လိုင္းေပၚမွာေတြ႕တဲ့ ေယာက်္ားတစ္ေယာက္အတြက္နဲ႔ ခင္ပြန္းျဖစ္သူနဲ႔သားေလးကိုထားခဲ့တဲ့ အမ်ိဳးသမီး

Zawgyi

လိုင္းေပၚမွာေတြ႕တဲ့ ေယာက်္ားတစ္ေယာက္အတြက္နဲ႔ ခင္ပြန္းျဖစ္သူနဲ႔သားေလးကိုထားခဲ့တဲ့ အမ်ိဳးသမီး

ေဖ့စ္ဘုတ္ေပၚမွာေတြ႕တဲ့လူအတြက္နဲ႔ ေယာက်္ားျဖစ္သူနဲ႔သားေလးကိုထားခဲ့တဲ့ အမ်ိဳးသမီး။ ဖိလစ္ပိုင္တြင္ သုံးဘီးစက္ဘီးနင္းစားရတာ အလြန္ခက္ခဲပါတယ္။ပူေလာင္တဲ့ေနေရာင္ျခည္ေအာက္မွာ ၾကပ္ပိတ္လွတဲ့ကားလမ္းကို သည္းခံရင္း

နာရီေပါင္းမ်ားစြာ အလုပ္လုပ္မွ ဝမ္းျပည့္႐ုံေလာက္သာရတဲ့ ဝင္ေငြနဲ႔ ေရရွည္ရပ္တည္သြားဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ေဖ့စ္ဘုတ္မွာေတြ႕တဲ့ လူတစ္ေယာက္အတြက္ ေယာက်္ားျဖစ္သူနဲ႔ သားေလးကို ထားခဲ့တဲ့အမ်ိဳးသမီးေၾကာင့္

ေယာက်္ားမွာ ကေလးတစ္ဖက္နဲ႔ဒုကၡေရာက္ေနရပါတယ္။ မိန္းမက ထြက္ခြာသြားေတာ့ သူ႔အတြက္လည္း ေ႐ြးခ်ယ္စရာမရွိ။ ကေလးကို အလုပ္သြားရင္ တစ္ပါတည္းေခၚေဆာင္သြားရပါတယ္။ကေလးကို ေစာင့္ေရွာက္ေပးမယ့္လူ ဘယ္သူမွမရွိခဲ့ဘူး။

ဒီကိစၥေတြကို ေဖ့စ္ဘုတ္သုံးစြဲသူ Jane Eguillos က သတိထားမိသြားၿပီး ထိုသားအဖရဲ႕ သနားစရာဇာတ္ေၾကာင္းကို အမ်ားသိေအာင္ လူမႈကြန္ရက္ေပၚတင္ခဲ့တယ္။ ”ကြၽန္ေတာ့္မိန္းမနဲ႔အိမ္ေထာင္က်တာ သုံးႏွစ္ပါ။

ရွိတာေလးနဲ႔ စုေဆာင္းၿပီး သူ႔ကို ဖုန္းတစ္လုံးဝယ္ေပးခဲ့တယ္။ အဲ့ဒီမွာ ေဖ့စ္ဘုတ္စသုံးၿပီး ေယာက်္ားတစ္ေယာက္နဲ႔ ေတြ႕တယ္။ အဲ့ဒီေယာက်္ားေနာက္ လိုက္သြားတာ ၂လေလာက္ရွိၿပီ” လို႔ သူကေျပာပါတယ္။

ထိုအေဖနဲ႔သားရဲ႕ဇာတ္လမ္းကိုသိၿပီး အင္တာနက္သုံးစြဲသူေတြလည္းစိတ္မေကာင္းျဖစ္ရတယ္။ ထို သုံးဘီးစက္ဘီးကိုေတာင္ သူမပိုင္ဘူးလို႔သိရပါတယ္။ပိုင္ရွင္ဆီ တစ္ေန႔ကို ၁၅ဝ ပီဆိုေပးရတယ္လို႔သိရပါတယ္။ ပိုင္ရွင္အိမ္ကေန သူတို႔အိမ္ကို ၂ကီလိုမီတာေလာက္ လမ္းေလွ်ာက္ၿပီးျပန္ရပါတယ္။ ခရက္ဒစ္

