(၇)​ရက္​သား​သမီး​မ်ား​အတြက္ (၁. ၁၁.၂၀ မွ ၇.၁၁.၂၀ )ထိတပတ္စာေဗဒင္​⁠ေဟာစာတမ္​း​

Zawgyi

(၇)ရက္သားသမီးမ်ားအတြက္ (၁. ၁၁.၂၀ မွ ၇.၁၁.၂၀ )ထိတပတ္စာေဗဒင္⁠ေဟာစာတမ္း

တနဂၤေႏြေန႔ဖြား

အလုပ္အကိုင္ – ဒီအပတ္မွာ စီးပြားေရးအတြက္ အေျခအေနေကာင္းေတြ ျဖစ္ေပၚလာမယ္။ အစိုးရနဲ႔ ဆက္စပ္ လုပ္ကိုင္တဲ့ကိစၥေတြ စိတ္တိုင္းက် အဆင္ေျပမယ္။ မိတ္ေဟာင္းမိတ္သစ္ေတြကလည္း ကူညီေပးဖို႔ ရွိေနတယ္။ ဝန္ထမ္းေတြေတာ့ သိပ္မထူးျခားႏိုင္ဘဲ ကိုယ္ပိုင္အလုပ္ေတြ ေအာင္ျမင္မယ္။ ေငြေၾကးကိစၥ ေသာက မ်ားမယ္။

က်န္းမာေရး – ကိုယ္ခံအားေကာင္းမယ့္ ကာလ ျဖစ္လို႔ ေတာ္႐ုံတန္႐ုံ အနာေရာဂါ ဝင္ဖို႔ ခဲယဥ္းလိမ့္မယ္။

လူမႈအိမ္ေထာင္ – အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ စိတ္ရွည္သည္းခံေပးရတာ မ်ားေနမယ္။ ေပါက္ကြဲခ်င္စိတ္ေတြ လြတ္ထြက္မသြားေအာင္ ထိန္းေနရတတ္တယ္။ ပ်ိဳ႐ြယ္သူေတြ ရည္မွန္းသူနဲ႔ အဆင္မေျပလို႔ စိတ္ပင္ပန္းမယ္။ အိမ္တြင္းမိသားစုေရးလည္း ပူပန္ရလိမ့္မယ္။ ဒီကာလမွာ မိတ္ေဆြ၊ ဆရာသမားေတြနဲ႔ အခ်ိန္ေပးေနထိုင္ရမယ္။

ကံေကာင္းေစတဲ့ အေရာင္ – လိေမၼာ္၊ ေ႐ႊေရာင္

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၁ ၊ ၅

ကံေကာင္းေစတဲ့ အရပ္ – အေနာက္၊ အေရွ႕

ကံေကာင္းေစတဲ့ ေန႔ရက္ – ၾကာသပေတး

ယၾတာ – ေမြးေန႔ (တနဂၤေႏြ) မနက္ ၉ း ၄၅ ၊ အိမ္ကဘုရားမွာ မုန႔္ဟင္းခါး၊ ပဲေၾကာ္နဲ႔ ကပ္လႉေပးပါ။

တနလၤာေန႔ဖြား

အလုပ္အကိုင္ – မလိုလားအပ္တဲ့ အရႈပ္အရွင္းေတြေၾကာင့္ လုပ္ငန္းကို ထိခိုက္ႏိုင္တယ္။ လုပ္ငန္းခြင္နဲ႔ လူမႈေရး မေရာေထြးတာ ေကာင္းမယ္။ အလုပ္နဲ႔ ပတ္သက္လို႔ စိတ္ညစ္ရ၊ စိတ္ရႈပ္ရတာ မ်ားမယ္။ ဒါေပမယ့္ အခက္အခဲ ဘယ္လိုမ်ားမ်ား ေျပလည္ေအာင္ ရွင္းႏိုင္လိမ့္မယ္။ ေငြေၾကး ကံေကာင္းမယ္။ အထုပ္အထည္နဲ႔ ရတတ္တယ္။

က်န္းမာေရး – ေဆးမွား၊ အစာမွား သတိထားရမယ္။ ဒါေပမယ့္ ေဘးဥပဒ္ေရာက္တဲ့ထိ မျဖစ္ႏိုင္ပါ။

လူမႈအိမ္ေထာင္ – ႏွလုံးသားေရးမွာ စိတ္ခုစရာ မေက်နပ္စရာေတြ ျဖစ္လာတတ္တယ္။ ေဘးကေန တိုက္ခိုက္မႈ ျဖစ္တတ္တယ္။ အခ်င္းခ်င္းလည္း သည္းညည္းခံႏိုင္အား နည္းလိမ့္မယ္။ အိမ္ေထာင္ရွင္ေတြလည္း စိတ္ထဲမွာ မၾကည္လင္စရာေတြ မ်ားေနမယ္။ ျပႆနာ မႀကီးမားေပမယ့္ တစ္ေယာက္နဲ႔ တစ္ေယာက္ စိတ္ရွည္ဖို႔လိုမယ္။

