အေမွာင္ဖုံးေသာရက္ သတၱပတ္ ကာလရဲ႕ ေရွာင္ရန္ ေဆာင္ရန္ မ်ားတဲ့ သတိထားလို႔ ရတာေပါ့

Zawgyi

အေမွာင္ဖုံးေသာ ရက္သတၱပတ္ကာလမွာ ေရွာင္ရန္ေဆာင္ရန္မ်ား (27.10.2020 – 11.11.2020)

၁။ ည (၆:၀၅) ေနာက္ပိုင္း အေျခအေနေတြမွာ အျပင္ထြက္သည့္အခါမွာ သတိထားပါ။ တစ္ဦးတည္း အျပင္မထြက္ပါႏွင့္။ အေဖာ္ပါမွထြက္ေပးပါ။

၂။ ေခြးမ်ားသည္ မနက္ပိုင္းေရာ ညေနပိုင္းေရာ ဆိုးရြားစြာ အူၾကမည္ျဖစ္သည္။ ေခြးမ်ားအား ေမာင္းထုတ္ျခင္း ရိုက္ႏွက္ျခင္းမျပဳလုပ္ပါႏွင့္။ ကံဆိုးပါလိမ့္မည္။ လူေသတတ္သည္။

၃။ မိုးေပၚပ်ံေနေသာ ငွက္မ်ား ထူးျခားစြာ ျပဳတ္က်ေသေနသည့္ ေနရာမ်ားတြင္ ေနထိုင္ေသာသူမ်ားအဖို႔ ထိုက်ရာေနရာမ်ားအား ပရိတ္ရည္ေလာင္းေပးပါ။ ဘုရားပန္းအိုးေရေလာင္းေပးပါ။ စက္ႀကီး (၁၃)ပါးဂါထာျဖင့္ ညစဥ္ စည္းခ်ေပးပါ။

၄။ မိမိတို႔အနီးအနားတြင္ သတ္ေသသြားသူမ်ား ရွိလၽွင္ ထိုေနရာတြင္ ေနၾကေသာသူမ်ားအေနျဖင့္ အလိုလိုသတ္ေသခ်င္စိတ္မ်ား ေပၚလာျခင္း ၊ ေသသြားသူ၏ ပုံရိပ္အား မ်က္လုံးထဲက မထြက္ျခင္း ၊

အလိုလိုေနရင္း ရန္ေစာင္ေနျခင္း ျဖစ္လၽွင္ရင္မူ တေရာ္ကင္ပြန္းကို ဆႏြင္းမႈန႔္အနည္းငယ္ထည့္ၿပီး ေခါင္းေလၽွာ္၍ တစ္ကိုယ္လုံးအား တိုက္ခၽြတ္ေပးပါ။

၅။ ေတာေတာင္ျဖင့္နီးသူမ်ားအေနျဖင့္ ေတာေအာ္ျခင္း ေတာင္ေအာ္ျခင္းမ်ား ၾကားရပါက ေမတၱာသုတ္နိုင္နိုင္ပို႔ေပးပါ။

၆။ ထိုရက္အတြင္း မိမိအိပ္သည့္ေနရာအနီးတြင္ ဓား ၊ ကတ္ေၾကး စေသာ လက္နက္ပစၥည္းမ်ားအား မထားရွိပါႏွင့္။ ေသတၱာတစ္ခုခုထဲကို သိမ္းဆည္းထားေပးပါ။အခန႔္မသင့္ရင္ မိမိကိုယ္တိုင္ေတာင္ မသိလိုက္ဘဲ ထိုပစၥည္းမ်ားသုံး၍ မိမိအခ်စ္ဆုံးသူမ်ားအား ထိခိုက္မိေစတတ္သည္။

၇။ ေဟာလိုးဝင္းညအခ်ိန္သည္၃၀ရက္ေန႔ ၊၃၁ ရက္ေန႔ ၊၁ ရက္ေန႔လို႔သတ္မွတ္နိုင္ၿပီးထိုအခ်ိန္တြင္မိမိအိမ္တြင္ဆယ္ႏွစ္ေအာက္ကေလးမ်ားရွိပါကအနီေရာင္အဝတ္၊အနက္ေရာင္အဝတ္ဝတ္ဆင္ေပးထားျခင္းမ်ားေရွာင္ေပးပါ။

