တရားခံကိုဖမ္းမိၿပီ

Zawgyi

ေ႐ႊေတာင္ၿမိဳ႕မွ အသက္ ၄ အ႐ြယ္ သမီးကေလးအား သတ္ခဲ့တဲ့ တရားခံကို ဖမ္းမိၿပီ

ပဲခူးတိုင္း၊ ျပည္ခ႐ိုင္၊ ေ႐ႊေတာင္ၿမိဳ႕နယ္၊ မက်ီးေပါက္ကုန္းအုပ္စု၊ ေက်ာက္ဖူးေက်း႐ြာတြင္ ၿပီးခဲ့တဲ့ေအာက္တိုဘာလ ၁၈ ရက္ေန႔ ညေန ၄ နာရီအခ်ိန္ခန႔္က အသက္ ၄ ႏွစ္အ႐ြယ္ ရွိ ဉီးေက်ာ္ဉီး၊ေဒၚေအးစန္းတို႔ရဲ႕သမီးမျပည့္ျပည့္ဇြန္အမည္ရွိမိန္းခေလးတစ္ဦးေပ်ာက္ဆုံးခဲ့ရာ

၉ရက္ေျမာက္ေအာက္တိုဘာလ၂၆ရက္ေန႔လည္ပိုင္းမွာေက်ာက္ဖူးက်င္းေက်း႐ြာနဲ႔ကန္သုံးဆင့္ေက်း႐ြာၾကား လယ္ကြင္းထဲမွာေသဆုံးလ်က္ေတြ႕ရွိရ၍လူေပ်ာက္မႈမွလူသတ္မႈသို႔ေျပာင္းလဲဖြင့္လွစ္ထားတဲ့လူသတ္တရားခံဆိုသူကို

ဒီေန႔ေအာက္တိုဘာလ၂၈ရက္ေန႔လယ္ပိုင္းမွာ သ႐ုပ္ျပဖို႔လယ္ကြက္ထဲကိုေခၚလာမည္ဆိုေသာအသံေၾကာင့္ေဒသခံတို႔ လူစုလူေဝးျဖစ္ေပၚေနတယ္လို႔ေ႐ႊေတာင္ၿမိဳ႕နယ္ေလးထပ္ေရာင္ျခည္ပရဟိတဉကၠ႒ကိုေဇာ္ေဇာ္ထြန္းကေျပာပါတယ္။

“ကေလးကိုသတ္တဲ့လူသတ္တရားခံကိုမိထားၿပီလို႔သိရတယ္၊အဲဒီေက်ာက္ဖူးက်င္းေက်း႐ြာထဲကပါဘဲ ၊တရားခံကို ကေလးကိုဘယ္လိုသတ္ၿပီးလယ္ကြက္ထဲဘယ္လိုပစ္ထားတယ္ဆိုတာ သ႐ုပ္ျပဖို႔ေ႐ႊေတာင္ၿမိဳ႕နယ္ရဲစခန္းကတာဝန္ရွ္ိသူေတြတရားခံကို

လယ္ကြက္ထဲကိုေခၚလာေနရာမွာလူစုလူေဝႀကီးျဖစ္ေပၚေနတဲ့အတြက္မနည္းထိန္းေနရပါတယ္”လို႔ေ႐ႊေတာင္ၿမိဳ႕နယ္ေလးထပ္ေရာင္ျခည္ပရဟိတဥကၠ႒ ကိုေဇာ္ေဇာ္ထြန္းကေျပာပါတယ္။

“ကေလးကိုသတ္တဲ့တရားခံတစ္ေယာက္ကိုေတာ့မေန႔ကဖမ္းမိထားပါတယ္၊ဒီေန႔သ႐ုပ္ျပမွတ္တမ္းလုပ္မယ္လို႔သိရပါတယ္၊သ႐ုပ္ျပတဲ့ေနရာမွာလူစုလူေဝးျဖစ္တာေတာ့ထိန္းရမွာေပါ့ ၊လူထုကလည္းမခံမရပ္ႏိုင္ျဖစ္ေနၾကတာေပါ့