ကံေကာင္းေစတဲ့ အေရာင္ – ပုလဲ၊ အျဖဴဆြတ္ဆြတ္

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၉ ၊ ၅ ၊ ၂

ကံေကာင္းေစတဲ့ အရပ္ – အေရွ႕ေျမာက္၊ အေနာက္

ကံေကာင္းေစတဲ့ ေန႔ရက္ – တနလၤာ ၊ ၾကာသပေတး

ယၾတာ – ၾကာသပေတးေန႔မွာ ေငြငါးရာက်ပ္ကို ပံ့သကူအျဖစ္ ရည္႐ြယ္ၿပီး စြန႔္ႀကဲလိုက္ပါ။

အဂၤါေန႔ဖြား

အလုပ္အကိုင္ – တစ္ပတ္လုံး စိတ္ျမန္လက္ျမန္နဲ႔ အလ်င္စလို ျဖစ္ေနလို႔ အလုပ္မွာလည္း အားမရခ်င္တာေတြ မ်ားေနလိမ့္မယ္။ စီးပြားေရးကိစၥေတြမွာ ေရွ႕မတိုးသာ၊ ေနာက္မဆုတ္သာေတြ ျဖစ္တတ္တယ္။ ဝန္ထမ္းဆိုရင္ လုပ္ငန္းခြင္ထဲမွာ အတိုက္အခိုက္ေတြ မ်ားတတ္တယ္။ ေငြေၾကးပိုင္းနဲ႔ ပတ္သက္လို႔ မေရရာတာေတြ ျဖစ္မယ္။

က်န္းမာေရး – အစာအိမ္၊ အဆုတ္နဲ႔ ပတ္သက္ၿပီး ဂ႐ုစိုက္ရမယ္။ က်န္းမာေရး အနည္းငယ္ အညံ့ ရွိႏိုင္တယ္။

လူမႈအိမ္ေထာင္ – မိသားစု၊ အိမ္တြင္းေရး သာသာေအးခ်မ္းမယ္။ ျပႆနာေတြ ေျဖရွင္းႏိုင္မယ္။ ႏွလုံးသားေရး ကံဇာတာ ေကာင္းလာမယ္။ ခ်စ္သူ၊ အိမ္ေထာင္ဖက္ရဲ႕ ေကာင္းသတင္းေတြ ၾကားရတတ္တယ္။ အကူအညီပါ ေပးႏိုင္လိမ့္မယ္။ ဒါေပမယ့္ ျပင္ပလူမႈေရးမွာ မယုံၾကည္ရသူေတြ ရွိေနမယ္။ သတိထား ေပါင္းသင္းရလိမ့္မယ္။

ကံေကာင္းေစတဲ့ အေရာင္ – အနက္ ၊ မီးခိုး

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၁

ကံေကာင္းေစတဲ့ အရပ္ – အေရွ႕ ၊ အေရွ႕ေျမာက္

ကံေကာင္းေစတဲ့ ေန႔ရက္ – ၾကာသပေတး ၊ စေန

ယၾတာ – ေမြးေန႔ (အဂၤါ) ညေနေစာင္းမွာ ေညာင္ပင္ႀကီးႀကီးကို သြားၿပီး ေညာင္ကိုင္းေထာက္ ကုသိုလ္ယူပါ။

ဗုဒၶဟူးေန႔ဖြား

အလုပ္အကိုင္ – အဘက္ဘက္က အကူအညီေတြ ရလာဖို႔ ရွိတယ္။ မိတ္ေဆြအေပါင္းအသင္းေကာင္းေတြက ေဖးမကူညီလာမယ္။ အလုပ္ေတြလည္း အဆင္ေျပေခ်ာေမြ႕လိမ့္မယ္။ ဝန္ထမ္းဆိုရင္ေတာ့ အလုပ္ေတြ ပိုမ်ား ပိုရႈပ္လာႏိုင္တယ္။ စီးပြားေရးသမားေတြ လုပ္ငန္း ေကာင္းမယ္။ ေငြကုန္ေၾကးက်ေတာ့ သိပ္မ်ားလာႏိုင္တယ္။

က်န္းမာေရး – ပုံမွန္ထက္ အားနည္းတတ္တဲ့ကာလ ျဖစ္လို႔ ေရာဂါေဝဒနာအခံရွိသူေတြ ဂ႐ုစိုက္သင့္တယ္။

လူမႈအိမ္ေထာင္ – လူငယ္ေတြ ႏွလုံးသားေရးကိစၥ ႀကီးစိုးလာႏိုင္တဲ့ကာလ ျဖစ္တယ္။ လက္တြဲေဖာ္နဲ႔ နားလည္မႈ လြဲတတ္ေပမယ့္ ေပ်ာ္စရာေတြလည္း မနည္းမေနာ ရွိလာလိမ့္မယ္။ အိမ္ေထာင္ရွင္ေတြက ဆူဆူပူပူ ျဖစ္ၿပီးမွပဲ ေျပလည္မႈ ရမယ္။ ဒီအပတ္မွာ ကိုယ္တိုင္က အေတြးမ်ား၊ စဥ္းစားတာေတြ မ်ားၿပီး အာ႐ုံေနာက္လြယ္ေနမယ္။

