မီးဆရာဘဝကေန အကယ္ဒမီဆုရ အႏုပညာရွင္တစ္ဦးျဖစ္ေအာင္ ႀကိဳးစားခဲ့ရတယ္ဆိုတဲ့ လူ႐ႊင္ေတာ္မိုးဒီ
Zawgyi
မီးဆရာဘဝကေန အကယ္ဒမီဆုရ အႏုပညာရွင္တစ္ဦးျဖစ္ေအာင္ ႀကိဳးစားခဲ့ရတယ္ဆိုတဲ့ လူ႐ႊင္ေတာ္မိုးဒီ
မိုးဒီကေတာ့ အႏုပညာအလုပ္ကို ဝါသနာပါလြန္းသူ ျဖစ္တာေၾကာင့္ ေအာက္ေျခအလုပ္သမားဘဝကေန အကယ္ဒမီဆုရ အႏုပညာရွင္တစ္ေယာက္ျဖစ္လာတဲ့အေၾကာင္းကို ေျပာျပ လာပါတယ္။….
မိုးဒီ ဟာ ၁၉၆၂ ခုႏွစ္တုန္းက ဇာတ္သမား တစ္ေယာက္အေနနဲ႔ အႏုပညာေလာကရဲ႕ ေအာက္ ေျခအလုပ္သမား ဘဝမွာ က်င္လည္ခဲ့ရတယ္လို႔ ဆိုပါတယ္။ အဲဒီကေန တဆင့္ လူ႐ႊင္ေတာ္ တစ္ ဦးျဖစ္လာတဲ့ အေၾကာင္း ေျပာျပလာပါတယ္….။
“ ကြၽန္ေတာ္က ငယ္စဥ္ကတည္းက ဒီ ဟာသပညာကို ခ်စ္ျမတ္ႏိုးၿပီးေတာ့ ႐ူးသြပ္ခဲ့တယ္။ ဒါ ေၾကာ င့္ ၁၉၆၂ ခုႏွစ္တုန္းက (၁၄) ႏွစ္သားအ႐ြယ္မွာ ဇာတ္သဘင္သမား ဘဝကေန စျဖတ္သ န္းခဲ့တယ္…။
ေအာက္ေျခအလုပ္သမားဘဝမွာ အလုပ္လုပ္ရင္း လွ်ပ္စစ္ပညာကို ေလ့လာခဲ့ၿပီးေတာ့ မီးဆရာ ျဖစ္ခဲ့ပါတယ္။….အဲဒီကေန တဆင့္ လူလိုလို႔ ဝင္ကရင္းနဲ႔ ျပဇာတ္မင္းသားလည္း ျဖစ္ခဲ့ရ တယ္၊ လူ႐ႊင္ေတာ္လည္း ျဖစ္ခဲ့ရပါတယ္။
ေနာက္ဆုံးေတာ့ ကြၽန္ေတာ္က လူ႐ႊင္ေတာ္ႀကီးျဖစ္ခဲ့ ပါတယ္” လို႔ သူက ဆိုပါတယ္။…အဲဒီေနာက္ မိုးဒီဟာ လူ႐ႊင္ေတာ္ တစ္ေယာက္အျဖစ္ လူ႐ႊင္ေတာ္ ေမာ့စ္နဲ႔ အၿငိမ့္ေတြ ကရာမွာ အေပးအယူ မွ်ခဲ့သလို ပရိသတ္အားေပးမႈေတြလည္း ရရွိလာတာေၾကာင့္
ဇာတ္ပို႔ သ႐ုပ္ေဆာ င္လု ပ္ဖို႔ အတြက္ သ႐ုပ္ေဆာင္ ေလာက က ကမ္းလွမ္းခဲ့ၾကတယ္လို႔ ဆိုပါတယ္။….မိုးဒီက ဗီဒီယို ဇာတ္ကားေတြလည္း ႐ိုက္ခဲ့ရသလို ႐ုပ္ရွင္ကားႀကီးေတြလည္း ႐ိုက္ကူးခဲ့ရသူတစ္ ေယာက္ပါ။…
သူပထမဆုံး ႐ိုက္ကူးခဲ့ရတဲ့ ႐ုပ္ရွင္ဇာတ္ကားကေတာ့ “ ကိုးဆယ္ဆ သာလိမ့္မယ္” ႐ုပ္ရွင္ကားႀကီးျဖစ္ပါတယ္။ ဒီကားကေန တဆင့္ မိုးဒီဟာ ပထမဆုံး အကယ္ဒမီ ဇာတ္ပို႔ဆုကို ရရွိခဲ့တယ္လို႔ သိရပါတယ္….။