အိမ္တြင္နာတာရွည္လူနာမ်ား ရွိေနပါက

နာတာရွည္လူနာအနီးတြင္ တရားေခြမ်ားဖြင့္ေပးထားပါ။ အနံ့သင္းေသာ အေမႊးနံ့မ်ား လႊတ္ထားေပးပါ။ မေကာင္းေသာအနံ့ ပုပ္ပိုးေသာအနံ့မ်ားအား ဖယ္ရွားထားေပးပါ။

၈။ ညအခ်ိန္ ေခြးေတြအူေနခ်ိန္မွာ ေသဆုံးသြားေသာ သူတစ္ဦးဦး၏ ပုံအား မ်က္ေတာင္မခတ္ၾကည့္ ၍ စကားေျပာရန္လာပါဟု ေျပာဆိုျခင္းျဖင့္ ထိုသူ မကၽြတ္လြတ္ပါက အိမ္မက္အတြင္းသို႔လည္းေကာင္း စကားလာေျပာလိမ့္မည္။

သို႔မဟုတ္ ကိုယ္ေျပာသမၽွအား သူသိေၾကာင္း အနံ့လႊတ္ျခင္း ၊ အရိပ္ျပျခင္း ၊ ထူးျခားနိမိတ္ျပျခင္း ႏွင့္ ၾကက္သီးအႀကိမ္ႀကိမ္က်ျခင္း စေသာ လကၡဏာမ်ား ေတြ႕ မည္။

ျပန္လည္းပို႔ေဆာင္လိုပါက ညအခ်ိန္ ေခြးေတြအူသည့္အခ်ိန္မွာ အဆင္ေျပရာ သြားလိုရာသြားပါေတာ့ဟု ေျပာဆိုရသည္။ စမ္းသပ္လိုပါက စမ္းသပ္နိုင္သည္။

၉။ ေရႊဖ႐ုံသီးအား လွီးျဖတ္၍ အတြင္းမွ မီးထြန္းျခင္း ၊ ပန္းသီးငါးလုံးအေပၚတြင္ မီးတိုင္ငါးတိုင္ထြန္းျခင္း ၊ ပန္းအိုးတစ္လုံးအား အိမ္ေနာက္ဘက္တြင္ ဓားနဲ႔ ထက္ဝက္ျဖတ္၍ လႊတ္ပစ္ျခင္း ၊ ျမင္းခြာသံအား အိမ္ေရွ႕တြင္ ခ်ိတ္ဆြဲထားျခင္း ၊

သပြတ္အူအတြင္းသို႔ ျပဒါးရည္အနည္းငယ္ထည့္၍ အိမ္ေရွ႕တြင္ ခ်ိတ္ထားျခင္း ၊ ဘူးသီးေျခာက္တစ္ခုအား Infinity (♾️) တံဆိပ္အား မွင္နီ (ေသြး) ျဖင့္ ေရးဆြဲထားျခင္းမ်ား ထဲမွာ တစ္ခုထက္ပိုေသာ အရာမ်ား ျပဳလုပ္ထားေပးျခင္းျဖင့္ မေကာင္းေသာသက္ေရာက္မႈမ်ား ပ်က္ျပယ္ေစမည္။

၁၀။ ညေျခာက္နာရီေက်ာ္လို႔ မိမိနာမည္အား တစ္စုံတစ္ေယာက္က ေခၚသည့္အခါ မထူးရပါ။ ညအခါ အိပ္မေပ်ာ္သည့္အခါ နံရံမ်ားအား လက္ျဖင့္မထုရပါ။ လက္ဆစ္နဲ႔ မေခါက္ရပါ။ ေျခမေဆာင့္ရပါ။