ကံေကာင္းေစတဲ့ အေရာင္ – ေ႐ႊေရာင္၊ အေရာင္ေဖ်ာ့မ်ား

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၂ ၊ ၉ ၊ ၁

ကံေကာင္းေစတဲ့ အရပ္ – အေရွ႕ ၊ အေနာက္

ကံေကာင္းေစတဲ့ ေန႔ရက္ – တနဂၤေႏြ ၊ တနလၤာ

ယၾတာ – ေမြးေန႔ မနက္ေစာေစာ အိမ္ကဘုရားမွာ ၾကာဆံခ်က္တစ္ပြဲ ကပ္လႉၿပီး ဆုေတာင္းပါ။

ရာဟုဖြား

အလုပ္အကိုင္ – ဒီအပတ္မွာ အလုပ္၊ စီးပြားနဲ႔ ပတ္သက္တဲ့ လိုအင္ဆႏၵအေတာ္မ်ားမ်ား ျပည့္ဝသြားႏိုင္တယ္။ လူေဟာင္း၊ အဆက္အသြယ္ေဟာင္းေတြနဲ႔ ျပန္ခ်ိတ္မိတတ္တယ္။ အသင္းအဖြဲ႕၊ အစုစပ္အလုပ္ေတြ အက်ိဳးေပး ေအာင္ျမင္ႏိုင္တယ္။ ကိုယ္တိုင္က အေတြးလြန္လို႔ လက္ေႏွးေနမယ္။ ေငြေၾကးကိစၥအတြက္ ေဒါသ ျဖစ္ရမယ္။

က်န္းမာေရး – အသြားအလာ အစားအေသာက္ အားလုံး ဂ႐ုစိုက္ရမယ္။ က်န္းမာေရး ညံ့သြားတတ္တယ္။

လူမႈအိမ္ေထာင္ – ကိုယ့္မိသားစုထဲမွာ ေပ်ာ္႐ႊင္ဝမ္းေျမာက္စရာေတြ ၾကားရ ႀကဳံရမယ္။ မိသားစု၊ ေဆြမ်ိဳးေတြရဲ႕ ကူညီေထာက္ပံ့မႈ ရတတ္တယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ ရန္ျဖစ္လိုက္၊ ျပန္တည့္လိုက္နဲ႔ တက်က္က်က္ ျဖစ္ေနလိမ့္မယ္။ ဒီအပတ္မွာ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ေငြထြက္တာ မ်ားႏိုင္တယ္။ အသုံးအစြဲ သတိထားရမယ္။

ကံေကာင္းေစတဲ့ အေရာင္ – အျဖဴ ၊ ေငြေရာင္

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၁ ၊ ၇

ကံေကာင္းေစတဲ့ အရပ္ – အေရွ႕ေျမာက္

ကံေကာင္းေစတဲ့ ေန႔ရက္ – စေန

ယၾတာ – ဗုဒၶဟူးေန႔ မြန္းလြဲပိုင္းမွာ ပတ္ဝန္းက်င္က ကေလးေတြကို အေၾကာ္စုံ ဝယ္ေကြၽးလိုက္ပါ။

ၾကာသပေတးေန႔ဖြား

အလုပ္အကိုင္ – ဒီအပတ္မွာ ဘာအလုပ္မွ အဆင္မေျပဘဲ အခက္အခဲေတြခ်ည္း မ်ားလာႏိုင္တယ္။ ဝန္ထမ္းဆို ရာထူး၊ အခြင့္အေရးေတြ ရတတ္ေပမယ့္ ကိုယ္ပိုင္လုပ္ငန္းေတြမွာေတာ့ လုပ္ရကိုင္ရ ခက္ခဲက်ပ္တည္းတာေတြ ျဖစ္လာလိမ့္မယ္။ အစုစပ္ရွယ္ယာေတြ ကြဲတတ္တယ္။ ေငြေၾကးပိုင္းမွာေတာ့ ေမွ်ာ္လင့္တာထက္ ပိုရလိမ့္မယ္။

က်န္းမာေရး – တစ္ပတ္တာလုံး က်န္းမာေရး အညံ့ မရွိႏိုင္ပါ။ ျဖစ္ေနတဲ့ေဝဒနာေတြ ရွိရင္ သက္သာမယ္။

