Zawgyi
Unicode
သောကြာ ဆားဝယ် ငွေကြေးကြွယ်
ပြုလုပ်ရမှာက… သောကြာနေ့တိုင်း
မနက်၆နာရီ မှ ၆နာရီ ၁၅မိနစ်အတွင်း ။
နေ့လည် ၁နာရီမှ ၁နာရီ ၁၅မိနစ်အတွင်း။
ည ၈နာရီမှ ၈နာရီ ၁၅ မိနစ်အတွင်း။
၎င်း ၃ကြိမ်မှ မိမိအဆင်ပြေသည့် အချိန်တွင် အိမ်သုံးဆား တစ်ထုတ် ဝယ်ယူရမှာ ဖြစ်ပါတယ်။
အချိန်သည် ၁၅မိနစ် ပဲ ရပါတယ်။ ဝယ်ယူပြီး မိမိအိမ်ကိုပြန်လာခဲ့ရမှာပါ။
ဆားဝယ်ပြီး အိပ်လိုက်မထားပါနဲ့ ဖောက်ပြီး မြေအိုးထဲ ထည့်ပါ အဖုံးပါသော မြေအိုး ပိုကောင်းပါတယ်။
မြေအိုး မရှိသူများ အဆင်ပြေသော ဗူးထဲသို့ ဖောက်ထည့်ပါ။
မြေအိုးအသုံးပြူပါက သိသာစွာ အကျိူး ၅ ဆ အထိ အာနိသင် ဖြစ်ပေါ်ပါသည်။ ဆားကိုတော့ အိမ်တွင် အသုံးပြုပါ။
ဘာတွေ အကျိုးရှိသလဲ လို့မေးရင်တော့…
ငွေကြေးကံကောင်းခြင်း၊ လာဘ်တိတ်ခြင်းများ ကင်းဝေးစေပြီး၊ ရရှိရန် အကြွေးများပြန်ရခြင်း၊ မမျော်လင့်ထားသောငွေကြေးများ ရရှိပြီး ငွေကြေးကံ ကောင်းစေပါတယ်။
ဘဏ်လုပ်ငန်းများ စတင်ခဲ့တာကလည်း ရှေးယခင်က ဆားလှောင်ချင်း ဆားကုန်ကူးခြင်းကို အခြေခံ ပြီးစခဲ့ချင်းဖြစ်ပါတယ်။
ထို့ကြောင့်မိမိ အိမ်တွင် ဆားကို မြေအိုး ဖြင့် များများ ထားခြင်း
ဥပမာ ယခင်က အိမ်တွင် ဆား ၅၀ သား အမြဲ ရှိနေပါက ယခု မှ စ၍ ၃ပိဿာထိ ဝယ်ထားပါ ထူးခြား သောအကျိုး လက်တွေ့ သိရပါမည်
ငွေကြေး ပမာဏ ဝင်လာမှုကတော့ မိမိအလုပ်အကိုင် ကျိုးစားမှုအပေါ်မူတည်ပါတယ်။
မိမိတို့ပြုလုပ်နေကြ ဒါန၊ သီလ ၊ ဘာဝနာ တရားများကို အခြေခံပြုလို့ ယခု နည်းကိုလည်း ပြုလုပ်ကြည့်စေချင်ပါတယ်။ခရက်ဒစ်