Q ဝင္ေနတဲ့သူေတာင္ မေရွာင္ၾကေတာ့ပါ့လား၊ အိပ္ေပ်ာ္ေနတုန္း ျပဳက်င့္ရန္ ႀကံစည္တယ္တဲ့

Zawgyi

Q ဝင္ေနတဲ့သူေတာင္ မေရွာင္ၾကေတာ့ပါ့လား၊ အိပ္ေပ်ာ္ေနတုန္း ျပဳက်င့္ရန္ ႀကံစည္တယ္တဲ့

ႏိုဝင္ဘာ ၂ ရက္ေန႔က ပဲခူးတိုင္း အုတ္ဖိုၿမိဳ႕နယ္တြင္ Q ဝင္ေနသည့္ ရန္ကုန္ျပန္ အသက္ ၁၉ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးကို အသက္ ၂၅ ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးက ျပဳက်င့္ရန္ႀကံစည္ခဲ့ၿပီး

၎ကို ေန႔ခ်င္းပင္ဖမ္းမိခဲ့ေၾကာင္း အုတ္ဖိုၿမိဳ႕နယ္ ကိုဗစ္ သတင္းျပန္ၾကားေရးအဖြဲ႕မွ သိရသည္။ပဲခူးတိုင္းေဒသႀကီး သာယာဝတီခ႐ိုင္ အုတ္ဖိုၿမိဳ႕နယ္ ဆင္ေဂါင္းေက်း႐ြာအုပ္စု ဆင္ေဂါင္း႐ြာသစ္ေနထိုင္သူ

အသက္ ၁၉ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးသည္ ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊျပည္သာၿမိဳ႕နယ္မွ အုတ္ဖိုၿမိဳ႕နယ္သို႔ ေအာက္တိုဘာ ၂၉ ရက္ေန႔တြင္ ျပန္လည္ေရာက္ရွိလာၿပီးေနာက္ နႏြင္းကုန္းေက်း႐ြာအုပ္စု ဥတိုေက်း႐ြာ ေလာကစည္းစိမ္ဘုရားဝန္း

ဓမၼာ႐ုံအေနာက္ဘက္ ေျမကြက္လပ္၌ သီးျခားတဲထိုး၍ Q ထားရွိေနထိုင္ခဲ့ျခင္းျဖစ္ေၾကာင္း အဆိုပါျပန္ၾကားေရးအဖြဲ႕တာဝန္ရွိသူ ကိုေက်ာ္ရဲလြင္ထံမွ သိရသည္။ကိုေက်ာ္ရဲလြင္က “သူက ရန္ကုန္ကျပန္လာတာ။

ျပန္လာေတာ့ သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးမႉးေတြရဲ႕ အစီအစဥ္နဲ႔ အဲ့ဒီေနရာမွာတဲထိုးၿပီး Q ထားတာေပါ့။ အဲ့ဒီအခ်ိန္မွာ အမ်ိဳးသား ၁ ဦးက ပထမလာေခ်ာင္းတယ္။ ေနာက္တစ္ႀကိမ္လာၿပီး ႀကံစည္တယ္ေပါ့ေနာ္။

သူ႔ကိုလည္း ဖမ္းမိလိုက္ပါတယ္” ဟု ေျပာသည္။ႏိုဝင္ဘာ ၂ ရက္ေန႔ ေန႔လည္ ၁၁ နာရီခြဲခန္႔အခ်ိန္တြင္ ေခ်ာင္းဂြေက်း႐ြာေနထိုင္သူ အသက္ ၂၅ ႏွစ္အ႐ြယ္ရွိ ခ်စ္ကိုကို ဆိုသူမွာ အမ်ိဳးသမီးငယ္ Q ဝင္ေနရာတဲအနီး၌

လွည့္ပတ္ေခ်ာင္းေျမာင္းေနသည္ကို အမ်ိဳးသမီးငယ္ကေတြ႕ရွိသြားၿပီး ေမာင္းထုတ္ခဲ့ေၾကာင္း၊ ယင္းေနာက္ ၁ နာရီခန္႔အၾကာ အမ်ိဳးသမီးသမီးငယ္ အိပ္ေပ်ာ္ေနစဥ္ ခ်စ္ကိုကိုမွာ ျပန္လည္ေရာက္ရွိလာၿပီး အတင္းအဓမၼ ျပဳက်င့္ရန္ႀကိဳးစားသျဖင့္