လူမႈအိမ္ေထာင္ – မိတ္ေဆြအေပါင္းအသင္းရဲ႕ အကူအညီေတြ ရမယ္။ အထက္လူႀကီးေတြ၊ ဆရာသမားေတြရဲ႕ ေစာင့္ေရွာက္မႈလည္း ရရွိမယ္။ ဒါေပမယ့္ အခ်စ္ေရး၊ အိမ္ေထာင္ေရးကံေတာ့ အားနည္းမယ္။ အခ်င္းခ်င္းၾကား စိတ္ဝမ္းကြဲ ေဒါသထြက္စရာေတြ ျဖစ္လာႏိုင္တယ္။ နားလည္မႈေတြ ပိုလိုအပ္မယ္။ မာန္မာနေတြ ေလွ်ာ့ရမယ္။

ကံေကာင္းေစတဲ့ အေရာင္ – အနီေဖ်ာ့ ၊ အဝါ

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၁ ၊ ၂ ၊ ၅

ကံေကာင္းေစတဲ့ အရပ္ – အေရွ႕

ကံေကာင္းေစတဲ့ ေန႔ရက္ – တနဂၤေႏြ ၊ တနလၤာ

ယၾတာ – ေမြးေန႔မနက္ အိမ္ကဘုရားမွာ ကံေကာ္ ၇ ၫႊန႔္နဲ႔ ၾကာဆံေၾကာ္ကို ကပ္လႉေပးပါ။

ေသာၾကာေန႔ဖြား

အလုပ္အကိုင္ – က်န္းမာေရးနဲ႔ ကိုယ္ေရးကိုယ္တာကိစၥေတြေၾကာင့္ အလုပ္ပ်က္အကိုင္ပ်က္ ျဖစ္တတ္တယ္။ စီးပြားေရးမွာ စိတ္အေႏွာင့္အယွက္ ျဖစ္စရာေတြ သိပ္မ်ားလာၿပီး အတိုက္အခိုက္ေတြလည္း ေပၚလာႏိုင္တယ္။ လုပ္ငန္းခြင္မွာ ျပႆနာေတြ မၾကာခဏ ျဖစ္မယ္။ ေငြေၾကးကိစၥမွာလည္း မတင္မက်နဲ႔ စိတ္ရႈပ္ရတတ္တယ္။

က်န္းမာေရး – ကံဇာတာ ေမွးမွိန္ေနခ်ိန္ ျဖစ္လို႔ က်န္းမာေရးပါ က်ဆင္းတတ္တယ္။ ဂ႐ုစိုက္ဖို႔ လိုအပ္မယ္။

လူမႈအိမ္ေထာင္ – ဒီအပတ္မွာ ျပင္ပလူမႈဆက္ဆံေရး ပဋိပကၡေလးေတြ ရွိလာႏိုင္တယ္။ အိမ္တြင္းေရးမွာေတာ့ စိတ္ခ်မ္းသာမႈ ရလိမ့္မယ္။ ႏွလုံးသားေရးမွာ မျပတ္သားတာေတြ၊ သံသယေတြ ႀကီးစိုးလာႏိုင္တယ္။ ဒါေပမယ့္ အိမ္ေထာင္ရွင္ေတြကေတာ့ အဆင္ေျပသာယာမယ့္ ကာလ ျဖစ္တယ္။ လက္တြဲေဖာ္ရဲ႕ အကူအညီေတြ ရမယ္။

ကံေကာင္းေစတဲ့ အေရာင္ – ခဲေရာင္၊ ေကာ္ဖီေရာင္

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၁ ၊ ဝ

ကံေကာင္းေစတဲ့ အရပ္ – ေတာင္ ၊ အေနာက္ေတာင္

ကံေကာင္းေစတဲ့ ေန႔ရက္ – တနဂၤေႏြ ၊ ၾကာသပေတး

ယၾတာ – အားလပ္ရက္မွာ ဘုန္းႀကီးေက်ာင္းက သံဃာသုံးကုဋီေတြ ေရေဆးတဲ့ လုပ္အားကုသိုလ္ယူပါ။

စေနေန႔ဖြား

အလုပ္အကိုင္ – ဝန္ထမ္းဆိုရင္ အတိုက္အခိုက္ေတြၾကားက ေအာင္ျမင္မႈ ရမယ့္ကာလ ျဖစ္တယ္။ အႀကီးအကဲ အုပ္ခ်ဳပ္သူေတြက ကိုယ့္ကို အေလးေပးဆက္ဆံလာမယ္။ လုပ္ငန္းရွင္ေတြလည္း ဒီအပတ္မွာ စီးပြားကံဇာတာ အေကာင္းဘက္ ရွိေနမယ္။ အက်ိဳးအျမတ္ ရလြယ္မယ္။ ေငြေၾကးကံလည္း ပြင့္လန္းေနလို႔ စီးပြားျဖစ္လိမ့္မယ္။

က်န္းမာေရး – ေသြးသားနဲ႔ ပတ္သက္လု႔ိ ဂ႐ုစိုက္ရမယ္။ ဒါေပမယ့္ ဆိုးဝါးတဲ့အညံ့ေတြ မရွိေလာက္ပါဘူး။