မိမိအရိပ္ႏွစ္ထပ္ျဖစ္လၽွင္ မေၾကာက္ပါႏွင့္ ေအးေဆးသာ မသိခ်င္ေယာင္ေဆာင္ၿပီး ေလၽွာက္လွမ္းပါ။ မီးခိုးမထြက္ဘဲ မီးခိုးေငြ႕မ်ား ျမင္ရလၽွင္မူ ” ဖုဌႆ ေလာကဓေမၼဟိ စိတၱံယႆ န ကမၸတိ အေသာကံ ဝိရဇံ ေခမံ ” ဆိုေသာ ဂါထာကို ရြတ္ဖတ္ျခင္းျဖင့္လည္းေကာင္း ၊

အဘဒါကာဒါဘရာ (Abracadabra) ကို ဆက္တိုက္ရြတ္ေပးျခင္းျဖင့္ေသာ္လည္းေကာင္း ရြတ္ဖတ္ေပးနိုင္သည္။ စိတ္ထဲအလြန္ေၾကာက္ရြံ့ မႈ ျဖစ္လာရင္လည္း အေပၚက ဂါထာႏွစ္ခုမွ တစ္ခုအား အႀကိမ္ေရသတ္မွတ္ထားျခင္းမရွိဘဲ ရြတ္နိုင္သည္။

၁၁။ လမ္းေလၽွာက္ေနရင္းနဲ႔ နားထဲ အားလုံးတိတ္ဆိတ္ၿပီး လူေတြရဲ့ အေဝးဆုံးကို ေရာက္သြားသည့္ ခံစားခ်က္ေပၚလာပါက ထိုအနီးအနားရွိ သစ္ပင္တစ္ပင္ေအာက္မွာထိုင္လိုက္ပါ။ သို႔မဟုတ္ပါက စိတ္သည္ အလိုလိုေနရင္း ကားနဲ႔ေျပးေဆာင့္ခ်င္စိတ္မ်ား အလိုလိုျဖစ္လာတတ္သည္။

မိမိအား တစ္ခုခု မေကာင္းတာလုပ္ဖို႔ ႏွိုးေဆာ္ေနသူမ်ား ေပၚလာတတ္သည္။ ထိုအခါ သစ္ပင္တစ္ပင္ပင္အား ေခတၱဖက္လိုက္ျခင္းျဖင့္ေသာ္လည္းေကာင္း ၊ သစ္ရိပ္ေအာက္တြင္ ခဏေလာက္ နားလိုက္ျခင္းျဖင့္လည္းေကာင္း ေျဖေဖ်ာက္နိုင္သည္။

၁၂။ အေမွာင္ခ်ထားသည့္အခ်ိန္မွာ မွန္ကိုၾကည့္ျခင္း မျပဳလုပ္ပါႏွင့္။ ထိုအခ်ိန္ မွန္ကိုၾကည့္ၿပီး ေျပာင္ျခင္း ၊ မိမိကိုယ္မိမိ စပ္ျဖဲျဖဲလုပ္ျခင္းမ်ား မျပဳလုပ္ပါႏွင့္။ မယုံၾကည္၍ လုပ္ၾကည့္နိုင္ပါသည္။

အက်ိဳးဆက္အေနျဖင့္ မိမိအိမ္သားတစ္ဦးဦး နာမက်န္းျဖစ္ျခင္း ၊ ယားနာျဖစ္ျခင္း ၊ အိမ္ရွိတိရစၧာန္တစ္ေကာင္ေကာင္ ေသျခင္း ၊ လူေသျခင္းအထိ ျဖစ္နိုင္သည္။

၁၃။ အသားစိမ္း ၊ ငါးစိမ္း ၊ ညႇီနံ့ထြက္ေသာ အသားမ်ားအား ညအခ်ိန္ကိုင္ပါက သတိျပဳပါ။ ဒီအရာသည္ ေလာကီဆရာမ်ား ၊ ေအာက္လမ္းဆရာမ်ား ႏွင့္ အျခားေသာ အသားအလုပ္လုပ္ေနသူမ်ားပါ အကၽြံဝင္သည္။

