ထြြန္းကိုကိုသာ မလိုက္လာရင္ေဆး႐ုံဆင္းတာနဲ႔စကားေျပာျပန္သင္ရမယ္လို႔ဆိုလာတဲ့ ေက်ာ္သူ

Zawgyi

ထြန္းကိုကိုသာ မလိုက္လာရင္ ေဆး႐ုံဆင္းတာနဲ႔ စကားေျပာ ျပန္သင္ရမယ္လို႔ ဆိုလာတဲ့ ေက်ာ္သူ

ပရိဟတမင္းသားႀကီးဦးေက်ာ္သူနဲ႔ ထြန္းကိုကိုတို႔ႏွစ္ေယာက္ကေတာ့ လတ္တေလာေဝဘာဂီေဆး႐ုံမွာ ကိုဗစ္ကပ္ေရာဂါႀကီးကို ခႏၶာကိုယ္ကေနတိုက္ထုတ္ႏိုင္ဖို႔အတြက္ ကုသမႈခံယူေနခဲ့တာ (၉) ရက္ေျမာက္ခဲ့ၿပီ ျဖစ္ပါတယ္။

လာေရာက္ကုသေပးတဲ့ ဆရာဝန္၊ ဆရာမေတြကလြဲလို႔ အျခားသူေတြနဲ႔လည္း မေတြ႕ရ အခန္းထဲပဲ ေအာင္းေနရတာမို႔ ဦးေက်ာ္သူကေတာ့ ဒီေန႔မွာ ေဝဘာဂီအလြင့္ဆိုတဲ့ ေခါင္းစဥ္ေလးနဲ႔အတူ သူ႔ရဲ႕လက္ရွိအေျခအေနကို ေရးသားမွ်ေဝခဲ့ပါတယ္။

ဒီေန႔ဆိုရင္ ေဝဘာဂီေဆး႐ုံကိုေရာက္တာ (၉) ရက္ရွိသြားၿပီ။ ျပင္ပေလာကႀကီးနဲ႔(၉) ရက္ကြာဟသြားၿပီ။ သစ္ပင္ေတြပန္းပြင့္ေလးေတြမျမင္ရတာ (၉) ရက္ရွိသြားၿပီ။ ေနရယ္၊လရယ္ ကိုမျမင္ရတာ (၉) ရက္ရွိသြားၿပီ။

လူေတြ၊ကားေတြ၊တိုက္ေတြ မေတြ႕ရတာလည္း(၉) ရက္ရွိသြားၿပီ။ေတာ္ေသးရဲ႕…ထြန္းကိုကို ဇြတ္လိုက္လာလို႔။ သူနဲ႔စကားေျပာေဖၚေလးရလို႔။ ႏို႔မို႔ဆိုရင္ ေဆး႐ုံလည္းဆင္း စကားေျပာပါျပန္သင္ရေတာ့မလိုျဖစ္ေနၿပီေပါ့ ဆိုၿပီး ေရးသားမွ်ေဝလာပါတယ္။

ဒါေပမယ့္ အခုလို ဘာမွလုပ္စရာမရွိ ဘယ္သူနဲ႔မွေတြ႕စရာမလိုတဲ့အတြက္ ဘာသာေရးကိုပဲ ေဇာက္ခ်လုပ္ေနတာေၾကာင့္ ေဝဘာဂီမွာ ဂူေအာင္းက်င့္စဥ္က်င့္တာ တစ္ခုမက ေအာင္ျမင္ေတာ့မွာျဖစ္ေၾကာင္းလည္း ပရိသတ္ႀကီးကို မွ်ေဝလာပါတယ္။

ဦးေက်ာ္သူနဲ႔ ထြန္းကိုကိုတို႔ ႏွစ္ေယာက္စလုံး ျပည္သူေတြရဲ႕ေမတၱာဓာတ္ရဲ႕အျမန္ဆုံးျပန္လည္ေကာင္းမြန္လာပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source – Kyaw Thu

Unicode

ထွန်းကိုကိုသာ မလိုက်လာရင် ဆေးရုံဆင်းတာနဲ့ စကားပြော ပြန်သင်ရမယ်လို့ ဆိုလာတဲ့ ကျော်သူ

ပရိဟတမင်းသားကြီးဦးကျော်သူနဲ့ ထွန်းကိုကိုတို့နှစ်ယောက်ကတော့ လတ်တလောဝေဘာဂီဆေးရုံမှာ ကိုဗစ်ကပ်ရောဂါကြီးကို ခန္ဓာကိုယ်ကနေတိုက်ထုတ်နိုင်ဖို့အတွက် ကုသမှုခံယူနေခဲ့တာ (၉) ရက်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

လာရောက်ကုသပေးတဲ့ ဆရာဝန်၊ ဆရာမတွေကလွဲလို့ အခြားသူတွေနဲ့လည်း မတွေ့ရ အခန်းထဲပဲ အောင်းနေရတာမို့ ဦးကျော်သူကတော့ ဒီနေ့မှာ ဝေဘာဂီအလွင့်ဆိုတဲ့ ခေါင်းစဉ်လေးနဲ့အတူ သူ့ရဲ့လက်ရှိအခြေအနေကို ရေးသားမျှဝေခဲ့ပါတယ်။

ဒီနေ့ဆိုရင် ဝေဘာဂီဆေးရုံကိုရောက်တာ (၉) ရက်ရှိသွားပြီ။ ပြင်ပလောကကြီးနဲ့(၉) ရက်ကွာဟသွားပြီ။ သစ်ပင်တွေပန်းပွင့်လေးတွေမမြင်ရတာ (၉) ရက်ရှိသွားပြီ။ နေရယ်၊လရယ် ကိုမမြင်ရတာ (၉) ရက်ရှိသွားပြီ။

လူတွေ၊ကားတွေ၊တိုက်တွေ မတွေ့ရတာလည်း(၉) ရက်ရှိသွားပြီ။တော်သေးရဲ့…ထွန်းကိုကို ဇွတ်လိုက်လာလို့။ သူနဲ့စကားပြောဖေါ်လေးရလို့။ နို့မို့ဆိုရင် ဆေးရုံလည်းဆင်း စကားပြောပါပြန်သင်ရတော့မလိုဖြစ်နေပြီပေါ့ ဆိုပြီး ရေးသားမျှဝေလာပါတယ်။

ဒါပေမယ့် အခုလို ဘာမှလုပ်စရာမရှိ ဘယ်သူနဲ့မှတွေ့စရာမလိုတဲ့အတွက် ဘာသာရေးကိုပဲ ဇောက်ချလုပ်နေတာကြောင့် ဝေဘာဂီမှာ ဂူအောင်းကျင့်စဉ်ကျင့်တာ တစ်ခုမက အောင်မြင်တော့မှာဖြစ်ကြောင်းလည်း ပရိသတ်ကြီးကို မျှဝေလာပါတယ်။

ဦးကျော်သူနဲ့ ထွန်းကိုကိုတို့ နှစ်ယောက်စလုံး ပြည်သူတွေရဲ့မေတ္တာဓာတ်ရဲ့အမြန်ဆုံးပြန်လည်ကောင်းမွန်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source – Kyaw Thu