ေအာင္လက သူအတြက္ အရမ္းလြယ္ကူတယ္လို႔ ေလာင္ေျပာင္ ေျပာဆိုလိုက္တဲ့ ႐ိုင္နီယ

Zawgyi

ေအာင္လက သူအတြက္ အရမ္းလြယ္ကူတယ္လို႔ ေလာင္ေျပာင္ ေျပာဆိုလိုက္တဲ့ ႐ိုင္နီယ

ONE Championship ရဲ႕ ဒီေန႔က်င္းပတဲ့ မစ္ဒယ္ဝိတ္တန္းခ်န္ပီယံခါးပတ္စိန္ေခၚပြဲမွာေတာ့ ေအာင္လအန္ဆန္ နဲ႔ စိန္ေခၚသူနယ္သာလန္ႏိုင္ငံသား ဒီရစ္ဒါတို႔ ထိုးသတ္ခဲ့ၾကပါတယ္။

ပြဲမတိုင္ခင္မွာပဲ ႏွစ္ဦးစလုံးက ဒီပြဲကို အႏိုင္ယူမယ္လို႔ ေျပာဆိုခဲ့တာေၾကာင့္ ပရိသတ္စိတ္ဝင္စားမႈအရွိန္ျမင့္တက္ခဲ့ၿပီး အထူးသျဖင့္ေတာ့ ျမန္မာျပည္ပရိသတ္ေတြေတြက စိတ္အားထက္သန္မႈအျပည့္နဲ႔ ေစာင့္ၾကည့္ခဲ့ၾကပါတယ္

ပြဲစတင္တာနဲ႔ ႏွစ္ဦးစလုံးတိုက္စစ္ဆင္ခဲ့ၾကၿပီး ဒီရစ္ဒါက ထုံးစံအတိုင္း takedown လုပ္ခဲ့ၿပီး ေအာင္လအန္ဆန္ကို ၿခိမ္းေျခာက္ခဲ့ပါတယ္။ လ်င္ျမန္သြက္လက္ၿပီးေတာ့ ေကာင္းမြန္တဲ့လႈပ္ရွားမႈကို ျမင္ေတြ႕ခဲ့ရၿပီး

ေအာင္လအန္ဆန္အတြက္ေတာ့ အနည္းငယ္အခက္အခဲရွိခဲ့ၿပီး ျပန္လည္႐ုန္းထြက္ႏိုင္ဖို႔ အားထုတ္ခဲ့ရပါတယ္။ ထင္မွတ္မထားဘဲ ပထမအခ်ီမွာကတည္းက ground fight တိုက္ပြဲကို ျမင္ေတြ႕ခဲ့ရၿပီး စိတ္လႈပ္ရွားစရာေကာင္းေနခဲ့ပါတယ္။

ေအာင္လအန္ဆန္အေနနဲ႔ အစြမ္းကုန္႐ုန္းထြက္ဖို႔အတြက္ ႀကိဳးစားခဲ့ေပမယ့္ ဒီရစ္ဒါရဲ႕ ေကာင္းမြန္တဲ့ခ်ဳပ္ကြက္ေအာက္မွာ ေအာင္လအန္ဆန္မလႈပ္ႏိုင္ခဲ့ဘဲ အရႈံးေပးသြားခဲ့ရပါတယ္။

ဒါဟာ မစ္ဒယ္ဝိတ္တန္းခ်န္ပီယံဘြဲ႕ကို သုံးႀကိမ္ဆက္တိုက္ကာကြယ္ႏိုင္ခဲ့တဲ့ ေအာင္လအန္ဆန္အတြက္ေတာ့ ပထမအခ်ီမွာပဲ ၿပိဳင္ဘက္ကိုအရႈံးေပးခဲ့ရၿပီး မစ္ဒယ္ဝိတ္ခ်န္ပီယံဘြဲ႕ကို လႊဲေျပာင္းေပးခဲ့ရတာပဲျဖစ္ပါတယ္။

ဒီရစ္ဒါဟာ ပြဲႀကိဳေျပာဆိုမႈေတြမွာ သူ ေျပာခဲ့သလိုပဲ ေအာင္လအန္ဆန္ကို ခ်ဳပ္ကြက္နဲ႔အႏိုင္ယူျပခဲ့တာျဖစ္ပါတယ္။ ဒီရစ္ဒါအတြက္လည္း ၁၃ပြဲဆက္တိုက္အႏိုင္ယူခဲ့တာျဖစ္ၿပီး ရႈံးပြဲမရွိစံခ်ိန္နဲ႔

