ဒီကေန႔ ေဝဘာဂီေဆး႐ုံအတြက္ ဦးေက်ာ္သူရဲ႕ အသက္ (၆၁)ႏွစ္ျပည့္ ေမြးေန႔အလႉ
Zawgyi
ဒီကေန႔ ေဝဘာဂီေဆး႐ုံအတြက္ ဦးေက်ာ္သူရဲ႕ အသက္ (၆၁)ႏွစ္ျပည့္ ေမြးေန႔အလႉ
နာေရးကူညီမႈအသင္း(ရန္ကုန္) ဦးေဆာင္သူ ဥကၠဌ ဦးေက်ာ္သူရဲ႕ ေမြးေန႔အလႉအျဖစ္ ေဝဘာဂီအထူးကု ေဆး႐ုံႀကီးက ဝန္ထမ္းေတြ၊ ဆရာဝန္ေတြနဲ႔ ေဆးကုသမႈခံယူေနတဲ့လူေတြအတြက္ ေကာ္ရည္ေခါက္ဆြဲဗူး(၂၆၀)ဗူးကို ဒီေန႔မနက္စာ အာဟာရဒါနလႉဒါန္းခဲ့ပါတယ္။
ဦးေက်ာ္သူဟာ ႏိုဝင္ဘာ ၂ ရက္(မနက္ျဖန္)မွာ အသက္(၆၁)ႏွစ္ျပည့္မွာျဖစ္တဲ့အတြက္ ဦးေက်ာ္သူနဲ႔ ေဒၚျမင့္ျမင့္ခင္ေဖ (ခ) ေဒၚေ႐ႊဇီးကြက္တို႔ဇနီးေမာင္ႏွံတို႔ကေန အခုလို အာဟာရဒါနအျဖစ္ လႉဒါန္းခဲ့တာျဖစ္တယ္လို႔ နာေရးကူညီမႈ အသင္း(ရန္ကုန္)က သတင္းထုတ္ျပန္ခဲ့တာပါ။
ဒါ့အျပင္ နာေရးကူညီမႈအသင္း(ရန္ကုန္)႐ုံးခ်ဳပ္နဲ႔ ေရေဝး႐ုံးခြဲမွာရွိတဲ့ အသင္းသား၊ အသင္းသူေတြနဲ႔ ပရဟိတ ဝန္ထမ္းေတြကိုလည္း Royal Rose Restaurant ကေန ေကာ္ရည္ေခါက္ဆြဲဗူး(၄၀)ဗူးကို ထပ္မံလႉဒါန္းခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ဆိုထားပါတယ္။
ဦးေက်ာ္သူနဲ႔ အသင္းသား ကိုထြန္းကိုကိုတို႔ဟာ ကိုဗစ္ေရာဂါပိုးကူးဆက္ခံထားရတဲ့အတြက္ ေဝဘာဂီ အထူးကုေဆး႐ုံႀကီးမွာ ေအာက္တိုဘာ ၂၁ ရက္ကတည္းက ေဆးကုသမႈခံယူေနတာျဖစ္ၿပီးေတာ့ က်န္းမာေရး ေကာင္းမြန္လ်က္ရွိတယ္လို႔ သိရပါတယ္။
Unicode
ဒီကနေ့ ဝေဘာဂီဆေးရုံအတွက် ဦးကျော်သူရဲ့ အသက် (၆၁)နှစ်ပြည့် မွေးနေ့အလှူ
နာရေးကူညီမှုအသင်း(ရန်ကုန်) ဦးဆောင်သူ ဥက္ကဌ ဦးကျော်သူရဲ့ မွေးနေ့အလှူအဖြစ် ဝေဘာဂီအထူးကု ဆေးရုံကြီးက ဝန်ထမ်းတွေ၊ ဆရာဝန်တွေနဲ့ ဆေးကုသမှုခံယူနေတဲ့လူတွေအတွက် ကော်ရည်ခေါက်ဆွဲဗူး(၂၆၀)ဗူးကို ဒီနေ့မနက်စာ အာဟာရဒါနလှူဒါန်းခဲ့ပါတယ်။
ဦးကျော်သူဟာ နိုဝင်ဘာ ၂ ရက်(မနက်ဖြန်)မှာ အသက်(၆၁)နှစ်ပြည့်မှာဖြစ်တဲ့အတွက် ဦးကျော်သူနဲ့ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့ဇနီးမောင်နှံတို့ကနေ အခုလို အာဟာရဒါနအဖြစ် လှူဒါန်းခဲ့တာဖြစ်တယ်လို့ နာရေးကူညီမှု အသင်း(ရန်ကုန်)က သတင်းထုတ်ပြန်ခဲ့တာပါ။
ဒါ့အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်နဲ့ ရေဝေးရုံးခွဲမှာရှိတဲ့ အသင်းသား၊ အသင်းသူတွေနဲ့ ပရဟိတ ဝန်ထမ်းတွေကိုလည်း Royal Rose Restaurant ကနေ ကော်ရည်ခေါက်ဆွဲဗူး(၄၀)ဗူးကို ထပ်မံလှူဒါန်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဦးကျော်သူနဲ့ အသင်းသား ကိုထွန်းကိုကိုတို့ဟာ ကိုဗစ်ရောဂါပိုးကူးဆက်ခံထားရတဲ့အတွက် ဝေဘာဂီ အထူးကုဆေးရုံကြီးမှာ အောက်တိုဘာ ၂၁ ရက်ကတည်းက ဆေးကုသမှုခံယူနေတာဖြစ်ပြီးတော့ ကျန်းမာရေး ကောင်းမွန်လျက်ရှိတယ်လို့ သိရပါတယ်။