အတတ္ႏိုင္ဆုံးလူစုလူေဝးမျဖစ္ေအာင္ေတာ့ပရဟိတအဖြဲ႕ေတြေရာဝိုင္းဝန္းထိန္းေနရတာေပါ့”လို႔ ေ႐ႊေတာင္ၿမိဳ႕နယ္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ဉီးၫႊန႔္ေဝကေျပာပါတယ္။

မျပည့္ျပည့္ဇြန္ေပ်ာက္ေနတာနဲ႔ပတ္သက္လို႔စခန္းမွာလူေပ်ာက္ဖြင့္ထားရာကေအာက္တိုဘာလ၂၆ရက္ေန႔လယ္ပိုင္းမွာေက်ာက္ဖူးက်င္းေက်း႐ြာရဲေျမာက္ဖက္၊႐ြာႏွစ္႐ြာၾကားမွာနဖူး႐ိုးကြဲေၾကဉီးေခါင္းခ်ိဳင့္ဝင္ဒဏ္ရာမ်ားျဖင့္ေသဆုံးလ်က္ေတြ႕ရ၍

လူေပ်ာက္မႈမွ လူသတ္မႈ (ပ)၃၇၁/၂၀၂၀ ရာဇသတ္ႀကီး ဉပေဒပုဒ္မ၃၀၂ျဖင့္ေျပာင္းလဲဖြင့္လွစ္ကာစုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနရာ ဒီေန႔ေအာက္တိုဘာလ၂၈ရက္ေန႔လယ္ပိုင္း၌လူသတ္တရားခံဖမ္းမိထားၿပီျဖစ္ေၾကာင္းေ႐ႊေတာင္ၿမိဳ႕မရဲစခန္းမွသိရသည္။

ယခုဖမ္းမိထားေသာကေလးကိုသတ္တဲ့တရားခံဆိုသူမွာ ေက်ာက္ဖူးက်င္းေက်း႐ြာေနအသက္၅၀ႏွစ္ခန႔္ရွိဦးခင္ဝင္းဆိုသူဟုသိရၿပီးကေလးရဲမိဘေတြဆီမွာပိုက္ဆံသိန္း၃၀ခန႔္ခ်ီးထား​ေၾကာင္း၊ဒီေငြေၾကးကိစၥနဲ႔ၿပီးခဲ့တဲ့လက စကားမ်ားၾက​ေၾကာင္းနဲ႔

ကေလးက အဲဒီလူသတ္တရားခံဆိုသူရဲ႕အိမ္ေပၚကိုတူတူပုန္းတမ္းကစားရင္းတက္ပုန္းရာမွကေလးကိုသတ္၍အိတ္ထဲထည့္ၿပီးလူလစ္ခ်ိန္မွာ လယ္ကြက္ထဲပစ္ထားတာျဖစ္ေၾကာင္းေဒသခံမ်ားထံကၾကားသိရပါတယ္။

မျပည့္ျပည့္ဇြန္သည္ၿပီးခဲ့တဲ့ေအာက္တိုဘာလ၁၈ရက္ေန႔ ညေန၄နာရီက ကေလးေလးေယာက္ေဆာ့ေနၿပီး ေရဆာ၍အိမ္တစ္အိမ္မွာေရတက္ေသာက္ၾကရာမွျပန္အဆင္းအလာေပ်ာက္ဆုံးသြားေၾကာင္း၊႐ြာတြင္အိမ္ေျခ၂၂အိမ္ဘဲရွိၿပီးတစ္ဘက္ပိတ္ျဖစ္၍