မစ္ဒယ္ဝိတ္တန္းခ်န္ပီယံအျဖစ္ ရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ကာ ျမန္မာပရိသတ္ေတြရဲ႕ သူရဲေကာင္း ေအာင္လအန္ဆန္အတြက္ေတာ့ စိတ္ပ်က္စရာရႈံးပြဲကို ရင္ဆိုင္ခဲ့ရၿပီလည္းျဖစ္ပါတယ္။

Unicode

အောင်လက သူအတွက် အရမ်းလွယ်ကူတယ်လို့ လောင်ပြောင် ပြောဆိုလိုက်တဲ့ ရိုင်နီယ

ONE Championship ရဲ့ ဒီနေ့ကျင်းပတဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်စိန်ခေါ်ပွဲမှာတော့ အောင်လအန်ဆန် နဲ့ စိန်ခေါ်သူနယ်သာလန်နိုင်ငံသား ဒီရစ်ဒါတို့ ထိုးသတ်ခဲ့ကြပါတယ်။

ပွဲမတိုင်ခင်မှာပဲ နှစ်ဦးစလုံးက ဒီပွဲကို အနိုင်ယူမယ်လို့ ပြောဆိုခဲ့တာကြောင့် ပရိသတ်စိတ်ဝင်စားမှုအရှိန်မြင့်တက်ခဲ့ပြီး အထူးသဖြင့်တော့ မြန်မာပြည်ပရိသတ်တွေတွေက စိတ်အားထက်သန်မှုအပြည့်နဲ့ စောင့်ကြည့်ခဲ့ကြပါတယ် ။

ပွဲစတင်တာနဲ့ နှစ်ဦးစလုံးတိုက်စစ်ဆင်ခဲ့ကြပြီး ဒီရစ်ဒါက ထုံးစံအတိုင်း takedown လုပ်ခဲ့ပြီး အောင်လအန်ဆန်ကို ခြိမ်းခြောက်ခဲ့ပါတယ်။ လျင်မြန်သွက်လက်ပြီးတော့ ကောင်းမွန်တဲ့လှုပ်ရှားမှုကို မြင်တွေ့ခဲ့ရပြီး

အောင်လအန်ဆန်အတွက်တော့ အနည်းငယ်အခက်အခဲရှိခဲ့ပြီး ပြန်လည်ရုန်းထွက်နိုင်ဖို့ အားထုတ်ခဲ့ရပါတယ်။ ထင်မှတ်မထားဘဲ ပထမအချီမှာကတည်းက ground fight တိုက်ပွဲကို မြင်တွေ့ခဲ့ရပြီး စိတ်လှုပ်ရှားစရာကောင်းနေခဲ့ပါတယ်။

အောင်လအန်ဆန်အနေနဲ့ အစွမ်းကုန်ရုန်းထွက်ဖို့အတွက် ကြိုးစားခဲ့ပေမယ့် ဒီရစ်ဒါရဲ့ ကောင်းမွန်တဲ့ချုပ်ကွက်အောက်မှာ အောင်လအန်ဆန်မလှုပ်နိုင်ခဲ့ဘဲ အရှုံးပေးသွားခဲ့ရပါတယ်။

ဒါဟာ မစ်ဒယ်ဝိတ်တန်းချန်ပီယံဘွဲ့ကို သုံးကြိမ်ဆက်တိုက်ကာကွယ်နိုင်ခဲ့တဲ့ အောင်လအန်ဆန်အတွက်တော့ ပထမအချီမှာပဲ ပြိုင်ဘက်ကိုအရှုံးပေးခဲ့ရပြီး မစ်ဒယ်ဝိတ်ချန်ပီယံဘွဲ့ကို လွှဲပြောင်းပေးခဲ့ရတာပဲဖြစ်ပါတယ်။

ဒီရစ်ဒါဟာ ပွဲကြိုပြောဆိုမှုတွေမှာ သူ ပြောခဲ့သလိုပဲ အောင်လအန်ဆန်ကို ချုပ်ကွက်နဲ့အနိုင်ယူပြခဲ့တာဖြစ်ပါတယ်။ ဒီရစ်ဒါအတွက်လည်း ၁၃ပွဲဆက်တိုက်အနိုင်ယူခဲ့တာဖြစ်ပြီး ရှုံးပွဲမရှိစံချိန်နဲ့

မစ်ဒယ်ဝိတ်တန်းချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ကာ မြန်မာပရိသတ်တွေရဲ့ သူရဲကောင်း အောင်လအန်ဆန်အတွက်တော့ စိတ်ပျက်စရာရှုံးပွဲကို ရင်ဆိုင်ခဲ့ရပြီလည်းဖြစ်ပါတယ်။