အလိုလိုေနရင္း စားခ်င္စိတ္မ်ား အစိမ္းလိုက္ကိုင္ခ်င္စိတ္မ်ား ေသြးသံရဲရဲအား လၽွာနဲ႔ လ်က္ခ်င္စိတ္မ်ား ေပၚလာပါက အဲ့ေနရာကေန ထြက္လာခဲ့ပါ ဆက္မေနပါနဲ႔။ အသားစိမ္းေတြ ကိုင္ၿပီး ညအခါေလၽွာက္မသြားပါႏွင့္။

 ေဆာင္ရန္ ေရွာင္ရန္

ဘယ္လိုမွ အသားစိမ္းအနားကေန ခြာမရသည့္အေျခအေနမ်ိဳးျဖင့္ ရင္ဆိုင္ေနရပါက ရွာလကာရည္တစ္ဗူးေဆာင္ထားၿပီး တစ္ငုံေသာက္ေသာက္ထားေပးပါ။11 ဂဏန္း ၊ 6 ဂဏန္း ၊ 7 ဂဏန္း သတိထားေပးပါ။ ထိုအခ်ိန္မ်ားအား သတိထားေပးပါ။

ဒါဟာ ဒီကာလအတြက္ ေနာက္ဆုံး ေဆာင္ရန္ ေရွာင္ရန္ တိတိက်က် ေရးသားေပးထားတာျဖစ္ပါသည္။ မယုံၾကည္ပါက လုပ္နိုင္သည္။ျဖစ္လာသည့္ မေကာင္းေသာအက်ိဳးဆက္အတြက္ မိမိဘာသာ တာဝန္ခံပါ။

မယုံၾကည္၍ လုပ္ေဆာင္ၿပီးေနာက္ပိုင္း ျဖစ္လာေသာအရာမ်ားအတြက္ ဘယ္ေလာကီဆရာကိုမွ ဒုကၡလိုက္မေပးပါနဲ႔ေတာ့။ ဆရာမ်ားအေနျဖင့္လည္း အေျခအေန အခ်ိန္အခါၾကည့္ၿပီး ကိုင္တြယ္ေပးပါ။ သို႔မဟုတ္ပါက ကိုယ့္ဘဝ ကိုယ္ေတြးၾကပါေလ။

လင္းညိဳ႕တာရာ– လြတ္လပ္စြာရွယ္နိုင္သည္။ မဖတ္လည္းရသည္။ မိမိတို႔၏ သေဘာအတိုင္း လုပ္ေဆာင္နိုင္ပါသည္။( မိမိအတြက္ တစ္ခဏတာ ေပ်ာ္စရာက အခ်ိဳ႕သူေတြအတြက္ တစ္သက္တာ ေဝဒနာျဖစ္တတ္ပါတယ္)

Unicode

အမှောင်ဖုံးသော ရက်သတ္တပတ်ကာလမှာ ရှောင်ရန်ဆောင်ရန်များ (27.10.2020 – 11.11.2020)

၁။ ည (၆:၀၅) နောက်ပိုင်း အခြေအနေတွေမှာ အပြင်ထွက်သည့်အခါမှာ သတိထားပါ။ တစ်ဦးတည်း အပြင်မထွက်ပါနှင့်။ အဖော်ပါမှထွက်ပေးပါ။

၂။ ခွေးများသည် မနက်ပိုင်းရော ညနေပိုင်းရော ဆိုးရွားစွာ အူကြမည်ဖြစ်သည်။ ခွေးများအား မောင်းထုတ်ခြင်း ရိုက်နှက်ခြင်းမပြုလုပ်ပါနှင့်။ ကံဆိုးပါလိမ့်မည်။ လူသေတတ်သည်။

၃။ မိုးပေါ်ပျံနေသော ငှက်များ ထူးခြားစွာ ပြုတ်ကျသေနေသည့် နေရာများတွင် နေထိုင်သောသူများအဖို့ ထိုကျရာနေရာများအား ပရိတ်ရည်လောင်းပေးပါ။ ဘုရားပန်းအိုးရေလောင်းပေးပါ။ စက်ကြီး (၁၃)ပါးဂါထာဖြင့် ညစဉ် စည်းချပေးပါ။

