
Zawgyi







Unicode

အသက်၁၀၀ပြည့်တော့မှာဖြစ်ပေမယ့် ပဲပြုတ်ရောင်းပြီးအသက်မွေးနေရဆဲဖြစ်တဲ့ သနားစရာအဖွားအိုကို ပိုက်ဆံကန်တော့ခဲ့တဲ့ ” ဒိန်းဒေါင်”ရဲ့ဗီဒီယို

ဟာသလူရွှင်တော်တစ်ယောက်ဖြစ်တဲ့ ဒိန်းဒေါင်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့ပြီး အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဟာသဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးလျက်ရှိနေတဲ့ ဒိန်းဒေါင်ကတော့ ပရိသတ်တွေကိုပျော်ရွှင်မောအောင်ပြုလုပ်လေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ပြီး ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတွေမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံး သရုပ်ဆောင်လျက်ရှိနေခဲ့တဲ့ ဒိန်းဒေါင်ကတော့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်လျက်ရှိနေတဲ့ ဒိန်းဒေါင်ကတော့ ပရဟိတအလုပ်တွေကိုလည်း လုပ်ကိုင်လျက်ရှိကာ အကူအညီလိုအပ်နေသူတွေကို တက်နိုင်သမျှ ပါဝင်လှုဒါန်းလေ့ရှိပါတယ်။

ဒိန်းဒေါင်ကတော့ ယခုမှာ အသက်၁၀၀ပြည့်တော့မှာဖြစ်ပေမယ့် ပဲပြုတ်ရောင်းပြီးအသက်မွေးနေရဆဲဖြစ်တဲ့ သနားစရာအဖွားအိုကို ပိုက်ဆံတွေသွားရောက်လှူဒါန်းခဲ့ပါတယ်။ ဒိန်းဒေါင်ကတော့ “အသက်(100)ပြည့်တော့မဲ့ပဲပြုတ်ရောင်းတဲ့

အဖွားကပျော်လို့ထကတာတဲ့အဖွားလဲပျော်သားလဲပျော် “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေအတွက် ဒိန်းဒေါင်ရဲ့ သွားရောက်လှူဒါန်းခဲ့တဲ့အဆိုပါဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Source : Dain Daung ‘ s Facebbook Acc