ဦးေက်ာ္သူအတြက္ အသက္ပါေပးရဲတယ္ဆိုတာ သက္ေသျပလိုက္တဲ့ ထြန္းကိုကို

Zawgyi

ဦးေက်ာ္သူအတြက္ အသက္ပါေပးရဲတယ္ဆိုတာ သက္ေသျပလိုက္တဲ့ ထြန္းကိုကို

ဉီးေက်ာ္သူအတြက္အသက္ပါေပးရဲတယ္ဆိုတာ သက္ေသ ျပလိုက္တဲ့ ထြန္းကိုကိုေအာ္ရဲေဘာ္ရဲဘက္စိတ္ဓါတ္ဆိုတာ တကယ္ျမင့္ျမတ္တဲ့ စိတ္ဓါတ္ပါလား။

အသင္းကကေလးတစ္ေယာက္ positive ျဖစ္လို႔ ကိုေက်ာ္သူက သူနဲ႔ contact ရွိထားတဲ့အတြက္ ၆ရက္ေျမာက္ေန႔မွာ swab test စစ္လိုက္တာ positive ျဖစ္ေနပါတယ္။

အခုအခ်ိန္အထိ ဘာေရာဂါလကၡဏာမွ မျပေပမဲ့ အရင္က ႏွလုံးေသြးေၾကာလဲထားတာရယ္၊ ေဆးလိပ္ေသာက္တတ္တာရယ္၊ ဆီးခ်ိဳနည္းနည္းတက္ခ်င္တာရယ္ေတြေၾကာင့္ ျဖစ္ႏိုင္ရင္ အိမ္မွာဘဲေနခ်င္ေပမဲ့လည္းဆရာႀကီးေဒါက္တာဦးၫႊန္႔သိန္းဆီက အႀကံဉာဏ္ယူၿပီး အဖက္ဖက္က အဆင္ေျပတဲ့ ေဝဘာဂီေဆး႐ုံကို သြားဖို႔ဆုံးျဖတ္လိုက္ပါတယ္။

အဲဒီမွာ တစ္သက္လုံး အေဖာ္နဲ႔အေပါင္းနဲ႔မွ ေနတတ္တဲ့ ကိုေက်ာ္သူ႔ကို အေဖာ္ျပဳလိုက္ဖို႔ လူတစ္ေယာက္လိုအပ္လာတာမွာ ထြန္းကိုကိုက သူလိုက္မယ္ဆိုၿပီး အဆိုျပဳၿပီးလိုက္သြားေလရဲ႕။

ပထမေတာ့ သူတို႔အုပ္စုရယ္ အိမ္ကကေလးရယ္တို႔ကို swab test ယူၿပီး positive ျဖစ္တဲ့သူလိုက္မယ္လို႔ စီစဥ္ေနၾကတာမွာ ကိုေက်ာ္သူက ဒီညေနဘဲသြားေတာ့မယ္ဆိုေတာ့ ထြန္းကိုကိုက ဘာမွမစစ္ရေသးခင္မွာဘဲ လိုက္သြားပါေလေရာ။

ေက်းဇူးတင္လိုက္တာသားရယ္။ တကယ့္ရဲေဘာ္ရဲဘက္စိတ္ဓါတ္ကို မ်က္ဝါး ထင္ထင္ေတြ႕ျမင္လိုက္ရလို႔ သာဓု အႀကိမ္ႀကိမ္ေခၚမိပါတယ္။ ႏွစ္ေယာက္စလုံးေဘးကင္းၿပီး အမ်ားအက်ိဳးကို ဆက္လက္သယ္ပိုးႏိုင္ၾကပါေစ။

ဒီကေန႔ တစ္ေနကုန္ သတင္းေမးဆုေတာင္းအားေပး အားေဆးေတြေပးအစားအစာေတြပို႔ေပးၾကတဲ့မိတ္ေဆြေတြအားလုံးကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္။ကိုေက်ာ္သူ လည္း အားလုံးရဲ႕ေမတၱာနဲ႔ အျမန္ဆုံး ျပန္လည္က်န္းမာလာပါေစ။

