Zawgyi
Unicode
လေးနှစ်မှတစ်ကြိမ် ထွက်ပေါ်လာကြတဲ့ ကမ္ဘာ့ဖလားပွဲက အချောအလှလေးများ
ကမ္ဘာ့ဖလားဘောလုံးပွဲဟာ လေးနှစ်တစ်ကြိမ်မှသာ ပြုလုပ်တာဖြစ်ပြီး ဘောလုံးပရိသတ်တွေရဲ့ စိတ်ဝင်စားမှု ၊ အားပေးမှုတွေက အံ့မခန်းလိလိ ကြောက်လန့်စရာကောင်းလှပဲ ပွဲကြီးတစ်ပွဲပဲ ဖြစ်ပါတယ်။
ဒီကမ္ဘာ့ဖလား ဘောလုံးပွဲကြီး ကျင်းပပြီဆိုရင်လည်း ကမ္ဘာအနှံ့အပြားက ဘောလုံးပရိသတ်မိန်းမလှလေးတွေ ထွက်ပေါ်လာတတ်ကြပါတယ်။
အဲ့ဒီလိုပေါ်ထွက်လာတိုင်းလည်း မိန်းမလှလေးတွေရဲ့ပုံရိပ်တွေဟာ နိုင်ငံတော်တော်များများ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပြန်နှံ့လာကြပြီး လူအများရဲ့ စိတ်ဝင်စားမှုကိုရရှိလာကြပါတယ်။
သူတို့ဘယ်သူ ဘယ်ဝါဆိုတာ အတိအကျမသိကြပေမယ့်လည်း ကိုယ်အားပေးတဲ့အသင်းရဲ့ အကျီလေးတွေဝတ်ပြီး ပြုံရွှင်နေကြတဲ့ သူတို့ရဲ့ ပုံရိပ်လေးတွေက ဘောလုံးချစ်ပရိသတ်တွေ အတွက်တော့ အားဆေးလေးတစ်ခွက်လိုပါပဲ။
ဘယ်အချိန်ပဲဖြစ်ဖြစ် ပြန်ကြည့်လိုက်တိုင်းလည်း ဒီပုံလေးတွေဟာ ဘဝရဲ့ပျော်ရွှင်စရာ အမှတ်တရတစ်ခုအဖြစ် ရှိနေမှာဖြစ်သလို ကြည့်မိတာနဲ့ ကမ္ဘာ့ဖလားပွဲကြီး ကျင်းပနေစဉ်က ကိုယ့်ရဲ့လှုပ်ရှားမှုလေးတွေကိုပါ ပြန်လည်အမှတ်ရလာစေနိုင်ပါတယ်။
ပရိသတ်တွေလည်း ဒီပုံလေးတွေကြည့်ပြီး ကမ္ဘာ့ဖလား ဘောလုံးပွဲကြီးနဲ့ ပတ်သတ်ပြီး မှတ်မိတဲ့ အမှတ်တရလေးတွေကို မျှဝေပေးခဲ့ကြဦးနော်။
ဒါနဲ့ သူတို့လေးတွေလည်း ချောတယ်မဟုတ်လား ပရိသတ်ကြီး….