လူမႈအိမ္ေထာင္ – လူငယ္ေတြ ႏွလုံးသားေရးမွာ စန္းပြင့္ၿပီး အဆင္ေျပမယ္။ လိုအင္ဆႏၵေတြလည္း ျပည့္ဝမယ္။ အိမ္ေထာင္ရွင္ေတြကေတာ့ တစ္ပတ္လုံး ထူးျခားမႈ မရွိဘဲ ပုံမွန္ ျဖတ္သန္းရမယ္။ ဒီအပတ္မွာ ေနရာထိုင္ခင္းနဲ႔ အိုးအိမ္ကိစၥေတြ မတည္မၿငိမ္ ျဖစ္တတ္တယ္။ အဲဒီအတြက္နဲ႔ စိတ္ပူရလိမ့္မယ္။ စကားေတြလည္း မ်ားရမယ္။

ကံေကာင္းေစတဲ့ အေရာင္ – ေ႐ႊေရာင္၊ လိေမၼာ္ေရာင္

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၁ ၊ ၅

ကံေကာင္းေစတဲ့ အရပ္ – အေရွ႕ ၊ အေနာက္ေတာင္

ကံေကာင္းေစတဲ့ ေန႔ရက္ – ဗုဒၶဟူး ၊ ၾကာသပေတး

ယၾတာ – ဗုဒၶဟူးေန႔ မနက္ပိုင္းမွာ သက္ႀကီးဝါႀကီး (သို႔) ဆရာတစ္ဦးကို အားေဆး လႉဒါန္း ကုသိုလ္ယူပါ။

Unicode

(၇)ရက်သားသမီးများအတွက် (၁. ၁၁.၂၀ မှ ၇.၁၁.၂၀ )ထိတပတ်စာဗေဒင်⁠ဟောစာတမ်း

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် – ဒီအပတ်မှာ စီးပွားရေးအတွက် အခြေအနေကောင်းတွေ ဖြစ်ပေါ်လာမယ်။ အစိုးရနဲ့ ဆက်စပ် လုပ်ကိုင်တဲ့ကိစ္စတွေ စိတ်တိုင်းကျ အဆင်ပြေမယ်။ မိတ်ဟောင်းမိတ်သစ်တွေကလည်း ကူညီပေးဖို့ ရှိနေတယ်။ ဝန်ထမ်းတွေတော့ သိပ်မထူးခြားနိုင်ဘဲ ကိုယ်ပိုင်အလုပ်တွေ အောင်မြင်မယ်။ ငွေကြေးကိစ္စ သောက များမယ်။

ကျန်းမာရေး – ကိုယ်ခံအားကောင်းမယ့် ကာလ ဖြစ်လို့ တော်ရုံတန်ရုံ အနာရောဂါ ဝင်ဖို့ ခဲယဉ်းလိမ့်မယ်။

လူမှုအိမ်ထောင် – အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ရှည်သည်းခံပေးရတာ များနေမယ်။ ပေါက်ကွဲချင်စိတ်တွေ လွတ်ထွက်မသွားအောင် ထိန်းနေရတတ်တယ်။ ပျိုရွယ်သူတွေ ရည်မှန်းသူနဲ့ အဆင်မပြေလို့ စိတ်ပင်ပန်းမယ်။ အိမ်တွင်းမိသားစုရေးလည်း ပူပန်ရလိမ့်မယ်။ ဒီကာလမှာ မိတ်ဆွေ၊ ဆရာသမားတွေနဲ့ အချိန်ပေးနေထိုင်ရမယ်။

ကံကောင်းစေတဲ့ အရောင် – လိမ္မော်၊ ရွှေရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၁ ၊ ၅

ကံကောင်းစေတဲ့ အရပ် – အနောက်၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် – ကြာသပတေး

ယတြာ – မွေးနေ့ (တနင်္ဂနွေ) မနက် ၉ း ၄၅ ၊ အိမ်ကဘုရားမှာ မုန့်ဟင်းခါး၊ ပဲကြော်နဲ့ ကပ်လှူပေးပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် – မလိုလားအပ်တဲ့ အရှုပ်အရှင်းတွေကြောင့် လုပ်ငန်းကို ထိခိုက်နိုင်တယ်။ လုပ်ငန်းခွင်နဲ့ လူမှုရေး မရောထွေးတာ ကောင်းမယ်။ အလုပ်နဲ့ ပတ်သက်လို့ စိတ်ညစ်ရ၊ စိတ်ရှုပ်ရတာ များမယ်။ ဒါပေမယ့် အခက်အခဲ ဘယ်လိုများများ ပြေလည်အောင် ရှင်းနိုင်လိမ့်မယ်။ ငွေကြေး ကံကောင်းမယ်။ အထုပ်အထည်နဲ့ ရတတ်တယ်။

ကျန်းမာရေး – ဆေးမှား၊ အစာမှား သတိထားရမယ်။ ဒါပေမယ့် ဘေးဥပဒ်ရောက်တဲ့ထိ မဖြစ်နိုင်ပါ။