၄။ မိမိတို့အနီးအနားတွင် သတ်သေသွားသူများ ရှိလျှင် ထိုနေရာတွင် နေကြသောသူများအနေဖြင့် အလိုလိုသတ်သေချင်စိတ်များ ပေါ်လာခြင်း ၊ သေသွားသူ၏ ပုံရိပ်အား မျက်လုံးထဲက မထွက်ခြင်း ၊

အလိုလိုနေရင်း ရန်စောင်နေခြင်း ဖြစ်လျှင်ရင်မူ တရော်ကင်ပွန်းကို ဆနွင်းမှုန့်အနည်းငယ်ထည့်ပြီး ခေါင်းလျှော်၍ တစ်ကိုယ်လုံးအား တိုက်ချွတ်ပေးပါ။

၅။ တောတောင်ဖြင့်နီးသူများအနေဖြင့် တောအော်ခြင်း တောင်အော်ခြင်းများ ကြားရပါက မေတ္တာသုတ်နိုင်နိုင်ပို့ပေးပါ။

၆။ ထိုရက်အတွင်း မိမိအိပ်သည့်နေရာအနီးတွင် ဓား ၊ ကတ်ကြေး စသော လက်နက်ပစ္စည်းများအား မထားရှိပါနှင့်။ သေတ္တာတစ်ခုခုထဲကို သိမ်းဆည်းထားပေးပါ။အခန့်မသင့်ရင် မိမိကိုယ်တိုင်တောင် မသိလိုက်ဘဲ ထိုပစ္စည်းများသုံး၍ မိမိအချစ်ဆုံးသူများအား ထိခိုက်မိစေတတ်သည်။

၇။ ဟောလိုးဝင်းညအချိန်သည်၃၀ရက်နေ့ ၊၃၁ ရက်နေ့ ၊၁ ရက်နေ့လို့သတ်မှတ်နိုင်ပြီးထိုအချိန်တွင်မိမိအိမ်တွင်ဆယ်နှစ်အောက်ကလေးများရှိပါကအနီရောင်အဝတ်၊အနက်ရောင်အဝတ်ဝတ်ဆင်ပေးထားခြင်းများရှောင်ပေးပါ။

အိမ်တွင်နာတာရှည်လူနာများ ရှိနေပါက

နာတာရှည်လူနာအနီးတွင် တရားခွေများဖွင့်ပေးထားပါ။ အနံ့သင်းသော အမွှေးနံ့များ လွှတ်ထားပေးပါ။ မကောင်းသောအနံ့ ပုပ်ပိုးသောအနံ့များအား ဖယ်ရှားထားပေးပါ။

၈။ ညအချိန် ခွေးတွေအူနေချိန်မှာ သေဆုံးသွားသော သူတစ်ဦးဦး၏ ပုံအား မျက်တောင်မခတ်ကြည့် ၍ စကားပြောရန်လာပါဟု ပြောဆိုခြင်းဖြင့် ထိုသူ မကျွတ်လွတ်ပါက အိမ်မက်အတွင်းသို့လည်းကောင်း စကားလာပြောလိမ့်မည်။

သို့မဟုတ် ကိုယ်ပြောသမျှအား သူသိကြောင်း အနံ့လွှတ်ခြင်း ၊ အရိပ်ပြခြင်း ၊ ထူးခြားနိမိတ်ပြခြင်း နှင့် ကြက်သီးအကြိမ်ကြိမ်ကျခြင်း စသော လက္ခဏာများ တွေ့ မည်။

ပြန်လည်းပို့ဆောင်လိုပါက ညအချိန် ခွေးတွေအူသည့်အချိန်မှာ အဆင်ပြေရာ သွားလိုရာသွားပါတော့ဟု ပြောဆိုရသည်။ စမ်းသပ်လိုပါက စမ်းသပ်နိုင်သည်။

