မနက္ေစာေစာလႉမလို႔ Wave Account ဖြင့္တာသူခိုးနဲ႔တိုးေၾကာင္းေျပာလာတဲ့ ဒိန္းေဒါင္
Zawgyi
မနက္ေစာေစာ လႉမလို႔ Wave Account ဖြင့္တာ သူခိုးနဲ႔တိုးေၾကာင္း ေျပာလာတဲ့ ဒိန္းေဒါင္
ပရိသတ္ရဲ႕အခ်စ္ေတာ္ ဟာသလူ႐ႊင္ေတာ္ ဒိန္းေဒါင္ကေတာ့ လတ္တေလာမွာ ခြၽန္တြန္းပရဟိတကိုဖြဲ႕စည္းထားၿပီး ကိုဗစ္ဒုတိယလႈိင္းေၾကာင့္ ခက္ခဲေနတဲ့သူေတြအတြက္ အကူညီလိုအပ္ရင္ေတာင္းခံဖို႔ ဖုန္းနံပါတ္ေတြေပးထားသလို
တကယ္လိုအပ္ေနတဲ့သူေတြကိုလည္း အိမ္တိုင္ရာေရာက္ အလႉေငြနဲ႔ အေျခခံစားေသာက္ကုန္ေတြ သြားေရာက္လႉဒါန္းေပးေနပါတယ္။
ဒုကၡေရာက္ေနတဲ့သူေတြအတြက္ ခြၽန္းတြန္းပရဟိတရဲ႕အလႉေတြကေတာ့ တကယ္ကို ထိထိေရာက္ေရာက္ျဖစ္ခဲ့သလို ျမင္ေတြ႕ရတဲ့သူတိုင္း အတြက္လည္း ဝမ္းသာၾကည္ႏူးစရာပါ။
ဒါေပမယ့္ ေလာကမွာ ေကာင္းတာလုပ္လည္း အဖ်က္အေႏွာင့္ရွိတတ္တဲ့ထုံးစံအတိုင္း ဒီေန႔မွာေတာ့ ေဒါသထြက္စရာတစ္ခုႀကဳံခဲ့ရေၾကာင္း ဒိန္းေဒါင္က မွ်ေဝခဲ့ပါတယ္။
မနက္ေစာေစာ ကေလးအေမတစ္ေယာက္က ကေလးေဆးခန္းျပခ်င္လို႔ အကူညီေတာင္းခံတာေၾကာင့္ မနက္ (၅.၅၂) မိနစ္ေလာက္မွာ Wave Money Account ကိုဖြင့္လိုက္တာ ခ်က္ခ်င္းသူခိုးနဲ႔ တန္းတိုးေၾကာင္း မွ်ေဝလာပါတယ္။
ဒိန္းေဒါင္ကေတာ့ အခုလို အလႉေငြကိုေတာင္ ခိုးရဲတဲ့ လူစိတ္မရွိတဲ့သူခိုးကို မင္း အဲ့ေငြကို စားရဲရင္ လာခဲ့ပါ.. ပင္ နံပါတ္ေျပာျပမယ္ မရွက္ဘူးလား ဆိုၿပီး သူ႔ရဲ႕လူမႈကြန္ရက္အေကာင့္မွာ မွ်ေဝခဲ့ပါတယ္ ပရိသတ္ႀကီးေရ..
ခ်ိဳ႕တဲ့သူေတြကို ကူညီဖို႔ လုပ္ထားတဲ့ေငြေတြကို မသမာတဲ့နည္းလမ္းတဲ့ ခိုးယူဖို႔ ႀကိဳးစားေနတဲ့ သူခိုးရဲ႕စိတ္ဓာတ္ကေတာ့ တကယ္ကို ေအာက္တန္းက်လြန္းပါတယ္ေနာ္။Source – Dain Daung
Unicode
မနက်စောစော လှူမလို့ Wave Account ဖွင့်တာ သူခိုးနဲ့တိုးကြောင်း ပြောလာတဲ့ ဒိန်းဒေါင်
ပရိသတ်ရဲ့အချစ်တော် ဟာသလူရွှင်တော် ဒိန်းဒေါင်ကတော့ လတ်တလောမှာ ချွန်တွန်းပရဟိတကိုဖွဲ့စည်းထားပြီး ကိုဗစ်ဒုတိယလှိုင်းကြောင့် ခက်ခဲနေတဲ့သူတွေအတွက် အကူညီလိုအပ်ရင်တောင်းခံဖို့ ဖုန်းနံပါတ်တွေပေးထားသလို
တကယ်လိုအပ်နေတဲ့သူတွေကိုလည်း အိမ်တိုင်ရာရောက် အလှူငွေနဲ့ အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းပေးနေပါတယ်။
ဒုက္ခရောက်နေတဲ့သူတွေအတွက် ချွန်းတွန်းပရဟိတရဲ့အလှူတွေကတော့ တကယ်ကို ထိထိရောက်ရောက်ဖြစ်ခဲ့သလို မြင်တွေ့ရတဲ့သူတိုင်း အတွက်လည်း ဝမ်းသာကြည်နူးစရာပါ။
ဒါပေမယ့် လောကမှာ ကောင်းတာလုပ်လည်း အဖျက်အနှောင့်ရှိတတ်တဲ့ထုံးစံအတိုင်း ဒီနေ့မှာတော့ ဒေါသထွက်စရာတစ်ခုကြုံခဲ့ရကြောင်း ဒိန်းဒေါင်က မျှဝေခဲ့ပါတယ်။
မနက်စောစော ကလေးအမေတစ်ယောက်က ကလေးဆေးခန်းပြချင်လို့ အကူညီတောင်းခံတာကြောင့် မနက် (၅.၅၂) မိနစ်လောက်မှာ Wave Money Account ကိုဖွင့်လိုက်တာ ချက်ချင်းသူခိုးနဲ့ တန်းတိုးကြောင်း မျှဝေလာပါတယ်။
ဒိန်းဒေါင်ကတော့ အခုလို အလှူငွေကိုတောင် ခိုးရဲတဲ့ လူစိတ်မရှိတဲ့သူခိုးကို မင်း အဲ့ငွေကို စားရဲရင် လာခဲ့ပါ.. ပင် နံပါတ်ပြောပြမယ် မရှက်ဘူးလား ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်အကောင့်မှာ မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ..
ချို့တဲ့သူတွေကို ကူညီဖို့ လုပ်ထားတဲ့ငွေတွေကို မသမာတဲ့နည်းလမ်းတဲ့ ခိုးယူဖို့ ကြိုးစားနေတဲ့ သူခိုးရဲ့စိတ်ဓာတ်ကတော့ တကယ်ကို အောက်တန်းကျလွန်းပါတယ်နော်။Source – Dain Daung