ၿခံထဲမွာ သီးပင္စားပင္ေလးေတြ စိုက္ရင္း ဘဝကိုေအးေဆးေလး ျဖတ္သန္းခ်င္တဲ့ စိုးျမတ္သူဇာ

Zawgyi

ၿခံထဲမွာ သီးပင္စားပင္ေလးေတြ စိုက္ရင္း ဘဝကိုေအးေဆးေလး ျဖတ္သန္းခ်င္တဲ့ စိုးျမတ္သူဇာ

အားလုံးက ခ်စ္စႏိုးနဲ႔ မႀကီးစိုး လို႔ ေခၚေလ့ရွိတဲ့ အကယ္ဒမီစိုးျမတ္သူဇာကေတာ့ အသက္(၆၀)အ႐ြယ္မွာ သူမ ဘဝရဲ႕ အျဖစ္ခ်င္ဆုံး အရာေလးတစ္ခုကို ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ Live လႊင့္ရင္း ေျပာျပခဲ့ပါတယ္။

သူမအေနနဲ႔ အသက္ႀကီးလာရင္ ၿခံထဲမွာ အပင္ေလးေတြ စိုက္ရင္း ျဖတ္သန္းသြားမယ္လို႔ ဆိုပါတယ္။“ မႀကီးကေလ အသက္ႀကီးလာရင္ ကေလးေတြနဲ႔ပဲေနမွာ အသက္(၆၀) ေလာက္ေပါ့။

ငါတို႔ေတြ ၿခံထဲမွာ အပင္စိုက္စားၾကမယ္ေပါ့။ မႀကီးေလ ေဖ့စ္ဘြတ္မွာေတြ႕တယ္ တို႔ေတာၿခံ ဆိုတဲ့ ဟာေလးေတြေပါ့။ အဲဒီမွာ အသီးေလးေတြ၊ အ႐ြက္ေလးေတြ စိုက္ၿပီးေတာ့ ပို႔တာေလ အရမ္းသေဘာက်တာပဲ။

မႀကီးေလအဲဒီလိုေလးေတြ အရမ္းစိုက္ခ်င္တယ္။ ၿပီးရင္ ေရာင္းစားမယ္ေပါ့။ ေမၿမိဳ႕မွာ ေျမကြက္ရွိတယ္။ အက်ယ္ႀကီးပဲ အသီးေလးေတြ အပင္ေလးေတြ စိုက္စားမယ္၊ တျခား ႏွစ္ရွည္ပင္ေတြကိုလည္း သပ္သပ္စိုက္မယ္။

ၿပီးရင္ ေရာင္းစားမယ္၊ ရလာတဲ့ ပိုက္ဆံေလးနဲ႔ ထမင္းစားမယ္။ အဲဒီအခ်ိန္က်ရင္ ကိုယ္လည္း အသက္ႀကီးသြားၿပီေလ ” ဆိုၿပီးေတာ့ ေအာက္တိုဘာလ (၂၁) ရက္ေန႔ ည ၉ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ Live လႊင့္ရင္း ေျပာခဲ့တာပါ။

စိုးျမတ္သူဇာက သူမရဲ႕ ၿခံထဲမွာ ၾကက္သြန္၊မုန္လာပင္၊ မုန္လာဥ၊ စေတာ္ဘယ္ရီ အျပင္ ေဒလီယာ ပန္းနဲ႔ သစၥာပန္းေလးေတြ စိုက္ခ်င္တယ္လို႔လည္း Live ထဲမွာ ေျပာခဲ့ပါေသးတယ္။

လက္ရွိမွာေတာ့ စိုးျမတ္သူဇာရဲ႕ အသက္က (၄၉) ႏွစ္သာ ရွိပါေသးတယ္။ သူမဟာ Covid ကာလမွာ အႏုပညာအလုပ္ေတြ ရပ္နားထားေပမယ့္ သူခ်စ္ရတဲ့ ပရိသတ္ေတြနဲ႔ အဆက္မျပတ္သြားေအာင္ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ မၾကာခဏ Live လႊင့္ၿပီး စကားေျပာမယ္လို႔လည္း အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။

စိုးျမတ္သူဇာရဲ႕ အႏုပညာသက္တမ္းကေတာ့ ႏွစ္ေပါင္း ၄၀ ခန႔္ရွိၿပီျဖစ္ပါတယ္။ သူမဟာ လက္ရွိအခ်ိန္အထိ ပရိသတ္အခိုင္အမာ ရရွိထားသူ တစ္ေယာက္ပါ။ အႏုပညာေလာကထဲကိုေတာ့ ‘’ ဆုံရပ္ ကႏၲာရဝတီ’’ ဆိုတဲ့ ႐ုပ္သံဇာတ္လမ္း ႐ိုက္ကူးရင္း အႏုပညာေလာကထဲကို စတင္ဝင္ေရာက္လာတာျဖစ္ပါတယ္။