၉။ ရွှေဖရုံသီးအား လှီးဖြတ်၍ အတွင်းမှ မီးထွန်းခြင်း ၊ ပန်းသီးငါးလုံးအပေါ်တွင် မီးတိုင်ငါးတိုင်ထွန်းခြင်း ၊ ပန်းအိုးတစ်လုံးအား အိမ်နောက်ဘက်တွင် ဓားနဲ့ ထက်ဝက်ဖြတ်၍ လွှတ်ပစ်ခြင်း ၊ မြင်းခွာသံအား အိမ်ရှေ့တွင် ချိတ်ဆွဲထားခြင်း ၊

သပွတ်အူအတွင်းသို့ ပြဒါးရည်အနည်းငယ်ထည့်၍ အိမ်ရှေ့တွင် ချိတ်ထားခြင်း ၊ ဘူးသီးခြောက်တစ်ခုအား Infinity (♾️) တံဆိပ်အား မှင်နီ (သွေး) ဖြင့် ရေးဆွဲထားခြင်းများ ထဲမှာ တစ်ခုထက်ပိုသော အရာများ ပြုလုပ်ထားပေးခြင်းဖြင့် မကောင်းသောသက်ရောက်မှုများ ပျက်ပြယ်စေမည်။

၁၀။ ညခြောက်နာရီကျော်လို့ မိမိနာမည်အား တစ်စုံတစ်ယောက်က ခေါ်သည့်အခါ မထူးရပါ။ ညအခါ အိပ်မပျော်သည့်အခါ နံရံများအား လက်ဖြင့်မထုရပါ။ လက်ဆစ်နဲ့ မခေါက်ရပါ။ ခြေမဆောင့်ရပါ။

မိမိအရိပ်နှစ်ထပ်ဖြစ်လျှင် မကြောက်ပါနှင့် အေးဆေးသာ မသိချင်ယောင်ဆောင်ပြီး လျှောက်လှမ်းပါ။ မီးခိုးမထွက်ဘဲ မီးခိုးငွေ့များ မြင်ရလျှင်မူ ” ဖုဌဿ လောကဓမ္မေဟိ စိတ္တံယဿ န ကမ္ပတိ အသောကံ ဝိရဇံ ခေမံ ” ဆိုသော ဂါထာကို ရွတ်ဖတ်ခြင်းဖြင့်လည်းကောင်း ၊

အဘဒါကာဒါဘရာ (Abracadabra) ကို ဆက်တိုက်ရွတ်ပေးခြင်းဖြင့်သော်လည်းကောင်း ရွတ်ဖတ်ပေးနိုင်သည်။ စိတ်ထဲအလွန်ကြောက်ရွံ့ မှု ဖြစ်လာရင်လည်း အပေါ်က ဂါထာနှစ်ခုမှ တစ်ခုအား အကြိမ်ရေသတ်မှတ်ထားခြင်းမရှိဘဲ ရွတ်နိုင်သည်။

၁၁။ လမ်းလျှောက်နေရင်းနဲ့ နားထဲ အားလုံးတိတ်ဆိတ်ပြီး လူတွေရဲ့ အဝေးဆုံးကို ရောက်သွားသည့် ခံစားချက်ပေါ်လာပါက ထိုအနီးအနားရှိ သစ်ပင်တစ်ပင်အောက်မှာထိုင်လိုက်ပါ။ သို့မဟုတ်ပါက စိတ်သည် အလိုလိုနေရင်း ကားနဲ့ပြေးဆောင့်ချင်စိတ်များ အလိုလိုဖြစ်လာတတ်သည်။

မိမိအား တစ်ခုခု မကောင်းတာလုပ်ဖို့ နှိုးဆော်နေသူများ ပေါ်လာတတ်သည်။ ထိုအခါ သစ်ပင်တစ်ပင်ပင်အား ခေတ္တဖက်လိုက်ခြင်းဖြင့်သော်လည်းကောင်း ၊ သစ်ရိပ်အောက်တွင် ခဏလောက် နားလိုက်ခြင်းဖြင့်လည်းကောင်း ဖြေဖျောက်နိုင်သည်။

