Zawgyi
Unicode
မန္တလာသီရိ အားကစားကွင်း အတွင်း Qစင်တာဆောက်နေပြီတဲ့ဗျာ ဦးဇော်ဇော်ကတော့ ရန်ကုန်တွင်မကဘူး မန္တလေးမှာပါလှူပြီဗျာ
ကိုဗစ်လူနာများလာလို့ မန္တလာသီရိ အားကစားကွင်း အတွင်း လူနာ ၃၀၀ ခန့် ထားနိုင်မည့် ယာယီစင်တာတစ်ခု ၁၀ရက်အတွင်းအပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်ပါတယ်။
ဒေါက်တာဇော်မြင့်မောင်က စင်တာမှာ ကိုဗစ် ၁၉ ရောဂါ အတည် ပြုလူနာသုံးရာလောက်ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ဖို့ လျာထားပါတယ်။ ဆောက်မှာက အဆောင် သုံးဆောင်ပါ။
တည်ဆောက်ရေး ပစ္စည်းတွေ ရောက်နေပါပြီ၊ လူနာတွေ ကျန်းမာရေး စောင့်ရှောက်နိုင်ဖို့ Facilities တွေ ထည့်ပြီးတဲ့အထိ ဆိုရင် ဆယ်ရက်လောက် ကြာရင် ပြီးမယ် မှန်းထားတယ်လို့ သိရပါတယ်။
အစိုးရ အနေနဲ့ အဲ့ဒီစင်တာအတွက် လိုအပ်တဲ့ ပံ့ပိုးမှုတွေ လုပ်ပေးသွားမှာပါ။အားကစားကွင်းထဲက ဘက်စကတ်ဘော အားကစားခန်းမနဲ့ ကျောင်းသားအဆောင် တွေကိုလည်း ကွာရန်တင်းစင်တာ လုပ်ဖို့ စီစဉ်နေပါတယ် လို့ဆိုပါတယ်။
အဆိုပါစင်တာကို ဧရာဝတီဖောင်ဒေးရှင်းရဲ့ လှူဒါန်းမှုနဲ့ စတင် တည်ဆောက်နေတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။