Zawgyi
Unicode
ဆရာတော်အရှင်ဆေကိန္ဒမှ ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ လှူဒါန်း
ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ဦးဆောင်မှုဖြင့် ဆရာတော်၏ ညီအကိုမောင်နှမများ၊ တပည့် ဒါယိကာ၊ ဒါယိကာမများ၊ အလှူရှင်များမှ သောတာပန်တိုက်နယ်အတွင်းရှိ ပြည်သူများအား အခြေခံ စားသောက်ကုန်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုကို သောတာပန်ရပ်ကွက် ဓမ္မဒူတ ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ၏ ညီမဖြစ်သူ နေအိမ်၌ သောတာပန်တိုက်နယ်အတွင်းရှိသောတာပန်ရပ်၊သရက်ပင်ဆိပ်ရပ်၊ထန်းတောရပ်၊ဈေးတန်းလေး စသည့် ရပ်ကွက်များတွင်နေထိုင်သည့်
အိမ်ထောင်စုအားလုံးအား အာလူး၊ဂေါ်ဖီထုပ်၊ခရမ်းချဉ်သီး စသည့် စားသောက်ကုန်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။စက်တင်ဘာလ ၁၄ ၊၁၇ တွင်လည်း ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ၏ ညီအကိုမောင်နှမများက
သောတာပန်ရပ်၊သရက်ပင်ဆိပ်ရပ်၊ထန်းတောရပ်၊ဈေးတန်းလေး ရှိ အိမ်ထောင်စုများအား စားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ထို့အပြင် ကိုဗစ် ကပ်ရောဂါ ပထမလှိုင်းကာလအတွင်းကလည်း ဓမ္မဒူတ ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ၏
ညီအကိုမောင်နှမများက ဟင်းလျာများကို ချက်ပြုတ်ကာ စစ်ကိုင်းမြို့သောတာပန်ရပ်ကွက်၊သရက်ပင်ဆိပ်ရပ်၊ထန်းတောရပ်၊ဈေးတန်းလေး ရှိ အိမ်ထောင်စုများထံသို့ လိုက်လံ၍ လှူဒါန်းခဲ့ကြောင်းသိရသည်။
အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။Crd- Original Post