လူမှုအိမ်ထောင် – နှလုံးသားရေးမှာ စိတ်ခုစရာ မကျေနပ်စရာတွေ ဖြစ်လာတတ်တယ်။ ဘေးကနေ တိုက်ခိုက်မှု ဖြစ်တတ်တယ်။ အချင်းချင်းလည်း သည်းညည်းခံနိုင်အား နည်းလိမ့်မယ်။ အိမ်ထောင်ရှင်တွေလည်း စိတ်ထဲမှာ မကြည်လင်စရာတွေ များနေမယ်။ ပြဿနာ မကြီးမားပေမယ့် တစ်ယောက်နဲ့ တစ်ယောက် စိတ်ရှည်ဖို့လိုမယ်။

ကံကောင်းစေတဲ့ အရောင် – ပုလဲ၊ အဖြူဆွတ်ဆွတ်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၉ ၊ ၅ ၊ ၂

ကံကောင်းစေတဲ့ အရပ် – အရှေ့မြောက်၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် – တနင်္လာ ၊ ကြာသပတေး

ယတြာ – ကြာသပတေးနေ့မှာ ငွေငါးရာကျပ်ကို ပံ့သကူအဖြစ် ရည်ရွယ်ပြီး စွန့်ကြဲလိုက်ပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် – တစ်ပတ်လုံး စိတ်မြန်လက်မြန်နဲ့ အလျင်စလို ဖြစ်နေလို့ အလုပ်မှာလည်း အားမရချင်တာတွေ များနေလိမ့်မယ်။ စီးပွားရေးကိစ္စတွေမှာ ရှေ့မတိုးသာ၊ နောက်မဆုတ်သာတွေ ဖြစ်တတ်တယ်။ ဝန်ထမ်းဆိုရင် လုပ်ငန်းခွင်ထဲမှာ အတိုက်အခိုက်တွေ များတတ်တယ်။ ငွေကြေးပိုင်းနဲ့ ပတ်သက်လို့ မရေရာတာတွေ ဖြစ်မယ်။

ကျန်းမာရေး – အစာအိမ်၊ အဆုတ်နဲ့ ပတ်သက်ပြီး ဂရုစိုက်ရမယ်။ ကျန်းမာရေး အနည်းငယ် အညံ့ ရှိနိုင်တယ်။

လူမှုအိမ်ထောင် – မိသားစု၊ အိမ်တွင်းရေး သာသာအေးချမ်းမယ်။ ပြဿနာတွေ ဖြေရှင်းနိုင်မယ်။ နှလုံးသားရေး ကံဇာတာ ကောင်းလာမယ်။ ချစ်သူ၊ အိမ်ထောင်ဖက်ရဲ့ ကောင်းသတင်းတွေ ကြားရတတ်တယ်။ အကူအညီပါ ပေးနိုင်လိမ့်မယ်။ ဒါပေမယ့် ပြင်ပလူမှုရေးမှာ မယုံကြည်ရသူတွေ ရှိနေမယ်။ သတိထား ပေါင်းသင်းရလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် – အနက် ၊ မီးခိုး

ကံစမ်းနိုင်တဲ့ ဂဏန်း – ၁

ကံကောင်းစေတဲ့ အရပ် – အရှေ့ ၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် – ကြာသပတေး ၊ စနေ

ယတြာ – မွေးနေ့ (အင်္ဂါ) ညနေစောင်းမှာ ညောင်ပင်ကြီးကြီးကို သွားပြီး ညောင်ကိုင်းထောက် ကုသိုလ်ယူပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် – အဘက်ဘက်က အကူအညီတွေ ရလာဖို့ ရှိတယ်။ မိတ်ဆွေအပေါင်းအသင်းကောင်းတွေက ဖေးမကူညီလာမယ်။ အလုပ်တွေလည်း အဆင်ပြေချောမွေ့လိမ့်မယ်။ ဝန်ထမ်းဆိုရင်တော့ အလုပ်တွေ ပိုများ ပိုရှုပ်လာနိုင်တယ်။ စီးပွားရေးသမားတွေ လုပ်ငန်း ကောင်းမယ်။ ငွေကုန်ကြေးကျတော့ သိပ်များလာနိုင်တယ်။

ကျန်းမာရေး – ပုံမှန်ထက် အားနည်းတတ်တဲ့ကာလ ဖြစ်လို့ ရောဂါဝေဒနာအခံရှိသူတွေ ဂရုစိုက်သင့်တယ်။

လူမှုအိမ်ထောင် – လူငယ်တွေ နှလုံးသားရေးကိစ္စ ကြီးစိုးလာနိုင်တဲ့ကာလ ဖြစ်တယ်။ လက်တွဲဖော်နဲ့ နားလည်မှု လွဲတတ်ပေမယ့် ပျော်စရာတွေလည်း မနည်းမနော ရှိလာလိမ့်မယ်။ အိမ်ထောင်ရှင်တွေက ဆူဆူပူပူ ဖြစ်ပြီးမှပဲ ပြေလည်မှု ရမယ်။ ဒီအပတ်မှာ ကိုယ်တိုင်က အတွေးများ၊ စဉ်းစားတာတွေ များပြီး အာရုံနောက်လွယ်နေမယ်။