တ​ျခားဘက္တြင္​လမ္းမရွိေၾကာင္းကိုဗစ္ကာလျဖစ္၍႐ြာထိပ္တြင္ ေမာင္းတံဂိတ္ရွ္ိရာ အဆိုပါေမာင္းတံဂိတ္မွာလည္းအ​ၿမဲအေဆာင့္ရွိေၾကာင္း ေပ်ာက္သြားေသာ ညေန အခ်ိန္အထိေမာင္းတံဂိတ္တြင္အေစာင့္ရွိၿပီးကေလးကိူမေတြ႕ေၾကာင္းေဒသခံမ်ားထံကသိရပါတယ္။

Source- ေဝဇင္ၾကည္ bgaowatchnews

Unicode

ရွှေတောင်မြို့မှ အသက် ၄ အရွယ် သမီးကလေးအား သတ်ခဲ့တဲ့ တရားခံကို ဖမ်းမိပြီ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မကျီးပေါက်ကုန်းအုပ်စု၊ ကျောက်ဖူးကျေးရွာတွင် ပြီးခဲ့တဲ့အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က အသက် ၄ နှစ်အရွယ် ရှိ ဉီးကျော်ဉီး၊ဒေါ်အေးစန်းတို့ရဲ့သမီးမပြည့်ပြည့်ဇွန်အမည်ရှိမိန်းခလေးတစ်ဦးပျောက်ဆုံးခဲ့ရာ

၉ရက်မြောက်အောက်တိုဘာလ၂၆ရက်နေ့လည်ပိုင်းမှာကျောက်ဖူးကျင်းကျေးရွာနဲ့ကန်သုံးဆင့်ကျေးရွာကြား လယ်ကွင်းထဲမှာသေဆုံးလျက်တွေ့ရှိရ၍လူပျောက်မှုမှလူသတ်မှုသို့ပြောင်းလဲဖွင့်လှစ်ထားတဲ့လူသတ်တရားခံဆိုသူကို

ဒီနေ့အောက်တိုဘာလ၂၈ရက်နေ့လယ်ပိုင်းမှာ သရုပ်ပြဖို့လယ်ကွက်ထဲကိုခေါ်လာမည်ဆိုသောအသံကြောင့်ဒေသခံတို့ လူစုလူဝေးဖြစ်ပေါ်နေတယ်လို့ရွှေတောင်မြို့နယ်လေးထပ်ရောင်ခြည်ပရဟိတဉက္ကဋ္ဌကိုဇော်ဇော်ထွန်းကပြောပါတယ်။

“ကလေးကိုသတ်တဲ့လူသတ်တရားခံကိုမိထားပြီလို့သိရတယ်၊အဲဒီကျောက်ဖူးကျင်းကျေးရွာထဲကပါဘဲ ၊တရားခံကို ကလေးကိုဘယ်လိုသတ်ပြီးလယ်ကွက်ထဲဘယ်လိုပစ်ထားတယ်ဆိုတာ သရုပ်ပြဖို့ရွှေတောင်မြို့နယ်ရဲစခန်းကတာဝန်ရှ်ိသူတွေတရားခံကို

လယ်ကွက်ထဲကိုခေါ်လာနေရာမှာလူစုလူဝေကြီးဖြစ်ပေါ်နေတဲ့အတွက်မနည်းထိန်းနေရပါတယ်”လို့ရွှေတောင်မြို့နယ်လေးထပ်ရောင်ခြည်ပရဟိတဥက္ကဋ္ဌ ကိုဇော်ဇော်ထွန်းကပြောပါတယ်။

“ကလေးကိုသတ်တဲ့တရားခံတစ်ယောက်ကိုတော့မနေ့ကဖမ်းမိထားပါတယ်၊ဒီနေ့သရုပ်ပြမှတ်တမ်းလုပ်မယ်လို့သိရပါတယ်၊သရုပ်ပြတဲ့နေရာမှာလူစုလူဝေးဖြစ်တာတော့ထိန်းရမှာပေါ့ ၊လူထုကလည်းမခံမရပ်နိုင်ဖြစ်နေကြတာပေါ့