ေအာ္ဟစ္အကူအညီေတာင္းခံရာ ဘုရားေဂါပကအဖြဲ႕မွ ၾကားသိၿပီး ေရာက္ရွိလာၾကခ်ိန္ ခ်စ္ကိုကိုမွာ အေနာက္ဖက္လယ္ကြင္းမ်ားထဲသို႔ထြက္ေျပးတိမ္းေရွာင္သြားခဲ့သည္ဟု အုတ္ဖိုၿမိဳ႕နယ္ ကိုဗစ္ သတင္းျပန္ၾကားေရးအဖြဲ႕မွ သိရသည္။

ဥတိုေက်း႐ြာရွိ႐ြာသူ႐ြာသားမ်ားက က်ဴးလြန္သူ ခ်စ္ကိုကိုကို ဝိုင္းဝန္းဖမ္းဆီးခဲ့ၾကၿပီး ရဲတပ္ဖြဲ႕ထံ အပ္ႏွံခဲ့သည္ဟု သိရသည္။ အုတ္ဖိုၿမိဳ႕မရဲစခန္းသို႔ ဆက္သြယ္ေမးျမန္းရာတြင္ ခ်စ္ကိုကိုကို ရဲစခန္း၌ အမႈဖြင့္ထားေၾကာင္း စခန္းမွ

တာဝန္က်ရဲတပ္္ဖြဲ႕ဝင္က ျပန္လည္ေျဖၾကားခဲ့သည္။အုတ္ဖိုၿမိဳ႕တြင္ Q စင္တာ ၃ ခုရွိၿပီး ၂ ခုတြင္ ျပည္ပျပန္အမ်ိဳးသားမ်ားထားရွိေၾကာင္း၊ က်န္ ၁ ခုတြင္ ျပည္ပျပန္အမ်ိဳးသမီးႏွင့္ ကေလးမ်ားထားရွိေၾကာင္း၊

ယခင္က ရန္ကုန္ျပန္မ်ားကို စာသင္ေက်ာင္းမ်ားတြင္ထားရွိေသာ္လည္း လက္ရွိတြင္ ေ႐ြးေကာက္ပြဲအတြက္ စာသင္ေက်ာင္းမ်ားကို မဲ႐ုံအျဖစ္ အသုံးျပဳေနေသာေၾကာင့္ ရန္ကုန္ျပန္မ်ားကို ထားစရာေနရာမရွိရာ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးမႉးမ်ား၏

အစီအမံျဖင့္ အဆင္ေျပသင့္ေလ်ာ္မည့္ေနရာတြင္ Q ထားရွိေနေၾကာင္း ၊ ဘုန္းႀကီးေက်ာင္းမ်ားတြင္ထားရန္လည္း အဆင္မေျပသလို ရပ္ကြက္မ်ားအတြင္း ထားရွိရန္မွာလည္း ရပ္ကြက္က လက္မခံသည့္ အေနအထားမ်ားရွိေၾကာင္း ကိုေက်ာ္ရဲလြင္ ေျပာျပခ်က္အရ သိရသည္။

Unicode

Q ဝင်နေတဲ့သူတောင် မရှောင်ကြတော့ပါ့လား၊ အိပ်ပျော်နေတုန်း ပြုကျင့်ရန် ကြံစည်တယ်တဲ့

နိုဝင်ဘာ ၂ ရက်နေ့က ပဲခူးတိုင်း အုတ်ဖိုမြို့နယ်တွင် Q ဝင်နေသည့် ရန်ကုန်ပြန် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အသက် ၂၅ နှစ်အရွယ်အမျိုးသားတစ်ဦးက ပြုကျင့်ရန်ကြံစည်ခဲ့ပြီး

၎င်းကို နေ့ချင်းပင်ဖမ်းမိခဲ့ကြောင်း အုတ်ဖိုမြို့နယ် ကိုဗစ် သတင်းပြန်ကြားရေးအဖွဲ့မှ သိရသည်။ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ဆင်ဂေါင်းကျေးရွာအုပ်စု ဆင်ဂေါင်းရွာသစ်နေထိုင်သူ

အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်မှ အုတ်ဖိုမြို့နယ်သို့ အောက်တိုဘာ ၂၉ ရက်နေ့တွင် ပြန်လည်ရောက်ရှိလာပြီးနောက် နနွင်းကုန်းကျေးရွာအုပ်စု ဥတိုကျေးရွာ လောကစည်းစိမ်ဘုရားဝန်း