ကံကောင်းစေတဲ့ အရောင် – ရွှေရောင်၊ အရောင်ဖျော့များ

ကံစမ်းနိုင်တဲ့ ဂဏန်း – ၂ ၊ ၉ ၊ ၁

ကံကောင်းစေတဲ့ အရပ် – အရှေ့ ၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် – တနင်္ဂနွေ ၊ တနင်္လာ

ယတြာ – မွေးနေ့ မနက်စောစော အိမ်ကဘုရားမှာ ကြာဆံချက်တစ်ပွဲ ကပ်လှူပြီး ဆုတောင်းပါ။

ရာဟုဖွား

အလုပ်အကိုင် – ဒီအပတ်မှာ အလုပ်၊ စီးပွားနဲ့ ပတ်သက်တဲ့ လိုအင်ဆန္ဒအတော်များများ ပြည့်ဝသွားနိုင်တယ်။ လူဟောင်း၊ အဆက်အသွယ်ဟောင်းတွေနဲ့ ပြန်ချိတ်မိတတ်တယ်။ အသင်းအဖွဲ့၊ အစုစပ်အလုပ်တွေ အကျိုးပေး အောင်မြင်နိုင်တယ်။ ကိုယ်တိုင်က အတွေးလွန်လို့ လက်နှေးနေမယ်။ ငွေကြေးကိစ္စအတွက် ဒေါသ ဖြစ်ရမယ်။

ကျန်းမာရေး – အသွားအလာ အစားအသောက် အားလုံး ဂရုစိုက်ရမယ်။ ကျန်းမာရေး ညံ့သွားတတ်တယ်။

လူမှုအိမ်ထောင် – ကိုယ့်မိသားစုထဲမှာ ပျော်ရွှင်ဝမ်းမြောက်စရာတွေ ကြားရ ကြုံရမယ်။ မိသားစု၊ ဆွေမျိုးတွေရဲ့ ကူညီထောက်ပံ့မှု ရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်နဲ့ တကျက်ကျက် ဖြစ်နေလိမ့်မယ်။ ဒီအပတ်မှာ အကြောင်းအမျိုးမျိုးနဲ့ ငွေထွက်တာ များနိုင်တယ်။ အသုံးအစွဲ သတိထားရမယ်။

ကံကောင်းစေတဲ့ အရောင် – အဖြူ ၊ ငွေရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၁ ၊ ၇

ကံကောင်းစေတဲ့ အရပ် – အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် – စနေ

ယတြာ – ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ ပတ်ဝန်းကျင်က ကလေးတွေကို အကြော်စုံ ဝယ်ကျွေးလိုက်ပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် – ဒီအပတ်မှာ ဘာအလုပ်မှ အဆင်မပြေဘဲ အခက်အခဲတွေချည်း များလာနိုင်တယ်။ ဝန်ထမ်းဆို ရာထူး၊ အခွင့်အရေးတွေ ရတတ်ပေမယ့် ကိုယ်ပိုင်လုပ်ငန်းတွေမှာတော့ လုပ်ရကိုင်ရ ခက်ခဲကျပ်တည်းတာတွေ ဖြစ်လာလိမ့်မယ်။ အစုစပ်ရှယ်ယာတွေ ကွဲတတ်တယ်။ ငွေကြေးပိုင်းမှာတော့ မျှော်လင့်တာထက် ပိုရလိမ့်မယ်။

ကျန်းမာရေး – တစ်ပတ်တာလုံး ကျန်းမာရေး အညံ့ မရှိနိုင်ပါ။ ဖြစ်နေတဲ့ဝေဒနာတွေ ရှိရင် သက်သာမယ်။

လူမှုအိမ်ထောင် – မိတ်ဆွေအပေါင်းအသင်းရဲ့ အကူအညီတွေ ရမယ်။ အထက်လူကြီးတွေ၊ ဆရာသမားတွေရဲ့ စောင့်ရှောက်မှုလည်း ရရှိမယ်။ ဒါပေမယ့် အချစ်ရေး၊ အိမ်ထောင်ရေးကံတော့ အားနည်းမယ်။ အချင်းချင်းကြား စိတ်ဝမ်းကွဲ ဒေါသထွက်စရာတွေ ဖြစ်လာနိုင်တယ်။ နားလည်မှုတွေ ပိုလိုအပ်မယ်။ မာန်မာနတွေ လျှော့ရမယ်။