၁၂။ အမှောင်ချထားသည့်အချိန်မှာ မှန်ကိုကြည့်ခြင်း မပြုလုပ်ပါနှင့်။ ထိုအချိန် မှန်ကိုကြည့်ပြီး ပြောင်ခြင်း ၊ မိမိကိုယ်မိမိ စပ်ဖြဲဖြဲလုပ်ခြင်းများ မပြုလုပ်ပါနှင့်။ မယုံကြည်၍ လုပ်ကြည့်နိုင်ပါသည်။

အကျိုးဆက်အနေဖြင့် မိမိအိမ်သားတစ်ဦးဦး နာမကျန်းဖြစ်ခြင်း ၊ ယားနာဖြစ်ခြင်း ၊ အိမ်ရှိတိရစ္ဆာန်တစ်ကောင်ကောင် သေခြင်း ၊ လူသေခြင်းအထိ ဖြစ်နိုင်သည်။

၁၃။ အသားစိမ်း ၊ ငါးစိမ်း ၊ ညှီနံ့ထွက်သော အသားများအား ညအချိန်ကိုင်ပါက သတိပြုပါ။ ဒီအရာသည် လောကီဆရာများ ၊ အောက်လမ်းဆရာများ နှင့် အခြားသော အသားအလုပ်လုပ်နေသူများပါ အကျွံဝင်သည်။

အလိုလိုနေရင်း စားချင်စိတ်များ အစိမ်းလိုက်ကိုင်ချင်စိတ်များ သွေးသံရဲရဲအား လျှာနဲ့ လျက်ချင်စိတ်များ ပေါ်လာပါက အဲ့နေရာကနေ ထွက်လာခဲ့ပါ ဆက်မနေပါနဲ့။ အသားစိမ်းတွေ ကိုင်ပြီး ညအခါလျှောက်မသွားပါနှင့်။

ဆောင်ရန် ရှောင်ရန်

ဘယ်လိုမှ အသားစိမ်းအနားကနေ ခွာမရသည့်အခြေအနေမျိုးဖြင့် ရင်ဆိုင်နေရပါက ရှာလကာရည်တစ်ဗူးဆောင်ထားပြီး တစ်ငုံသောက်သောက်ထားပေးပါ။11 ဂဏန်း ၊ 6 ဂဏန်း ၊ 7 ဂဏန်း သတိထားပေးပါ။ ထိုအချိန်များအား သတိထားပေးပါ။

ဒါဟာ ဒီကာလအတွက် နောက်ဆုံး ဆောင်ရန် ရှောင်ရန် တိတိကျကျ ရေးသားပေးထားတာဖြစ်ပါသည်။ မယုံကြည်ပါက လုပ်နိုင်သည်။ဖြစ်လာသည့် မကောင်းသောအကျိုးဆက်အတွက် မိမိဘာသာ တာဝန်ခံပါ။

မယုံကြည်၍ လုပ်ဆောင်ပြီးနောက်ပိုင်း ဖြစ်လာသောအရာများအတွက် ဘယ်လောကီဆရာကိုမှ ဒုက္ခလိုက်မပေးပါနဲ့တော့။ ဆရာများအနေဖြင့်လည်း အခြေအနေ အချိန်အခါကြည့်ပြီး ကိုင်တွယ်ပေးပါ။ သို့မဟုတ်ပါက ကိုယ့်ဘဝ ကိုယ်တွေးကြပါလေ။

လင်းညို့တာရာ– လွတ်လပ်စွာရှယ်နိုင်သည်။ မဖတ်လည်းရသည်။ မိမိတို့၏ သဘောအတိုင်း လုပ်ဆောင်နိုင်ပါသည်။( မိမိအတွက် တစ်ခဏတာ ပျော်စရာက အချို့သူတွေအတွက် တစ်သက်တာ ဝေဒနာဖြစ်တတ်ပါတယ်)