ထိုင္းမွာကံၾကမၼာေျပာင္းလဲေစဖို႔အတြက္လကၡဏာလမ္းေၾကာင္းေတြကို ေျပာင္းလဲေပးေန

Zawgyi

ထိုင္းမွာ ကံၾကမၼာေျပာင္းလဲေစဖို႔အတြက္ လကၡဏာလမ္းေၾကာင္းေတြကို ေျပာင္းလဲေပးေန

ထိုင္းႏိုင္ငံမွာ ကံၾကမၼာေျပာင္းလဲေစဖို႔အတြက္ လကၡဏာလမ္းေၾကာင္းေတြကို ေျပာင္းလဲေပးတဲ့တက္တူး (ေဆးမင္ေၾကာင္) ဆိုင္တစ္ခုဟာ လူႀကိဳက္မ်ားေရပန္းစားလ်က္ရွိတယ္လို႔ သိရပါတယ္။

Nonthaburi ေဒသမွာရွိတဲ့ တက္တူးဆိုင္က ကိုယ္ရဲ႕လာဘ္လာဘ၊ က်န္းမာေရးနဲ႔ ေမတၱာေရးအစရွိတာေတြကို ႐ိုး႐ိုးေလးပဲ ေျပာင္းလဲလိုက္လို႔ရပါတယ္လို႔ ဆိုထားပါတယ္။

Ajarn PleေခၚPro-fessor Ple အမည္ရွိတဲ့အမ်ိဳးသမီးကလကၡဏာလမ္းေၾကာင္းေျပာင္းလဲေပးတဲ့တက္တူးဆိုင္ကိုဖြင့္လွစ္ထားတာျဖစ္ၿပီးေတာ့ထိုင္းႏိုင္ငံမွာဒီလိုဆိုင္မ်ိဳးကိုပထမဆုံးအႀကိမ္ျမင္ေတြ႕ရတာျဖစ္ပါတယ္။

Ajarn Ple ကသူကိုယ္တိုင္လည္းလကၡဏာလမ္းေၾကာင္းေျပာင္းထားတာေၾကာင့္စီးပြားေရးလုပ္ငန္းရွင္ျဖစ္လာတာပါလို႔ဆိုပါတယ္။

အေစာပိုင္းမွာမ်က္ခုံးေမြးတက္တူထိုးတဲ့လုပ္ငန္းသာလုပ္ကိုင္ခဲ့ၿပီးလကၡဏာပညာကိုစိတ္ဝင္စားရာကေနစိတ္ကူးသစ္ရရွိခဲ့တာျဖစ္ပါတယ္။

Ajarn Ple ရဲလကၡဏာလမ္းေၾကာင္းေျပာင္းလဲေပးတဲ့တက္တူဆိုင္ကိုယုံၾကည္လို႔လာေရာက္သူေတြလည္းရွိသလိုလိမ္ေနတာလို႔ စြပ္စြဲေျပာဆိုေနသူေတြလည္းရွိတယ္လို႔သိရပါတယ္။

Unicode

ထိုင်းမှာ ကံကြမ္မာပြောင်းလဲစေဖို့အတွက် လက္ခဏာလမ်းကြောင်းတွေကို ပြောင်းလဲပေးနေ

ထိုင်းနိုင်ငံမှာ ကံကြမ္မာပြောင်းလဲစေဖို့အတွက် လက္ခဏာလမ်းကြောင်းတွေကို ပြောင်းလဲပေးတဲ့တက်တူး (ဆေးမင်ကြောင်) ဆိုင်တစ်ခုဟာ လူကြိုက်များရေပန်းစားလျက်ရှိတယ်လို့ သိရပါတယ်။

Nonthaburi ဒေသမှာရှိတဲ့ တက်တူးဆိုင်က ကိုယ်ရဲ့လာဘ်လာဘ၊ ကျန်းမာရေးနဲ့ မေတ္တာရေးအစရှိတာတွေကို ရိုးရိုးလေးပဲ ပြောင်းလဲလိုက်လို့ရပါတယ်လို့ ဆိုထားပါတယ်။

Ajarn Pleခေါ်Pro-fessor Ple အမည်ရှိတဲ့အမျိုးသမီးကလက္ခဏာလမ်းကြောင်းပြောင်းလဲပေးတဲ့တက်တူးဆိုင်ကိုဖွင့်လှစ်ထားတာဖြစ်ပြီးတော့ထိုင်းနိုင်ငံမှာဒီလိုဆိုင်မျိုးကိုပထမဆုံးအကြိမ်မြင်တွေ့ရတာဖြစ်ပါတယ်။

Ajarn Ple ကသူကိုယ်တိုင်လည်းလက္ခဏာလမ်းကြောင်းပြောင်းထားတာကြောင့်စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာတာပါလို့ဆိုပါတယ်။

အစောပိုင်းမှာမျက်ခုံးမွေးတက်တူထိုးတဲ့လုပ်ငန်းသာလုပ်ကိုင်ခဲ့ပြီးလက္ခဏာပညာကိုစိတ်ဝင်စားရာကနေစိတ်ကူးသစ်ရရှိခဲ့တာဖြစ်ပါတယ်။

Ajarn Ple ရဲလက္ခဏာလမ်းကြောင်းပြောင်းလဲပေးတဲ့တက်တူဆိုင်ကိုယုံကြည်လို့လာရောက်သူတွေလည်းရှိသလိုလိမ်နေတာလို့ စွပ်စွဲပြောဆိုနေသူတွေလည်းရှိတယ်လို့သိရပါတယ်။