈. ဟောကိန်း ၅.၆.၇ ဖြစ်တာစိပ်လာပြီဆိုလျှင်မူ ဆိုးရွားသောနိုင်ငံရေးပြောင်းလဲမှု ဖြစ်မည်။

၉. အများသူဌာ ကြည်ညိုလေးစားခံရသော ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်ကြီးများ တစ်ယောက်ထက် မနည်းသေဆုံးမှု ဖြစ်လာတတ်သည်။

၁၀. စီးပွားရေးရှုပ်ထွေးပြီးဒေါ်လာဈေးများသိသာစွာ ထိုးကျလာတတ်သည်။စီးပွားရေးပျက်ကပ်ဖြစ်သွားနိုင်သည်။

၁၁. အများမျှော်နေသည့် သတင်းဆိုးလာခါနီးနေပါပြီ။ ဘာသတင်းလည်းမသိပါ။ နီးကပ်နေပီဆိုတာတော့သတိထားမိပါသည်။လင်းညို့တာရာ