ဓမ္မာရုံအနောက်ဘက် မြေကွက်လပ်၌ သီးခြားတဲထိုး၍ Q ထားရှိနေထိုင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါပြန်ကြားရေးအဖွဲ့တာဝန်ရှိသူ ကိုကျော်ရဲလွင်ထံမှ သိရသည်။ကိုကျော်ရဲလွင်က “သူက ရန်ကုန်ကပြန်လာတာ။

ပြန်လာတော့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေရဲ့ အစီအစဉ်နဲ့ အဲ့ဒီနေရာမှာတဲထိုးပြီး Q ထားတာပေါ့။ အဲ့ဒီအချိန်မှာ အမျိုးသား ၁ ဦးက ပထမလာချောင်းတယ်။ နောက်တစ်ကြိမ်လာပြီး ကြံစည်တယ်ပေါ့နော်။

သူ့ကိုလည်း ဖမ်းမိလိုက်ပါတယ်” ဟု ပြောသည်။နိုဝင်ဘာ ၂ ရက်နေ့ နေ့လည် ၁၁ နာရီခွဲခန့်အချိန်တွင် ချောင်းဂွကျေးရွာနေထိုင်သူ အသက် ၂၅ နှစ်အရွယ်ရှိ ချစ်ကိုကို ဆိုသူမှာ အမျိုးသမီးငယ် Q ဝင်နေရာတဲအနီး၌

လှည့်ပတ်ချောင်းမြောင်းနေသည်ကို အမျိုးသမီးငယ်ကတွေ့ရှိသွားပြီး မောင်းထုတ်ခဲ့ကြောင်း၊ ယင်းနောက် ၁ နာရီခန့်အကြာ အမျိုးသမီးသမီးငယ် အိပ်ပျော်နေစဉ် ချစ်ကိုကိုမှာ ပြန်လည်ရောက်ရှိလာပြီး အတင်းအဓမ္မ ပြုကျင့်ရန်ကြိုးစားသဖြင့်

အော်ဟစ်အကူအညီတောင်းခံရာ ဘုရားဂေါပကအဖွဲ့မှ ကြားသိပြီး ရောက်ရှိလာကြချိန် ချစ်ကိုကိုမှာ အနောက်ဖက်လယ်ကွင်းများထဲသို့ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ဟု အုတ်ဖိုမြို့နယ် ကိုဗစ် သတင်းပြန်ကြားရေးအဖွဲ့မှ သိရသည်။

ဥတိုကျေးရွာရှိရွာသူရွာသားများက ကျူးလွန်သူ ချစ်ကိုကိုကို ဝိုင်းဝန်းဖမ်းဆီးခဲ့ကြပြီး ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့သည်ဟု သိရသည်။ အုတ်ဖိုမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် ချစ်ကိုကိုကို ရဲစခန်း၌ အမှုဖွင့်ထားကြောင်း စခန်းမှ

တာဝန်ကျရဲတပ်ဖွဲ့ဝင်က ပြန်လည်ဖြေကြားခဲ့သည်။အုတ်ဖိုမြို့တွင် Q စင်တာ ၃ ခုရှိပြီး ၂ ခုတွင် ပြည်ပပြန်အမျိုးသားများထားရှိကြောင်း၊ ကျန် ၁ ခုတွင် ပြည်ပပြန်အမျိုးသမီးနှင့် ကလေးများထားရှိကြောင်း၊

ယခင်က ရန်ကုန်ပြန်များကို စာသင်ကျောင်းများတွင်ထားရှိသော်လည်း လက်ရှိတွင် ရွေးကောက်ပွဲအတွက် စာသင်ကျောင်းများကို မဲရုံအဖြစ် အသုံးပြုနေသောကြောင့် ရန်ကုန်ပြန်များကို ထားစရာနေရာမရှိရာ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၏

အစီအမံဖြင့် အဆင်ပြေသင့်လျော်မည့်နေရာတွင် Q ထားရှိနေကြောင်း ၊ ဘုန်းကြီးကျောင်းများတွင်ထားရန်လည်း အဆင်မပြေသလို ရပ်ကွက်များအတွင်း ထားရှိရန်မှာလည်း ရပ်ကွက်က လက်မခံသည့် အနေအထားများရှိကြောင်း ကိုကျော်ရဲလွင် ပြောပြချက်အရ သိရသည်။