ကံကောင်းစေတဲ့ အရောင် – အနီဖျော့ ၊ အဝါ

ကံစမ်းနိုင်တဲ့ ဂဏန်း – ၁ ၊ ၂ ၊ ၅

ကံကောင်းစေတဲ့ အရပ် – အရှေ့

ကံကောင်းစေတဲ့ နေ့ရက် – တနင်္ဂနွေ ၊ တနင်္လာ

ယတြာ – မွေးနေ့မနက် အိမ်ကဘုရားမှာ ကံကော် ၇ ညွှန့်နဲ့ ကြာဆံကြော်ကို ကပ်လှူပေးပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် – ကျန်းမာရေးနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် အလုပ်ပျက်အကိုင်ပျက် ဖြစ်တတ်တယ်။ စီးပွားရေးမှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ သိပ်များလာပြီး အတိုက်အခိုက်တွေလည်း ပေါ်လာနိုင်တယ်။ လုပ်ငန်းခွင်မှာ ပြဿနာတွေ မကြာခဏ ဖြစ်မယ်။ ငွေကြေးကိစ္စမှာလည်း မတင်မကျနဲ့ စိတ်ရှုပ်ရတတ်တယ်။

ကျန်းမာရေး – ကံဇာတာ မှေးမှိန်နေချိန် ဖြစ်လို့ ကျန်းမာရေးပါ ကျဆင်းတတ်တယ်။ ဂရုစိုက်ဖို့ လိုအပ်မယ်။

လူမှုအိမ်ထောင် – ဒီအပတ်မှာ ပြင်ပလူမှုဆက်ဆံရေး ပဋိပက္ခလေးတွေ ရှိလာနိုင်တယ်။ အိမ်တွင်းရေးမှာတော့ စိတ်ချမ်းသာမှု ရလိမ့်မယ်။ နှလုံးသားရေးမှာ မပြတ်သားတာတွေ၊ သံသယတွေ ကြီးစိုးလာနိုင်တယ်။ ဒါပေမယ့် အိမ်ထောင်ရှင်တွေကတော့ အဆင်ပြေသာယာမယ့် ကာလ ဖြစ်တယ်။ လက်တွဲဖော်ရဲ့ အကူအညီတွေ ရမယ်။

ကံကောင်းစေတဲ့ အရောင် – ခဲရောင်၊ ကော်ဖီရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၁ ၊ ဝ

ကံကောင်းစေတဲ့ အရပ် – တောင် ၊ အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် – တနင်္ဂနွေ ၊ ကြာသပတေး

ယတြာ – အားလပ်ရက်မှာ ဘုန်းကြီးကျောင်းက သံဃာသုံးကုဋီတွေ ရေဆေးတဲ့ လုပ်အားကုသိုလ်ယူပါ။

စနေနေ့ဖွား

အလုပ်အကိုင် – ဝန်ထမ်းဆိုရင် အတိုက်အခိုက်တွေကြားက အောင်မြင်မှု ရမယ့်ကာလ ဖြစ်တယ်။ အကြီးအကဲ အုပ်ချုပ်သူတွေက ကိုယ့်ကို အလေးပေးဆက်ဆံလာမယ်။ လုပ်ငန်းရှင်တွေလည်း ဒီအပတ်မှာ စီးပွားကံဇာတာ အကောင်းဘက် ရှိနေမယ်။ အကျိုးအမြတ် ရလွယ်မယ်။ ငွေကြေးကံလည်း ပွင့်လန်းနေလို့ စီးပွားဖြစ်လိမ့်မယ်။

ကျန်းမာရေး – သွေးသားနဲ့ ပတ်သက်လု့ိ ဂရုစိုက်ရမယ်။ ဒါပေမယ့် ဆိုးဝါးတဲ့အညံ့တွေ မရှိလောက်ပါဘူး။

လူမှုအိမ်ထောင် – လူငယ်တွေ နှလုံးသားရေးမှာ စန်းပွင့်ပြီး အဆင်ပြေမယ်။ လိုအင်ဆန္ဒတွေလည်း ပြည့်ဝမယ်။ အိမ်ထောင်ရှင်တွေကတော့ တစ်ပတ်လုံး ထူးခြားမှု မရှိဘဲ ပုံမှန် ဖြတ်သန်းရမယ်။ ဒီအပတ်မှာ နေရာထိုင်ခင်းနဲ့ အိုးအိမ်ကိစ္စတွေ မတည်မငြိမ် ဖြစ်တတ်တယ်။ အဲဒီအတွက်နဲ့ စိတ်ပူရလိမ့်မယ်။ စကားတွေလည်း များရမယ်။

ကံကောင်းစေတဲ့ အရောင် – ရွှေရောင်၊ လိမ္မော်ရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၁ ၊ ၅

ကံကောင်းစေတဲ့ အရပ် – အရှေ့ ၊ အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် – ဗုဒ္ဓဟူး ၊ ကြာသပတေး

ယတြာ – ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ သက်ကြီးဝါကြီး (သို့) ဆရာတစ်ဦးကို အားဆေး လှူဒါန်း ကုသိုလ်ယူပါ။