အတတ်နိုင်ဆုံးလူစုလူဝေးမဖြစ်အောင်တော့ပရဟိတအဖွဲ့တွေရောဝိုင်းဝန်းထိန်းနေရတာပေါ့”လို့ ရွှေတောင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဉီးညွှန့်ဝေကပြောပါတယ်။

မပြည့်ပြည့်ဇွန်ပျောက်နေတာနဲ့ပတ်သက်လို့စခန်းမှာလူပျောက်ဖွင့်ထားရာကအောက်တိုဘာလ၂၆ရက်နေ့လယ်ပိုင်းမှာကျောက်ဖူးကျင်းကျေးရွာရဲမြောက်ဖက်၊ရွာနှစ်ရွာကြားမှာနဖူးရိုးကွဲကြေဉီးခေါင်းချိုင့်ဝင်ဒဏ်ရာများဖြင့်သေဆုံးလျက်တွေ့ရ၍

လူပျောက်မှုမှ လူသတ်မှု (ပ)၃၇၁/၂၀၂၀ ရာဇသတ်ကြီး ဉပဒေပုဒ်မ၃၀၂ဖြင့်ပြောင်းလဲဖွင့်လှစ်ကာစုံစမ်းစစ်ဆေးမှုများပြုလုပ်နေရာ ဒီနေ့အောက်တိုဘာလ၂၈ရက်နေ့လယ်ပိုင်း၌လူသတ်တရားခံဖမ်းမိထားပြီဖြစ်ကြောင်းရွှေတောင်မြို့မရဲစခန်းမှသိရသည်။

ယခုဖမ်းမိထားသောကလေးကိုသတ်တဲ့တရားခံဆိုသူမှာ ကျောက်ဖူးကျင်းကျေးရွာနေအသက်၅၀နှစ်ခန့်ရှိဦးခင်ဝင်းဆိုသူဟုသိရပြီးကလေးရဲမိဘတွေဆီမှာပိုက်ဆံသိန်း၃၀ခန့်ချီးထား​ကြောင်း၊ဒီငွေကြေးကိစ္စနဲ့ပြီးခဲ့တဲ့လက စကားများကြ​ကြောင်းနဲ့

ကလေးက အဲဒီလူသတ်တရားခံဆိုသူရဲ့အိမ်ပေါ်ကိုတူတူပုန်းတမ်းကစားရင်းတက်ပုန်းရာမှကလေးကိုသတ်၍အိတ်ထဲထည့်ပြီးလူလစ်ချိန်မှာ လယ်ကွက်ထဲပစ်ထားတာဖြစ်ကြောင်းဒေသခံများထံကကြားသိရပါတယ်။

မပြည့်ပြည့်ဇွန်သည်ပြီးခဲ့တဲ့အောက်တိုဘာလ၁၈ရက်နေ့ ညနေ၄နာရီက ကလေးလေးယောက်ဆော့နေပြီး ရေဆာ၍အိမ်တစ်အိမ်မှာရေတက်သောက်ကြရာမှပြန်အဆင်းအလာပျောက်ဆုံးသွားကြောင်း၊ရွာတွင်အိမ်ခြေ၂၂အိမ်ဘဲရှိပြီးတစ်ဘက်ပိတ်ဖြစ်၍

တ​ခြားဘက်တွင်​လမ်းမရှိကြောင်းကိုဗစ်ကာလဖြစ်၍ရွာထိပ်တွင် မောင်းတံဂိတ်ရှ်ိရာ အဆိုပါမောင်းတံဂိတ်မှာလည်းအ​မြဲအဆောင့်ရှိကြောင်း ပျောက်သွားသော ညနေ အချိန်အထိမောင်းတံဂိတ်တွင်အစောင့်ရှိပြီးကလေးကိူမတွေ့ကြောင်းဒေသခံများထံကသိရပါတယ်။

Source- ဝေဇင်ကြည် bgaowatchnews