ရင္ေသြးေလးပိုင္ဆိုင္ရေတာ့မယ့္စည္ၿဖိဳး

Zawgyi

ရင္ေသြးေလး ပိုင္ဆိုင္ရေတာ့မယ့္ စည္ၿဖိဳး

စည္ၿဖိဳးကေတာ့ သူ႔ရဲ႕ ေကာင္မေလး ခင္လႊမ္းမွာ ကိုယ္ဝန္ရေနၿပီဆိုတာကို ဒီေန႔ (ေအာက္တိုဘာလ ၂၆ ရက္) မနက္ပိုင္းက သူ႔ရဲ႕ ေဖ့စ္ဘြတ္ စာမ်က္ႏွာေပၚမွာ ဓာတ္ပုံေလး တင္ရင္း ပရိသတ္ကို အသိေပးခဲ့တာပါ။

ဒီအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး စည္ၿဖိဳးကိုယ္တိုင္ကလည္း အရမ္းကို အံ့ၾသဝမ္းသာေနတာျဖစ္သလို သူတို႔ ႏွစ္ဦးရဲ႕ မဂၤလာပြဲကိုေတာ့ ႏိုဝင္ဘာလ ပထမအပတ္မွာ ျပဳလုပ္သြားဖို႔ ျပင္ဆင္ေနၿပီလို႔ ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းရာမွာ စည္ၿဖိဳးက ေျဖဆိုခဲ့တာပါ။

“ ကြၽန္ေတာ္ကိုယ္တိုင္လည္း အခုခ်ိန္ထိ ပါးစပ္အေဟာင္းသားပါပဲခင္ဗ်ာ။ ဒါက ပရိသတ္ကို စလိုက္တာ မဟုတ္ပါဘူး။ April Fool လည္း မလုပ္ပါဘူး။ ကြၽန္ေတာ့္ရဲ႕ ေကာင္မေလးမွာ ကိုယ္ဝန္ ရွိေနတယ္ဆိုတာ တကယ္ပါဗ်ာ။

ေလာေလာဆယ္ေတာ့ ႏိုဝင္ဘာ (၃) ရက္ေန႔ ဒါမွမဟုတ္ (၅) ရက္ေန႔ေလာက္ကို ကြၽန္ေတာ္တို႔ အိမ္နားက မႏၲေလးေက်ာင္း လို႔ေခၚတယ္။ အဲဒီေက်ာင္းမွာ မဂၤလာဆြမ္းေကြၽးလုပ္ပါမယ္” လို႔လည္း သူကဆိုပါတယ္။

စည္ၿဖိဳးအေနနဲ႔ ဖခင္တစ္ေယာက္ျဖစ္လို႔ အခြင့္အေရးရလာၿပီျဖစ္တဲ့အတြက္ သူ႔ရဲ႕ မိသားစုဝင္ေတြ၊ အႏုပညာေမာင္ႏွမေတြ နဲ႔ ပရိသတ္ေတြကလည္း သူ႔ရဲ႕ ေဖ့စ္ဘြတ္ပို႔စ္ရဲ႕ Comment ေတြမွာ ဂုဏ္ျပဳစကားေတြ ေျပာခဲ့ၾကတာကို ေတြ႕ရပါတယ္။ စည္ၿဖိဳးရဲ႕ ေကာင္မေလးကေတာ့ Social Media ေပၚမွာ လူသိမ်ားခဲ့တဲ့ ခင္လႊမ္း ျဖစ္ပါတယ္။

သူတို႔ ႏွစ္ဦးရဲ႕ အခ်စ္ခရီးလမ္းကေတာ့ ေတာ္ေတာ္ကို ၾကာေနပါၿပီ။ ႏွစ္ဖက္မိဘေတြကလည္း သေဘာတူထားၾကသလို ပရိသတ္ေတြရဲ႕ အခ်စ္ကို ခိုင္ခိုင္မာမာ ရရွိထားတဲ့ အႏုပညာရွင္ စုံတြဲ တစ္တြဲဆိုလည္း မမွားပါဘူး။

စည္ၿဖိဳးက လက္ရွိမွာ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈေတြ ပိုင္ဆိုင္ထားတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ပါတယ္။ ႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယိုဇာတ္ကားေပါင္းမ်ားစြာကိုလည္း ႐ိုက္ကူးခဲ့သူတစ္ေယာက္ပါ။

