ဆရာဝန္၊ ဆရာမေတြေပးတဲ့ အထူးခံႏိုင္ရည္အင္အားျဖစ္ေစခဲ့တဲ့ ကုထုံးတစ္မ်ိဳးကို ေျပာလာတဲ့ ေက်ာ္သူ

Zawgyi

ဆရာဝန္၊ ဆရာမေတြေပးတဲ့ အထူးခံႏိုင္ရည္အင္အားျဖစ္ေစခဲ့တဲ့ ကုထုံးတစ္မ်ိဳးကို ေျပာလာတဲ့ ေက်ာ္သူ

ပရဟိတမင္းသားႀကီး ဦးေက်ာ္သူနဲ႔ သူ႔ကို ေစာင့္ေရွာက္ဖို႔အေဖာ္အျဖစ္လိုက္သြားေပးခဲ့တဲ့ မင္းသားထြန္းကိုကိုတို႔ကေတာ့ လတ္တေလာ ေဝဘာဂီေဆး႐ုံမွာ ကုသမႈခံယူလ်က္ရွိပါတယ္။

ကိုဗစ္ကာလမွာေတာင္ မနားမေနအမ်ားအက်ိဳးထမ္းေဆာင္ရင္း ကူးစက္ခံခဲ့ရတဲ့ဦးေက်ာ္သူနဲ႔ သူ႔ရဲ႕ရဲေဖာ္ရဲဖက္ ထြန္းကိုကိုတို႔ကိုေတာ့ ပရိသတ္ေတြနဲ႔ မိတ္ေဆြအေပါင္းအသင္းေတြအကုန္လုံးကပါ

ဒီကပ္ေဘးကေန အျမန္ဆုံးျပန္လည္လႊတ္ေျမာက္လာဖို႔ ဆုေတာင္းေမတၱာ ပို႔သေပးေနၾကသလို လာေရာက္ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းေတြကလည္း အထူးအားျဖစ္ေစတဲ့ ကုထုံးေတြနဲ႔ ကုသေပးေနေၾကာင္း ေက်ာ္သူက မွ်ေဝလာပါတယ္။

“Fighting U Kyaw Thu Fighting Tun Ko Ko” ကုသေပးေသာ ဆရာဝန္၊ဆရာဝန္မႀကီးမ်ား၏ အခ်ိန္ႏွင့္တစ္ေျပးညီ ပံ့ပိုးေပးေနေသာ ေဆး၊ကုထုံး၊အၾကင္နာ၊ေစတနာ၊ေမတၱာ၊ကိုယ္ခ်င္းစာနာစိတ္တို႔အျပင္ ယခုကဲ့သို႔

“Fighting U Kyaw Thu” “Fighting Tun Ko Ko” ဟု သူတို႔၏PPE ကာကြယ္ဝတ္စုံေက်ာဖက္တြင္ ဆရာဝန္၊ဆရာဝန္မတို႔၏နာမည္မ်ားျဖင့္ ေရးသားကာ ကုသေပးျခင္းသည္လည္း လူနာမ်ားအတြက္အထူးခံႏိုင္ရည္ အင္အားျဖစ္ေစသည့္

ကုထုံးတစ္မ်ိဳးျဖစ္ေစပါေတာ့သည္ ဆိုၿပီး ဓာတ္ပုံေလးေတြနဲ႔အတူ ၾကည္ႏူးဝမ္းေျမာက္စြာ မွ်ေဝလာပါတယ္။အမ်ားအတြက္ ကိုယ္က်ိဳးစြန႔္တိုက္ပြဲဝင္ေနၾကတဲ့ မင္းသားႀကီးေက်ာ္သူနဲ႔ ထြန္းကိုကိုတို႔ကို အျမန္ဆုံးျပန္လည္သက္သာလာေစဖို႔

ျပည္သူေတြတိုင္း ဆုေတာင္းေပးေနၾကသလို ဆရာဝန္၊ ဆရာမေတြအေနနဲ႔လည္း အခုလို ပုံစံမ်ိဳးနဲ႔ ကုသမႈေပးရဖို႔ မေမွ်ာ္လင့္ထားေပမယ့္ ျဖစ္လာတဲ့အေျခအေနမွာ သူတို႔အတြက္ စိတ္ေရာ၊

