ဆရာဝန္မ်ားက ျပင္သစ္သည္ ကပ္ေရာဂါကိုထိန္းခ်ဳပ္ႏိုင္စြမ္းမရွိေတာ့ဟုသတိေပး

Zawgyi

ဆရာဝန္မ်ားက ျပင္သစ္သည္ ကပ္ေရာဂါကိုထိန္းခ်ဳပ္ႏိုင္စြမ္းမရွိေတာ့ဟုသတိေပး

ျပင္သစ္ႏိုင္ငံမွာ တစ္ရက္အတြင္း ေရာဂါကူးစက္ခံရသူ ၅၂၀၀၀ ေက်ာ္ေတြ႕ရွိၿပီးတဲ့ေနာက္ ဆရာဝန္ေတြက ျပင္သစ္ႏိုင္ငံဟာ ကပ္ေရာဂါကိုထိန္းခ်ဳပ္ႏိုင္စြမ္းမရွိေတာ့ဘူးလို႔ ေအာက္တိုဘာလ ၂၆ ရက္မွာ သတိေပးလိုက္ေၾကာင္း သိရပါတယ္။

ျပင္သစ္ Scientific council ရဲ႕ဥကၠဌ ေဒါက္တာ Jean-Francois Delfraissy က “တိုင္းျပည္က အရမ္းခက္ခဲၿပီး၊ ေသေရးရွင္ေရးအေျခအေနကို ေရာက္ေနပါၿပီ။ ၂၄ နာရီအတြင္း ေရာဂါပိုးကူးစက္ခံရသူေတြ႕ရွိမႈဟာ ၅၀၀၀၀ ေက်ာ္အထိရွိလာေနပါၿပီ။

Scientific council ရဲ႕ခန္႔မွန္းခ်က္အရဆိုရင္ အဲဒီထက္ႏွစ္ဆျမင့္တက္ၿပီး တစ္သိန္းနီးပါးေလာက္အထိရွိလာႏိုင္ပါတယ္။ ေရာဂါပိုးက အရမ္းျမန္ဆန္တဲ့ႏႈန္းနဲ႔ပ်ံ႕ႏွံ႔ေနတာျဖစ္ပါတယ္” လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့စက္တင္ဘာလက ျပင္သစ္ေဆး႐ုံေတြရဲ႕ ICU ကုတင္တစ္ဝက္ေက်ာ္မွာ လူနာေတြျပည့္သြားခဲ့တဲ့အခ်ိန္ကစၿပီး ျပင္သစ္ႏိုင္ငံမွာ စည္းမ်ဥ္းကန္႔သတ္ခ်က္ေတြ ပိုမိုထုတ္ျပန္ခဲ့ရသလို အခုလအေစာပိုင္းမွာလည္း အေရးေပၚအမိန္႔ထုတ္ျပန္ေၾကညာခဲ့ရပါတယ္။

Pitie-Salpetriere ေဆး႐ုံက ေဒါက္တာ Eric Caumes ကလည္း ျပင္သစ္ႏိုင္ငံဟာ လြန္ခဲ့တဲ့ရက္ပိုင္းေလာက္ကလည္းက ကပ္ေရာဂါကိုထိန္းခ်ဳပ္ႏိုင္စြမ္းဆုံးရႈံးသြားခဲ့တာလို႔ ဆိုခဲ့ပါတယ္။

WHO ကေတာ့ ျပင္သစ္အေနနဲ႔ Lockdown ထပ္မခ်ဘူးဆိုရင္ ေစာင့္ၾကည့္ထိန္းခ်ဳပ္ဖို႔၊ စမ္းသပ္မႈေတြ တိုးျမႇင့္လုပ္ေဆာင္ဖို႔နဲ႔ေျခရာခံစနစ္ေကာင္းမြန္ေအာင္လုပ္ေဆာင္ျခင္းတို႔လိုေနရာေတြမွာ အားစိုက္ႀကိဳးပမ္းဖို႔လိုတယ္လို႔ ဆိုထားေၾကာင္း သိရပါတယ္။

(Asteria,27.10.2020) Ref: AP

Unicode

ဆရာဝန်များက ပြင်သစ်သည် ကပ်ရောဂါကိုထိန်းချုပ်နိုင်စွမ်းမရှိတော့ဟုသတိပေး

ပြင်သစ်နိုင်ငံမှာ တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ ၅၂၀၀၀ ကျော်တွေ့ရှိပြီးတဲ့နောက် ဆရာဝန်တွေက ပြင်သစ်နိုင်ငံဟာ ကပ်ရောဂါကိုထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူးလို့ အောက်တိုဘာလ ၂၆ ရက်မှာ သတိပေးလိုက်ကြောင်း သိရပါတယ်။

ပြင်သစ် Scientific council ရဲ့ဥက္ကဌ ဒေါက်တာ Jean-Francois Delfraissy က “တိုင်းပြည်က အရမ်းခက်ခဲပြီး၊ သေရေးရှင်ရေးအခြေအနေကို ရောက်နေပါပြီ။ ၂၄ နာရီအတွင်း ရောဂါပိုးကူးစက်ခံရသူတွေ့ရှိမှုဟာ ၅၀၀၀၀ ကျော်အထိရှိလာနေပါပြီ။

Scientific council ရဲ့ခန့်မှန်းချက်အရဆိုရင် အဲဒီထက်နှစ်ဆမြင့်တက်ပြီး တစ်သိန်းနီးပါးလောက်အထိရှိလာနိုင်ပါတယ်။ ရောဂါပိုးက အရမ်းမြန်ဆန်တဲ့နှုန်းနဲ့ပျံ့နှံ့နေတာဖြစ်ပါတယ်” လို့ သတိပေးပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလက ပြင်သစ်ဆေးရုံတွေရဲ့ ICU ကုတင်တစ်ဝက်ကျော်မှာ လူနာတွေပြည့်သွားခဲ့တဲ့အချိန်ကစပြီး ပြင်သစ်နိုင်ငံမှာ စည်းမျဉ်းကန့်သတ်ချက်တွေ ပိုမိုထုတ်ပြန်ခဲ့ရသလို အခုလအစောပိုင်းမှာလည်း အရေးပေါ်အမိန့်ထုတ်ပြန်ကြေညာခဲ့ရပါတယ်။

Pitie-Salpetriere ဆေးရုံက ဒေါက်တာ Eric Caumes ကလည်း ပြင်သစ်နိုင်ငံဟာ လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကလည်းက ကပ်ရောဂါကိုထိန်းချုပ်နိုင်စွမ်းဆုံးရှုံးသွားခဲ့တာလို့ ဆိုခဲ့ပါတယ်။

WHO ကတော့ ပြင်သစ်အနေနဲ့ Lockdown ထပ်မချဘူးဆိုရင် စောင့်ကြည့်ထိန်းချုပ်ဖို့၊ စမ်းသပ်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့နဲ့ခြေရာခံစနစ်ကောင်းမွန်အောင်လုပ်ဆောင်ခြင်းတို့လိုနေရာတွေမှာ အားစိုက်ကြိုးပမ်းဖို့လိုတယ်လို့ ဆိုထားကြောင်း သိရပါတယ်။

(Asteria,27.10.2020) Ref: AP