ဒါကေတာ့ သူမအတြက္ ပထမဆုံး႐ုပ္ရွင္ဇာတ္ကားႀကီးပါ။ အဲဒီေနာက္ ၁၉၉၄ ခုႏွစ္မွာ ‘’ေနာ္ရင္ေမႊး’’ ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားနဲ႔ ပထမဆုံး အကယ္ဒမီဆုကို ရရွိပိုင္ဆိုင္ခဲ့သူပါ။

Unicode

ခြံထဲမှာ သီးပင်စားပင်လေးတွေ စိုက်ရင်း ဘဝကိုအေးဆေးလေး ဖြတ်သန်းချင်တဲ့ စိုးမြတ်သူဇာ

အားလုံးက ချစ်စနိုးနဲ့ မကြီးစိုး လို့ ခေါ်လေ့ရှိတဲ့ အကယ်ဒမီစိုးမြတ်သူဇာကတော့ အသက်(၆၀)အရွယ်မှာ သူမ ဘဝရဲ့ အဖြစ်ချင်ဆုံး အရာလေးတစ်ခုကို ဖေ့စ်ဘွတ်စာမျက်နှာမှာ Live လွှင့်ရင်း ပြောပြခဲ့ပါတယ်။

သူမအနေနဲ့ အသက်ကြီးလာရင် ခြံထဲမှာ အပင်လေးတွေ စိုက်ရင်း ဖြတ်သန်းသွားမယ်လို့ ဆိုပါတယ်။“ မကြီးကလေ အသက်ကြီးလာရင် ကလေးတွေနဲ့ပဲနေမှာ အသက်(၆၀) လောက်ပေါ့။

ငါတို့တွေ ခြံထဲမှာ အပင်စိုက်စားကြမယ်ပေါ့။ မကြီးလေ ဖေ့စ်ဘွတ်မှာတွေ့တယ် တို့တောခြံ ဆိုတဲ့ ဟာလေးတွေပေါ့။ အဲဒီမှာ အသီးလေးတွေ၊ အရွက်လေးတွေ စိုက်ပြီးတော့ ပို့တာလေ အရမ်းသဘောကျတာပဲ။

မကြီးလေအဲဒီလိုလေးတွေ အရမ်းစိုက်ချင်တယ်။ ပြီးရင် ရောင်းစားမယ်ပေါ့။ မေမြို့မှာ မြေကွက်ရှိတယ်။ အကျယ်ကြီးပဲ အသီးလေးတွေ အပင်လေးတွေ စိုက်စားမယ်၊ တခြား နှစ်ရှည်ပင်တွေကိုလည်း သပ်သပ်စိုက်မယ်။

ပြီးရင် ရောင်းစားမယ်၊ ရလာတဲ့ ပိုက်ဆံလေးနဲ့ ထမင်းစားမယ်။ အဲဒီအချိန်ကျရင် ကိုယ်လည်း အသက်ကြီးသွားပြီလေ ” ဆိုပြီးတော့ အောက်တိုဘာလ (၂၁) ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောခဲ့တာပါ။

စိုးမြတ်သူဇာက သူမရဲ့ ခြံထဲမှာ ကြက်သွန်၊မုန်လာပင်၊ မုန်လာဥ၊ စတော်ဘယ်ရီ အပြင် ဒေလီယာ ပန်းနဲ့ သစ္စာပန်းလေးတွေ စိုက်ချင်တယ်လို့လည်း Live ထဲမှာ ပြောခဲ့ပါသေးတယ်။

လက်ရှိမှာတော့ စိုးမြတ်သူဇာရဲ့ အသက်က (၄၉) နှစ်သာ ရှိပါသေးတယ်။ သူမဟာ Covid ကာလမှာ အနုပညာအလုပ်တွေ ရပ်နားထားပေမယ့် သူချစ်ရတဲ့ ပရိသတ်တွေနဲ့ အဆက်မပြတ်သွားအောင် ဖေ့စ်ဘွတ်စာမျက်နှာမှာ မကြာခဏ Live လွှင့်ပြီး စကားပြောမယ်လို့လည်း အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

စိုးမြတ်သူဇာရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ခန့်ရှိပြီဖြစ်ပါတယ်။ သူမဟာ လက်ရှိအချိန်အထိ ပရိသတ်အခိုင်အမာ ရရှိထားသူ တစ်ယောက်ပါ။ အနုပညာလောကထဲကိုတော့ ‘’ ဆုံရပ် ကန္တာရဝတီ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်း ရိုက်ကူးရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။

ဒါကတော့ သူမအတွက် ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးပါ။ အဲဒီနောက် ၁၉၉၄ ခုနှစ်မှာ ‘’နော်ရင်မွှေး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံး အကယ်ဒမီဆုကို ရရှိပိုင်ဆိုင်ခဲ့သူပါ။