
Zawgyi









Unicode

Dinner Time Coffee Time တွေမှာ တွေ့ဆုံချိန်တွေ စိပ်နေလွန်းလို့ တွဲနေကြတာလားလို့ ထင်ကြေးပေခံနေရတဲ့ ဖြူဖြူကျော်သိန်းနဲ့ ကျော်ထက်အောင်

ပရိသတ်ကြီးရေ နိုင်ငံကျော် အဆိုတော် ဖြူဖြူကျော်သိန်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ဖြူဖြူကျော်သိန်းကတော့ တမူထူးခြားတဲ့ အသံကို ပိုင်ဆိုင်ထားပြီး သူမရဲ့

အသံနဲက လိုက်ဖက်လွန်းတြ့ အသည်းကွဲ အလွမ်းအဆွေး သီချင်းတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ပိုရရှိထားသူပဲဖြစ်ပါတယ်နော်.။အနုပညာအလုပ်တွေကို နှစ်သက်သူ ဖြူဖြူကျော်သိန်းကတော့ ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့်

ဂီတဘက်ကိုပဲ အလေးသာ လုပ်ဆောင်ခဲ့သူတစ်ယောက်ပါ.။ အနုပညာနဲ့ ပတ်သက်ရင် တမူထူးခြားတဲ့ ချစ်စိတ်တွေနဲ့ လုပ်တတ်ပြီး ကိုယ်တိုင် ရေးကိုယ်တိုင်ဆို သူ တစ်ယောက်ပဲဖြစ်ပါတယ်.။

အနုပညာအလုပ်တွေမှာပဲ နစ်ဝင်နေသူမို့ အချစ်ရေးမှာတော့ တစ်ယောက်တည်း အပျိုကြီး အဖြစ်နဲ့ ချစ်တဲ့ ပရိသတ်တွေအတွက်သာ အလေးပေး အလုပ်တွေကို လုပ်ဆောင်နေသူ ဖြူဖြူကျော်သိန်းကတော့ ဆက်တိုက်လို မင်းသားအစီအစဉ်တင်ဆက်သူ ကျောထက်အောင်နဲ့ ဆက်တိုက် တွေ့နေပြီး

ဒီနေ့ အောက်တိုဘာလ (၂၄)ရက်နေ့မှာလည်း ဖြူဖြူက “ဒီနေ့ Coffee time” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပြီးနောက် ကျော်ထက်အောင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ” ကျေးဇူးပါ မမဖြူ ပါဆယ်ပါသယ်သည်” ဆိုပြီး ပြန်လည် တင်လာခဲ့ပါတယ်.။

Coffe time ၊ Dinner Time တွေဆိုပြီး ဆက်တိုက် တွေ့နေတာတွေကြောင့် ပရိသတ်တွေဆီကနေ သို့လော သို့လော အတွေးတွေနဲ့ တွဲနေကြလားဆိုတဲ့ သတင်းလေးတွေထွက်နေခဲ့ပါတယ်.။

ထင်ကြေးတွေ ပေးခံနေရတဲ့ ဖြူဖြူကျော်သိန်းနဲ့ ကျော်ထက်အောင် တို့ရဲ့ အပေါ် ပရိသတ်ကြီးလည်း မှတ်ချက်လေးတွေ ရေးခဲ့ပါဦးနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။Source: Phyu Phyu Kyaw Thein’s facebook