“ဇာတ္သဘင္ေလာကမွာ ကိုေမာ့စ္ နဲ႔ လက္တြဲၿပီးေတာ့ အၿငိမ့္ေတြ ကခဲ့ၾကတယ္။ အဲဒီမွာ ကြၽန္ ေတာ္တို႔ သေဘာက်ၾကတဲ့အတြက္ ဗီဒီယို ေလာက က ကမ္းလွမ္းလာခဲ့ၾကတယ္။
၁၉၈၄ ခုႏွစ္မွာ “ မ်က္စိမွိတ္၍ ေခါင္းညိမ့္ျပသည္” ဆိုတဲ့ ဇာတ္ကားမွာ စၿပီးေတာ့ ဇာတ္ပို႔ ဇာတ္ရံအျဖစ္ ပထမ ဆုံး ပါဝင္သ႐ုပ္ေဆာင္ ခဲ့ရတယ္။
ၿပီးေတာ့ ျမန္မာတစ္ႏိုင္ငံလုံး အၿငိမ့္ၿပိဳင္ပြဲမွာ ပထမဆုံးဆုနဲ႔ ပထမဆုံး အၿငိမ့္ဆိုတဲ့ ေ႐ႊတံဆိပ္ဆု (၂) ဆု ကို ရရွိခဲ့ပါတယ္။ဒီလိုနဲ႔ ႀကိဳးစားလာရင္း ၂၀၀၇ ခုႏွစ္ မွာ ႐ိုက္ကူးခဲ့တဲ့ “ ကိုးဆယ္ဆသာလိမ့္မယ္” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားနဲ႔ ကြၽန္ေတာ္ ဇာတ္ပို႔ ဆု ရခဲ့ပါတယ္။
ကြၽန္ေတာ့္ရဲ႕ ဝါသနာအရေရာ၊ ဝမ္းေရးအတြက္ပါ လုပ္ေနရတဲ့ ဒီအလုပ္ေလးကို ဆက္လက္ လုပ္ကိုင္ရင္း အခုခ်ိန္မွာ ႐ုပ္ရွင္ ႏွစ္(၁၀၀) ျပည့္တဲ့ ကာလနဲ႔ ႀကဳံရပါတယ္” ဆိုၿပီး ေတာ့ ႐ုပ္ရွင္ ႏွစ္(၁၀၀) ျပည့္ အမွတ္တရ ဂုဏ္ျပဳစကားေျပာရင္း ေျပာခဲ့တာျဖစ္ပါတယ္။
မိုးဒီကိုေတာ့ လူ႐ႊင္ေတာ္ တစ္ေယာက္အျဖစ္ အၿငိမ့္၊ ျပဇာတ္ ေတြကေနတဆင့္ ပရိသတ္ေတြ စတင္အားေပးခဲ့ၾကတာပါ။အဲဒီေနာက္ ဇာတ္ကားေတြလည္း ႐ိုက္ကူးလာခဲ့ရပါတယ္။ တီဗီ ေၾကာ္ျငာေတြလည္း အမ်ားႀကီး ႐ိုက္ကူးထားသူတစ္ေယာက္ပါ။
သူ႔ရဲ႕ အႏုပညာမ်ိဳးစက္အေနနဲ႔ သားျဖစ္သူ လူ႐ႊင္ေတာ္ ဟာသသ႐ုပ္ေဆာင္ ေကာင္းစံ ကလည္း ပရိသတ္အားေပးမႈေတြ ရရွိ ထားတဲ့ ဟာသပညာရွင္တစ္ေယာက္ပါ။
Unicode
မီးဆရာဘဝကနေ အကယ်ဒမီဆုရ အနုပညာရှင်တစ်ဦးဖြစ်အောင် ကြိုးစားခဲ့ရတယ်ဆိုတဲ့ လူရွှင်တော်မိုးဒီ
မိုးဒီကတော့ အနုပညာအလုပ်ကို ဝါသနာပါလွန်းသူ ဖြစ်တာကြောင့် အောက်ခြေအလုပ်သမားဘဝကနေ အကယ်ဒမီဆုရ အနုပညာရှင်တစ်ယောက်ဖြစ်လာတဲ့အကြောင်းကို ပြောပြ လာပါတယ်။….