လူပါ ခြန္အားျဖစ္ေစဖို႔ အေကာင္းဆုံးႀကိဳးစားထားခဲ့ၾကတာ ျဖစ္ပါတယ္။ ဦးေက်ာ္သူနဲ႔ထြန္းကိုကိုတို႔ ႏွစ္ေယာက္စလုံး ျပည္သူေတြရဲ႕ေမတၱာဓာတ္နဲ႔ အျမန္ဆုံး ျပန္လည္က်န္းမာၾကေစဖို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။Source- Kyaw Thu

Unicode

ဆရာဝန်၊ ဆရာမတွေပေးတဲ့ အထူးခံနိုင်ရည်အင်အားဖြစ်စေခဲ့တဲ့ ကုထုံးတစ်မျိုးကို ပြောလာတဲ့ ကျော်သူ

ပရဟိတမင်းသားကြီး ဦးကျော်သူနဲ့ သူ့ကို စောင့်ရှောက်ဖို့အဖော်အဖြစ်လိုက်သွားပေးခဲ့တဲ့ မင်းသားထွန်းကိုကိုတို့ကတော့ လတ်တလော ဝေဘာဂီဆေးရုံမှာ ကုသမှုခံယူလျက်ရှိပါတယ်။

ကိုဗစ်ကာလမှာတောင် မနားမနေအများအကျိုးထမ်းဆောင်ရင်း ကူးစက်ခံခဲ့ရတဲ့ဦးကျော်သူနဲ့ သူ့ရဲ့ရဲဖော်ရဲဖက် ထွန်းကိုကိုတို့ကိုတော့ ပရိသတ်တွေနဲ့ မိတ်ဆွေအပေါင်းအသင်းတွေအကုန်လုံးကပါ

ဒီကပ်ဘေးကနေ အမြန်ဆုံးပြန်လည်လွှတ်မြောက်လာဖို့ ဆုတောင်းမေတ္တာ ပို့သပေးနေကြသလို လာရောက်ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကလည်း အထူးအားဖြစ်စေတဲ့ ကုထုံးတွေနဲ့ ကုသပေးနေကြောင်း ကျော်သူက မျှဝေလာပါတယ်။

“Fighting U Kyaw Thu Fighting Tun Ko Ko” ကုသပေးသော ဆရာဝန်၊ဆရာဝန်မကြီးများ၏ အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးပေးနေသော ဆေး၊ကုထုံး၊အကြင်နာ၊စေတနာ၊မေတ္တာ၊ကိုယ်ချင်းစာနာစိတ်တို့အပြင် ယခုကဲ့သို့

“Fighting U Kyaw Thu” “Fighting Tun Ko Ko” ဟု သူတို့၏PPE ကာကွယ်ဝတ်စုံကျောဖက်တွင် ဆရာဝန်၊ဆရာဝန်မတို့၏နာမည်များဖြင့် ရေးသားကာ ကုသပေးခြင်းသည်လည်း လူနာများအတွက်အထူးခံနိုင်ရည် အင်အားဖြစ်စေသည့်

ကုထုံးတစ်မျိုးဖြစ်စေပါတော့သည် ဆိုပြီး ဓာတ်ပုံလေးတွေနဲ့အတူ ကြည်နူးဝမ်းမြောက်စွာ မျှဝေလာပါတယ်။အများအတွက် ကိုယ်ကျိုးစွန့်တိုက်ပွဲဝင်နေကြတဲ့ မင်းသားကြီးကျော်သူနဲ့ ထွန်းကိုကိုတို့ကို အမြန်ဆုံးပြန်လည်သက်သာလာစေဖို့

ပြည်သူတွေတိုင်း ဆုတောင်းပေးနေကြသလို ဆရာဝန်၊ ဆရာမတွေအနေနဲ့လည်း အခုလို ပုံစံမျိုးနဲ့ ကုသမှုပေးရဖို့ မမျှော်လင့်ထားပေမယ့် ဖြစ်လာတဲ့အခြေအနေမှာ သူတို့အတွက် စိတ်ရော၊

လူပါ ခွန်အားဖြစ်စေဖို့ အကောင်းဆုံးကြိုးစားထားခဲ့ကြတာ ဖြစ်ပါတယ်။ ဦးကျော်သူနဲ့ထွန်းကိုကိုတို့ နှစ်ယောက်စလုံး ပြည်သူတွေရဲ့မေတ္တာဓာတ်နဲ့ အမြန်ဆုံး ပြန်လည်ကျန်းမာကြစေဖို့ ဆုတောင်းပေးလိုက်ပါတယ်နော်။Source- Kyaw Thu