
Zawgyi








Unicode

လမ်းဘေးစာေ တွမစားပါနဲ့လို့ပြောလာတဲ့သူကို ဒီဘဝက တက်လာခဲ့ တာမို့ ဒီဘဝကို မေ မ့နိုင် ဘူး လို့ တုန့်ပြန် လိုက် တဲ့ ဒိန်းဒေါင်

ဘဝမမေ့တဲ့သူဟာ အောင်မြင်မယ့်သူပါ။ ဒိန်းဒေါင်ကလည်း ကိုယ်အဆင်ပြေနေပေမယ့် အဆင်မပြေတဲ့ဘဝတွေကို မျက်ကွယ်မပြုဘဲ ကိုယ်စွမ်းညဏ်စွမ်းငွေစမ်းရှိသမျှအားတွေ အကုန်စိုက်ထုတ်ပြီး ကူညီပေးနေခဲ့ပါတယ်။

အခြေခံလူတန်းစားတွေနဲ့ အဆင်မပြေသူတွေ အရမ်းကိုများပြားတဲ့ မြို့ကြီးပြကြီးမှာ အနုပညာရှင်ဖြစ်ပါရက်နဲ့ နုနုရွရွမနေနိုင်ဘဲ ခက်ခဲတဲ့ဘဝတွေထဲကို ထဲထဲဝင်ဝင်လေ့လာပြီး ကူညီပေးနေခဲ့ပါတယ်။

လူအမျိုးမျိုးစိတ်အထွေထွေမှာ ဒိန်းဒေါင်ကတော့ မြင့်မြတ်တဲ့စိတ်ထားရှိသူတစ်ယောက်ပါ။ ကိုယ်တိုင်လည်းအများကြီး ကြိုးစားရုန်းကန်လာခဲ့သူမို့ ခက်ခဲတဲ့ဘဝတွေကိုအပြည့်အဝ ကိုယ်ချင်းစာနိုင်သူတစ်ယောက်ပါ။

ငှားထားတဲ့တိုက်ခန်းတွေကိုလည်း အခန်းလစာ တစ်ပြားမှမယူဘဲ Covid ကြီး ပြီးတဲ့ထိ အလကားနေခိုင်းခဲ့ပါသေးတယ်။ဒီနေ့မှာလည်း လမ်းမှာတွေ့တဲ့မြန်မာတုတ်ထိုးလေးတွေစားနေတုန်း လမ်းဘေးစာတွေမစားပါနဲ့ လို့ပြောလာသူကို

” လမ်းဘေးစာတွေ မစားပါနဲ့အကိုတဲ့ ဒီဘဝကတက်လာတဲ့သူပါ ဒီဘဝကိုမေ့နိုင်တဲ့စွမ်းအားငါ့မှာမရှိဘူး ငါ့ကိုမတားပါနဲ့ ”ဆိုပြီး တုံ့ပြန်ခဲ့တဲ့အကြောင်း သူ့ရဲ့လူမှုကွန်ရက်မှာတင်ထားခဲ့ပါတယ်။

အလှူရှင်တွေလည်း အဆက်မပြတ်လှူနေသလို ကိုယ်တိုင်လည်းအိတ်စိုက်ပြီး လှူဒါန်းပေးခဲ့ ပရဟိတသမားကြီးရဲ့စိတ်ဓာတ်ကိုတော့ လေးစားပြီးရင်းလေးစားပါပဲ။