မိုးဒီ ဟာ ၁၉၆၂ ခုနှစ်တုန်းက ဇာတ်သမား တစ်ယောက်အနေနဲ့ အနုပညာလောကရဲ့ အောက် ခြေအလုပ်သမား ဘဝမှာ ကျင်လည်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီကနေ တဆင့် လူရွှင်တော် တစ် ဦးဖြစ်လာတဲ့ အကြောင်း ပြောပြလာပါတယ်….။
“ ကျွန်တော်က ငယ်စဉ်ကတည်းက ဒီ ဟာသပညာကို ချစ်မြတ်နိုးပြီးတော့ ရူးသွပ်ခဲ့တယ်။ ဒါ ကြော င့် ၁၉၆၂ ခုနှစ်တုန်းက (၁၄) နှစ်သားအရွယ်မှာ ဇာတ်သဘင်သမား ဘဝကနေ စဖြတ်သ န်းခဲ့တယ်…။
အောက်ခြေအလုပ်သမားဘဝမှာ အလုပ်လုပ်ရင်း လျှပ်စစ်ပညာကို လေ့လာခဲ့ပြီးတော့ မီးဆရာ ဖြစ်ခဲ့ပါတယ်။….အဲဒီကနေ တဆင့် လူလိုလို့ ဝင်ကရင်းနဲ့ ပြဇာတ်မင်းသားလည်း ဖြစ်ခဲ့ရ တယ်၊ လူရွှင်တော်လည်း ဖြစ်ခဲ့ရပါတယ်။
နောက်ဆုံးတော့ ကျွန်တော်က လူရွှင်တော်ကြီးဖြစ်ခဲ့ ပါတယ်” လို့ သူက ဆိုပါတယ်။…အဲဒီနောက် မိုးဒီဟာ လူရွှင်တော် တစ်ယောက်အဖြစ် လူရွှင်တော် မော့စ်နဲ့ အငြိမ့်တွေ ကရာမှာ အပေးအယူ မျှခဲ့သလို ပရိသတ်အားပေးမှုတွေလည်း ရရှိလာတာကြောင့်
ဇာတ်ပို့ သရုပ်ဆော င်လု ပ်ဖို့ အတွက် သရုပ်ဆောင် လောက က ကမ်းလှမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။….မိုးဒီက ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ခဲ့ရသလို ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးခဲ့ရသူတစ် ယောက်ပါ။…
သူပထမဆုံး ရိုက်ကူးခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားကတော့ “ ကိုးဆယ်ဆ သာလိမ့်မယ်” ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒီကားကနေ တဆင့် မိုးဒီဟာ ပထမဆုံး အကယ်ဒမီ ဇာတ်ပို့ဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်….။
“ဇာတ်သဘင်လောကမှာ ကိုမော့စ် နဲ့ လက်တွဲပြီးတော့ အငြိမ့်တွေ ကခဲ့ကြတယ်။ အဲဒီမှာ ကျွန် တော်တို့ သဘောကျကြတဲ့အတွက် ဗီဒီယို လောက က ကမ်းလှမ်းလာခဲ့ကြတယ်။
၁၉၈၄ ခုနှစ်မှာ “ မျက်စိမှိတ်၍ ခေါင်းညိမ့်ပြသည်” ဆိုတဲ့ ဇာတ်ကားမှာ စပြီးတော့ ဇာတ်ပို့ ဇာတ်ရံအဖြစ် ပထမ ဆုံး ပါဝင်သရုပ်ဆောင် ခဲ့ရတယ်။
ပြီးတော့ မြန်မာတစ်နိုင်ငံလုံး အငြိမ့်ပြိုင်ပွဲမှာ ပထမဆုံးဆုနဲ့ ပထမဆုံး အငြိမ့်ဆိုတဲ့ ရွှေတံဆိပ်ဆု (၂) ဆု ကို ရရှိခဲ့ပါတယ်။ဒီလိုနဲ့ ကြိုးစားလာရင်း ၂၀၀၇ ခုနှစ် မှာ ရိုက်ကူးခဲ့တဲ့ “ ကိုးဆယ်ဆသာလိမ့်မယ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ကျွန်တော် ဇာတ်ပို့ ဆု ရခဲ့ပါတယ်။
ကျွန်တော့်ရဲ့ ဝါသနာအရရော၊ ဝမ်းရေးအတွက်ပါ လုပ်နေရတဲ့ ဒီအလုပ်လေးကို ဆက်လက် လုပ်ကိုင်ရင်း အခုချိန်မှာ ရုပ်ရှင် နှစ်(၁၀၀) ပြည့်တဲ့ ကာလနဲ့ ကြုံရပါတယ်” ဆိုပြီး တော့ ရုပ်ရှင် နှစ်(၁၀၀) ပြည့် အမှတ်တရ ဂုဏ်ပြုစကားပြောရင်း ပြောခဲ့တာဖြစ်ပါတယ်။
မိုးဒီကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် အငြိမ့်၊ ပြဇာတ် တွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။အဲဒီနောက် ဇာတ်ကားတွေလည်း ရိုက်ကူးလာခဲ့ရပါတယ်။ တီဗီ ကြော်ငြာတွေလည်း အများကြီး ရိုက်ကူးထားသူတစ်ယောက်ပါ။
သူ့ရဲ့ အနုပညာမျိုးစက်အနေနဲ့ သားဖြစ်သူ လူရွှင်တော် ဟာသသရုပ်ဆောင် ကောင်းစံ ကလည်း ပရိသတ်အားပေးမှုတွေ ရရှိ ထားတဲ့ ဟာသပညာရှင်တစ်ယောက်ပါ။