ေက်ာက္ေျမာင္းကအသီးအႏွံေတြေရာင္းတဲ့အဖြားကိုအၿမဲတမ္းအားေပးျဖစ္တယ္လို႔ေျပာလာတဲ့ သ႐ုပ္ေဆာင္ေဘဘီေမာင္
Zawgyi
ေက်ာက္ေျမာင္းက အသီးအႏွံေတြေရာင္းတဲ့အဖြားကိုအၿမဲတမ္းအားေပး ျဖစ္တယ္ လို႔ေျပာလာတဲ့ သ႐ုပ္ေဆာင္ေဘဘီေမာင္
အဖြားနာမည္ကေတာ့ ေဒၚၿမိဳင္ျဖစ္ၿပီး၊ အသက္ ၇၇ ႏွစ္ ရွိေနၿပီျဖစ္ကာ၊ အသီးအႏွံ ေတြကို တာေမြ၊ ေက်ာက္ေျမာင္းဘက္ ေတြမွာ တစ္လမ္းဝင္တလမ္းထြက္ လွည့္ေရာင္းေနတဲ့သူျဖစ္တယ္လို႔ ေဘဘီေမာင္က ေျပာျပလာတာျဖစ္ပါတယ္။
“ ဖြားဖြားၿမိဳင္၇၇ႏွစ္ပါရွင့္။ လြန္ခဲ့တဲ့ ၇ ႏွစ္ေလာက္ထဲက ေက်ာက္ေျမာင္းထဲမွာဖရဲသီး ဗန္းေလးေခါင္းေပၚတင္ကာ တစ္လမ္း ဝင္တစ္လမ္းထြက္ၿပီးလိုက္ေရာင္းတာပါ။ ဖြားဖြား ကိုေတြ႕တိုင္းဖရဲသီးေတြအကုန္ဝယ္ၿပီးအားေပးေနၾကပါရွင္။
ခုေဘဘီက အိမ္ေျပာင္း သြားလို႔ ဖြားဖြားကိုမေတြ႕တာၾကာၿပီ ၁ႏွစ္ေလာက္ရွိပါၿပီ။ မေန႔က ဆယ္လီကမာၻမွာ ဖြားဖြားပုံေလးေတြ႕ေတာ့ ဝမ္းသာသြားတာ။ ဒီေန႔ဖြားဖြားကို အသီးေတြဝယ္ၿပီး အားေပးခဲ့တယ္။
ဖြားဖြားသမီးေလးမေတြ႕တာၾကာၿပီတဲ့။ ေဘဘီလည္း ဖြားဖြား ေနေကာင္းလားဆိုအရင္လိုက်န္းမာေရးသိပ္မေကာင္းဘူးတဲ့။ ခုလိုေရာဂါပိုး ေတြျဖစ္ေန ခ်ိန္ အလုပ္ကလည္း အဆင္ မေျပဘူးတဲ့။
ဖြားဖြားကိုေတြ႕ရင္ အသီးေလး ေတြဝယ္ၿပီးအားေပးကုသိုလ္ယူေပးၾကပါေနာ္။ ဖြားဖြားရွိတဲ့ေနရာေလးက ေက်ာက္ေျမာင္း မွတ္တိုင္ KBZ Bank ေဘးကလမ္းၾကားမွာအၿမဲရွိပါတယ္ရွင့္” လို႔ အဖြားစီက အသီးအႏွံေတြကို ဝယ္ယူအား ေပးၾကဖို႔ တိုက္တြန္းထားတာျဖစ္ပါတယ္။
Unicode
ကျောက်မြောင်းက အသီးအနှံတွေရောင်းတဲ့အဖွားကိုအမြဲတမ်းအားပေး ဖြစ်တယ် လို့ပြောလာတဲ့ သရုပ်ဆောင်ဘေဘီမောင်
အဖွားနာမည်ကတော့ ဒေါ်မြိုင်ဖြစ်ပြီး၊ အသက် ၇၇ နှစ် ရှိနေပြီဖြစ်ကာ၊ အသီးအနှံ တွေကို တာမွေ၊ ကျောက်မြောင်းဘက် တွေမှာ တစ်လမ်းဝင်တလမ်းထွက် လှည့်ရောင်းနေတဲ့သူဖြစ်တယ်လို့ ဘေဘီမောင်က ပြောပြလာတာဖြစ်ပါတယ်။
“ ဖွားဖွားမြိုင်၇၇နှစ်ပါရှင့်။ လွန်ခဲ့တဲ့ ၇ နှစ်လောက်ထဲက ကျောက်မြောင်းထဲမှာဖရဲသီး ဗန်းလေးခေါင်းပေါ်တင်ကာ တစ်လမ်း ဝင်တစ်လမ်းထွက်ပြီးလိုက်ရောင်းတာပါ။ ဖွားဖွား ကိုတွေ့တိုင်းဖရဲသီးတွေအကုန်ဝယ်ပြီးအားပေးနေကြပါရှင်။
ခုဘေဘီက အိမ်ပြောင်း သွားလို့ ဖွားဖွားကိုမတွေ့တာကြာပြီ ၁နှစ်လောက်ရှိပါပြီ။ မနေ့က ဆယ်လီကမ္ဘာမှာ ဖွားဖွားပုံလေးတွေ့တော့ ဝမ်းသာသွားတာ။ ဒီနေ့ဖွားဖွားကို အသီးတွေဝယ်ပြီး အားပေးခဲ့တယ်။
ဖွားဖွားသမီးလေးမတွေ့တာကြာပြီတဲ့။ ဘေဘီလည်း ဖွားဖွား နေကောင်းလားဆိုအရင်လိုကျန်းမာရေးသိပ်မကောင်းဘူးတဲ့။ ခုလိုရောဂါပိုး တွေဖြစ်နေ ချိန် အလုပ်ကလည်း အဆင် မပြေဘူးတဲ့။
ဖွားဖွားကိုတွေ့ရင် အသီးလေး တွေဝယ်ပြီးအားပေးကုသိုလ်ယူပေးကြပါနော်။ ဖွားဖွားရှိတဲ့နေရာလေးက ကျောက်မြောင်း မှတ်တိုင် KBZ Bank ဘေးကလမ်းကြားမှာအမြဲရှိပါတယ်ရှင့်” လို့ အဖွားစီက အသီးအနှံတွေကို ဝယ်ယူအား ပေးကြဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။