သူ႔ရဲ႕ အႏုပညာသက္တမ္းကလည္း ဆယ္စုႏွစ္တစ္ခုကို ေရာက္ရွိလို႔ေနပါၿပီ။ လက္ရွိမွာလည္း ကိုယ္ပိုင္ထုတ္လုပ္ေရးနဲ႔အတူ ႐ုပ္ရွင္ကားႀကီးေတြ ႐ိုက္ကူးေနတာ ေတြ႕ရပါတယ္။

Unicode

ရင်သွေးလေး ပိုင်ဆိုင်ရတော့မယ့် စည်ဖြိုး

စည်ဖြိုးကတော့ သူ့ရဲ့ ကောင်မလေး ခင်လွှမ်းမှာ ကိုယ်ဝန်ရနေပြီဆိုတာကို ဒီနေ့ (အောက်တိုဘာလ ၂၆ ရက်) မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ဓာတ်ပုံလေး တင်ရင်း ပရိသတ်ကို အသိပေးခဲ့တာပါ။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး စည်ဖြိုးကိုယ်တိုင်ကလည်း အရမ်းကို အံ့သြဝမ်းသာနေတာဖြစ်သလို သူတို့ နှစ်ဦးရဲ့ မင်္ဂလာပွဲကိုတော့ နိုဝင်ဘာလ ပထမအပတ်မှာ ပြုလုပ်သွားဖို့ ပြင်ဆင်နေပြီလို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာမှာ စည်ဖြိုးက ဖြေဆိုခဲ့တာပါ။

“ ကျွန်တော်ကိုယ်တိုင်လည်း အခုချိန်ထိ ပါးစပ်အဟောင်းသားပါပဲခင်ဗျာ။ ဒါက ပရိသတ်ကို စလိုက်တာ မဟုတ်ပါဘူး။ April Fool လည်း မလုပ်ပါဘူး။ ကျွန်တော့်ရဲ့ ကောင်မလေးမှာ ကိုယ်ဝန် ရှိနေတယ်ဆိုတာ တကယ်ပါဗျာ။

လောလောဆယ်တော့ နိုဝင်ဘာ (၃) ရက်နေ့ ဒါမှမဟုတ် (၅) ရက်နေ့လောက်ကို ကျွန်တော်တို့ အိမ်နားက မန္တလေးကျောင်း လို့ခေါ်တယ်။ အဲဒီကျောင်းမှာ မင်္ဂလာဆွမ်းကျွေးလုပ်ပါမယ်” လို့လည်း သူကဆိုပါတယ်။

စည်ဖြိုးအနေနဲ့ ဖခင်တစ်ယောက်ဖြစ်လို့ အခွင့်အရေးရလာပြီဖြစ်တဲ့အတွက် သူ့ရဲ့ မိသားစုဝင်တွေ၊ အနုပညာမောင်နှမတွေ နဲ့ ပရိသတ်တွေကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ပို့စ်ရဲ့ Comment တွေမှာ ဂုဏ်ပြုစကားတွေ ပြောခဲ့ကြတာကို တွေ့ရပါတယ်။ စည်ဖြိုးရဲ့ ကောင်မလေးကတော့ Social Media ပေါ်မှာ လူသိများခဲ့တဲ့ ခင်လွှမ်း ဖြစ်ပါတယ်။

သူတို့ နှစ်ဦးရဲ့ အချစ်ခရီးလမ်းကတော့ တော်တော်ကို ကြာနေပါပြီ။ နှစ်ဖက်မိဘတွေကလည်း သဘောတူထားကြသလို ပရိသတ်တွေရဲ့ အချစ်ကို ခိုင်ခိုင်မာမာ ရရှိထားတဲ့ အနုပညာရှင် စုံတွဲ တစ်တွဲဆိုလည်း မမှားပါဘူး။

စည်ဖြိုးက လက်ရှိမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးခဲ့သူတစ်ယောက်ပါ။

သူ့ရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်တစ်ခုကို ရောက်ရှိလို့နေပါပြီ။ လက်ရှိမှာလည်း ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့အတူ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။