သားထြန္းကိုကိုေလးလည္း ေဘးကင္းပါေစ။ နာေရးကူညီမႈအသင္းသားအားလုံးလည္း ကပ္ေဘးကကင္းေဝးပါေစ။ တစ္ကမာၻလုံး အျမန္ၿငိမ္းခ်မ္းပါေစ။

Unicode

ဦးကျော်သူအတွက် အသက်ပါပေးရဲတယ်ဆိုတာ သက်သေပြလိုက်တဲ့ ထွန်းကိုကို

ဉီးကျော်သူအတွက်အသက်ပါပေးရဲတယ်ဆိုတာ သက်သေ ပြလိုက်တဲ့ ထွန်းကိုကိုအော်ရဲဘော်ရဲဘက်စိတ်ဓါတ်ဆိုတာ တကယ်မြင့်မြတ်တဲ့ စိတ်ဓါတ်ပါလား။

အသင်းကကလေးတစ်ယောက် positive ဖြစ်လို့ ကိုကျော်သူက သူနဲ့ contact ရှိထားတဲ့အတွက် ၆ရက်မြောက်နေ့မှာ swab test စစ်လိုက်တာ positive ဖြစ်နေပါတယ်။

အခုအချိန်အထိ ဘာရောဂါလက္ခဏာမှ မပြပေမဲ့ အရင်က နှလုံးသွေးကြောလဲထားတာရယ်၊ ဆေးလိပ်သောက်တတ်တာရယ်၊ ဆီးချိုနည်းနည်းတက်ချင်တာရယ်တွေကြောင့် ဖြစ်နိုင်ရင် အိမ်မှာဘဲနေချင်ပေမဲ့လည်းဆရာကြီးဒေါက်တာဦးညွှန့်သိန်းဆီက အကြံဉာဏ်ယူပြီး အဖက်ဖက်က အဆင်ပြေတဲ့ ဝေဘာဂီဆေးရုံကို သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီမှာ တစ်သက်လုံး အဖော်နဲ့အပေါင်းနဲ့မှ နေတတ်တဲ့ ကိုကျော်သူ့ကို အဖော်ပြုလိုက်ဖို့ လူတစ်ယောက်လိုအပ်လာတာမှာ ထွန်းကိုကိုက သူလိုက်မယ်ဆိုပြီး အဆိုပြုပြီးလိုက်သွားလေရဲ့။

ပထမတော့ သူတို့အုပ်စုရယ် အိမ်ကကလေးရယ်တို့ကို swab test ယူပြီး positive ဖြစ်တဲ့သူလိုက်မယ်လို့ စီစဉ်နေကြတာမှာ ကိုကျော်သူက ဒီညနေဘဲသွားတော့မယ်ဆိုတော့ ထွန်းကိုကိုက ဘာမှမစစ်ရသေးခင်မှာဘဲ လိုက်သွားပါလေရော။

ကျေးဇူးတင်လိုက်တာသားရယ်။ တကယ့်ရဲဘော်ရဲဘက်စိတ်ဓါတ်ကို မျက်ဝါး ထင်ထင်တွေ့မြင်လိုက်ရလို့ သာဓု အကြိမ်ကြိမ်ခေါ်မိပါတယ်။ နှစ်ယောက်စလုံးဘေးကင်းပြီး အများအကျိုးကို ဆက်လက်သယ်ပိုးနိုင်ကြပါစေ။

ဒီကနေ့ တစ်နေကုန် သတင်းမေးဆုတောင်းအားပေး အားဆေးတွေပေးအစားအစာတွေပို့ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ကိုကျော်သူ လည်း အားလုံးရဲ့မေတ္တာနဲ့ အမြန်ဆုံး ပြန်လည်ကျန်းမာလာပါစေ။

သားထွန်းကိုကိုလေးလည်း ဘေးကင်းပါစေ။ နာရေးကူညီမှုအသင်းသားအားလုံးလည်း ကပ်ဘေးကကင်းဝေးပါစေ။ တစ်ကမ္ဘာလုံး အမြန်ငြိမ်းချမ်းပါစေ။