
Zawgyi






Unicode

“မငတ်ရုံလေး စားသောက်နေရတာပေါ့ အဆင်မပြေရင် ဆန်ပြုတ် ပြုတ်သောက်တာပေါ့” ဆိုပြီး ကိုဗစ်ကာလ အခက်အခဲကိုရင်ဖွင့်လာတဲ့ ဦးတိမ်ညွန့်

ပရိသတ်ကြီးရေ တစ်ချိန်ကပရိသတ်တွေ ပါးစပ်မပိတ်နိုင်လောက်အောင် ဟာသတွေကိုဖန်တီးပေးခဲ့တဲ့ ဦးတိန်ညွန့်ကို မသိတဲ့သူမရှိလောက်ပါသူးနော်။ ဦးတိမ်ညွန့် ကတော့ယနေ့အချိန်ထိတိုင် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

အသက်အရွယ်တွေကြီးလာပေမယ့် အနုပညာအရည်အသွေးတွေက ပြည့်ဝနေဆဲဖြစ်လို့ သူတို့ရဲ့ဖျော်ဖြေမှုတွေကို ပရိသတ်တွေကကြိုက်နှစ်‌သက်နေကြဆဲဖြစ်ပါတယ်နော်ဝါရင့်လူရွှင်တော်ကြီး၊ ဂန္တဝင်လူရွှင်တော်ကြီးဖြစ်သူ ဦးတိမ်ညွန့်ဟာ

ရုပ်ရှင်အစည်းအရုံးက ထောက်ပံ့ငွေကိစ္စအတွက် စိတ်မကောင်းဝမ်းနည်းနေရပါတယ်။ မတော်တဆလွဲချော်မှုလို့ နားလည်ပေးပြီးကိုယ့်မိသားစုဝမ်းရေးအတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ဖြေရှင်းနေပါတယ်လို့ပြောပါတယ်

ဦးတိမ်ညွန့်ဟာ ပထမကိုဗစ်လှိုင်းမှာကတည်းကစားဝတ်နေရေးခက်ခဲနေတာဖြစ်ပြီး ဒုတိယကိုဗစ်လှိုင်းရက်ရှည်ကြီးမှာတော့ စိတ်ပူရတဲ့အနေအထားကို ရောက်လာတယ်လို့လည်း မရှက်တမ်းဖွင့်ဟလိုက်ပါတယ်။