Unicode

လိုင်းပေါ်မှာတွေ့တဲ့ ယောကျ်ားတစ်ယောက်အတွက်နဲ့ ခင်ပွန်းဖြစ်သူနဲ့သားလေးကိုထားခဲ့တဲ့ အမျိုးသမီး

ဖေ့စ်ဘုတ်ပေါ်မှာတွေ့တဲ့လူအတွက်နဲ့ ယောကျ်ားဖြစ်သူနဲ့သားလေးကိုထားခဲ့တဲ့ အမျိုးသမီး။ ဖိလစ်ပိုင်တွင် သုံးဘီးစက်ဘီးနင်းစားရတာ အလွန်ခက်ခဲပါတယ်။ပူလောင်တဲ့နေရောင်ခြည်အောက်မှာ ကြပ်ပိတ်လှတဲ့ကားလမ်းကို သည်းခံရင်း

နာရီပေါင်းများစွာ အလုပ်လုပ်မှ ဝမ်းပြည့်ရုံလောက်သာရတဲ့ ဝင်ငွေနဲ့ ရေရှည်ရပ်တည်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဖေ့စ်ဘုတ်မှာတွေ့တဲ့ လူတစ်ယောက်အတွက် ယောကျ်ားဖြစ်သူနဲ့ သားလေးကို ထားခဲ့တဲ့အမျိုးသမီးကြောင့်

ယောကျ်ားမှာ ကလေးတစ်ဖက်နဲ့ဒုက္ခရောက်နေရပါတယ်။ မိန်းမက ထွက်ခွာသွားတော့ သူ့အတွက်လည်း ရွေးချယ်စရာမရှိ။ ကလေးကို အလုပ်သွားရင် တစ်ပါတည်းခေါ်ဆောင်သွားရပါတယ်။ကလေးကို စောင့်ရှောက်ပေးမယ့်လူ ဘယ်သူမှမရှိခဲ့ဘူး။

ဒီကိစ္စတွေကို ဖေ့စ်ဘုတ်သုံးစွဲသူ Jane Eguillos က သတိထားမိသွားပြီး ထိုသားအဖရဲ့ သနားစရာဇာတ်ကြောင်းကို အများသိအောင် လူမှုကွန်ရက်ပေါ်တင်ခဲ့တယ်။ ”ကျွန်တော့်မိန်းမနဲ့အိမ်ထောင်ကျတာ သုံးနှစ်ပါ။

ရှိတာလေးနဲ့ စုဆောင်းပြီး သူ့ကို ဖုန်းတစ်လုံးဝယ်ပေးခဲ့တယ်။ အဲ့ဒီမှာ ဖေ့စ်ဘုတ်စသုံးပြီး ယောကျ်ားတစ်ယောက်နဲ့ တွေ့တယ်။ အဲ့ဒီယောကျ်ားနောက် လိုက်သွားတာ ၂လလောက်ရှိပြီ” လို့ သူကပြောပါတယ်။

ထိုအဖေနဲ့သားရဲ့ဇာတ်လမ်းကိုသိပြီး အင်တာနက်သုံးစွဲသူတွေလည်းစိတ်မကောင်းဖြစ်ရတယ်။ ထို သုံးဘီးစက်ဘီးကိုတောင် သူမပိုင်ဘူးလို့သိရပါတယ်။ပိုင်ရှင်ဆီ တစ်နေ့ကို ၁၅ဝ ပီဆိုပေးရတယ်လို့သိရပါတယ်။ ပိုင်ရှင်အိမ်ကနေ သူတို့အိမ်ကို ၂ကီလိုမီတာလောက် လမ်းလျှောက်ပြီးပြန်ရပါတယ်။ ခရက်ဒစ်