မဲပုံးကို အာ႐ုံစိုက္ေနစဥ္ မဲေပးသည့္တံဆိပ္တုံးႏွစ္တုံး ေပ်ာက္ဆုံးသြား၍ ေ႐ြးေကာ္က ရဲတိုင္

Zawgyi

မဲပုံးကို အာ႐ုံစိုက္ေနစဥ္ မဲေပးသည့္တံဆိပ္တုံးႏွစ္တုံး ေပ်ာက္ဆုံးသြား၍ ေ႐ြးေကာ္က ရဲတိုင္

တန႔္ဆည္တြင္ မဲပုံး အာ႐ုံစိုက္ေနစဥ္ မဲေပးသည့္တံဆိပ္တုံးႏွစ္တုံး ေပ်ာက္ဆုံးသြား၍ ေ႐ြးေကာက္ပြဲေကာ္မရွင္က ရဲတိုင္တန္းထားေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ စစ္ကိုင္းတိုင္းေဒသႀကီးတန႔္ဆည္ၿမိဳ႕နယ္ အုဖၸိဳလ္အိုင္ေက်း႐ြာႀကိဳတင္မဲေပးသည့္ေန႔တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ၎ျဖစ္ရပ္အေပၚ ရဲစခန္းထံတိုင္တန္းထားေၾကာင္း

Myanmar Harp media သို႔ တန႔္ဆည္ ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠဌ ဦးဝင္းေမာင္ ကေျပာသည္။“ျဖစ္စဥ္က ဒီလိုပါ။မဲ႐ုံသုံးပစၥည္းေတြ ထုတ္ေပးလိုက္တယ္။အဲဒီေန႔မွာပဲ ႀကိဳတင္မဲေပးတယ္။

ညေနၾကေတာ့ ႐ြာဆိုေတာ့ မဲပုံးမွာရွိတဲ့ မဲလက္မွတ္ကိုပဲ သိမ္းၾကဆည္းၾကလုပ္တာေပါ့။ ဘာလို႔လဲဆိုေတာ့ေသခ်ာလုံၿခဳံေအာင္ ထည့္ၾက၊ ပိတ္ၾကလုပ္ၾကတာေပါ့။ အဲဒီလို လုပ္ေတာ့ အဲဒီဘက္မွာဘဲ အာ႐ုံထားလုပ္ၾကတယ္။

ေနာက္ဆုံး ပစၥည္းအားလုံးသိမ္းၾကတဲ့အခါၾကေတာ့ တံဆိပ္တုံးကမရွိဘူးဆိုေတာ့အဲဒီအခါမွသိရတယ္။ေပးတုန္းကေတာ့အားလုံးေခ်ာေခ်ာေမာေမာပဲ။ေပ်ာက္ဆုံးသြားတာေတာ့ ရဲစခန္းမွာ အမႈဖြင့္ထားလိုက္ပါတယ္”ဟု ၎ကေျပာသည္။

ေပ်ာက္ဆုံးသြားသည္ တံဆိပ္တုံးႏွစ္တုံးႏွင့္ပတ္သက္၍ တန႔္ဆည္ရဲစခန္းတြင္ တိုင္တန္းထားၿပီး ပုဒ္မ ၆(၁) ႏွင့္အမႈဖြင့္ထားေၾကာင္းသိရသည္။အသက္ ၆၀ႏွစ္ႏွင့္အထက္ သက္ႀကီး႐ြယ္အိုမ်ားကို

ေအာက္တိုဘာ ၂၉ရက္မွႏိုဝင္ဘာ ၅ရက္ အထိ ႀကိဳတင္မဲေပးႏိုင္ရန္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ခြင့္ျပဳခဲ့ၿပီးေနာက္ ႀကိဳတင္မဲျပႆနာရပ္မ်ားတြင္ တံဆိပ္တုံး ျပႆနာရပ္မ်ား ေပၚေပါက္လ်က္ရွိသည္။

Credit nay nay /Myanmar Harp

Unicode

မဲပုံးကို အာရုံစိုက်နေစဉ် မဲပေးသည့်တံဆိပ်တုံးနှစ်တုံး ပျောက်ဆုံးသွား၍ ရွေးကော်က ရဲတိုင်

တန့်ဆည်တွင် မဲပုံး အာရုံစိုက်နေစဉ် မဲပေးသည့်တံဆိပ်တုံးနှစ်တုံး ပျောက်ဆုံးသွား၍ ရွေးကောက်ပွဲကော်မရှင်က ရဲတိုင်တန်းထားကြောင်းသိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီးတန့်ဆည်မြို့နယ် အုဖ္ပိုလ်အိုင်ကျေးရွာကြိုတင်မဲပေးသည့်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းဖြစ်ရပ်အပေါ် ရဲစခန်းထံတိုင်တန်းထားကြောင်း

Myanmar Harp media သို့ တန့်ဆည် မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးဝင်းမောင် ကပြောသည်။“ဖြစ်စဉ်က ဒီလိုပါ။မဲရုံသုံးပစ္စည်းတွေ ထုတ်ပေးလိုက်တယ်။အဲဒီနေ့မှာပဲ ကြိုတင်မဲပေးတယ်။

ညနေကြတော့ ရွာဆိုတော့ မဲပုံးမှာရှိတဲ့ မဲလက်မှတ်ကိုပဲ သိမ်းကြဆည်းကြလုပ်တာပေါ့။ ဘာလို့လဲဆိုတော့သေချာလုံခြုံအောင် ထည့်ကြ၊ ပိတ်ကြလုပ်ကြတာပေါ့။ အဲဒီလို လုပ်တော့ အဲဒီဘက်မှာဘဲ အာရုံထားလုပ်ကြတယ်။

နောက်ဆုံး ပစ္စည်းအားလုံးသိမ်းကြတဲ့အခါကြတော့ တံဆိပ်တုံးကမရှိဘူးဆိုတော့အဲဒီအခါမှသိရတယ်။ပေးတုန်းကတော့အားလုံးချောချောမောမောပဲ။ပျောက်ဆုံးသွားတာတော့ ရဲစခန်းမှာ အမှုဖွင့်ထားလိုက်ပါတယ်”ဟု ၎င်းကပြောသည်။

ပျောက်ဆုံးသွားသည် တံဆိပ်တုံးနှစ်တုံးနှင့်ပတ်သက်၍ တန့်ဆည်ရဲစခန်းတွင် တိုင်တန်းထားပြီး ပုဒ်မ ၆(၁) နှင့်အမှုဖွင့်ထားကြောင်းသိရသည်။အသက် ၆၀နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို

အောက်တိုဘာ ၂၉ရက်မှနိုဝင်ဘာ ၅ရက် အထိ ကြိုတင်မဲပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုခဲ့ပြီးနောက် ကြိုတင်မဲပြဿနာရပ်များတွင် တံဆိပ်တုံး ပြဿနာရပ်များ ပေါ်ပေါက်လျက်ရှိသည်။

Credit nay nay /Myanmar Harp