
Zawgyi










Unicode

သူမကိုယ်တိုင်ခွဲစိတ်ကုသပေးခဲ့တဲ့လူနာက Covid-19 Positive ဖြစ်နေလို့ Isolation Ward ထဲပထမဆုံးဝင်နေရပါပြီလို့ပြောပြလာတဲ့ ဒေါက်တာမြဝတ်ရည်

ပရိသတ်ကြီးရေ လူသိများသူ ဒေါက်တာ မြဝတ်ရည်ကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ဒေါက်တာမြဝတ်ရည်ကတော့ Facebook Cele တစ်ယောက်လို့ ဆိုရမလို

ပရိသတ်တွေရဲ့ သတိထားမှုတွေနဲ့ စိတ်ဝင်စား မှုတွေကို ရရှိထားသူပဲဖြစ်ပါတယ်နော်.။ကိုယ်တိုင်လည်း ထူးချွန်တဲ့ ဒေါက်တာတစ်ယောက်ဖြစ်ပြီး မဟုတ်တာမြင်ရင် မနေနိုင်အောင် အမှန်ပြောတတ်သူ ဒေါက်တာ မြဝတ်ရည်က သူမခွဲခန်းဝင်ပြီး

ခွဲပေခဲ့သူ လူနာက Covid Positve ဖြစ်နေတာကြေင့် သီးသန့်လူနာခန်းထဲ ဝင်နေရတဲ့ အဖြစ်ကို “ဒီနေ့ ဆေးရုံမှာ စောင့်ကြည့်လူနာလက်ခံကုသပြီး(၃) လပြည့်လုနီးမှခွဲစိတ်ပြီးလူနာက COVID positive ဖြစ်လို့ Isolation ward ထဲ ပထမဆုံးအကြိမ်

ဝင်ဖူးခြင်း အမှတ်တရ သမားတော်ရော မေ့ဆေးရော ခွဲစိတ်ဆရာဝန်ရော ခေါင်း (၃) ခေါင်း ပေါင်းခြောက်လောက်အောင် ဒီကြားထဲ လူနာက ဖုတ်လိုက် ဖုတ်လိုက် ခုတော့ လူနာ အခြေအနေ stable အဲ့ဒီ့ လူနာအကြောင်း case review တစ်ရက် သတ်သတ်ရေးပါ့မယ်။

သင်ခန်းစာတွေ ပညာတွေ ထပ်ထပ်ပေးတဲ့ COVID ကြီးအကြောင်းပေါ့ လက်ထောက်ဆရာဝန်လေးတွေ သူနာပြုတွေနဲ့ အလုပ်သမားတွေ အပါအဝင် Team work ကောင်းမှုကြောင့် လူနာသက်သာလာတာလေးပဲ ဝမ်းသာနေရတယ် ။

ကိုယ်တွေမှာ Mya Wut Yee” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ သီးသန့်စောင့်ကြည့်ခန်းမှာ ရောက်နေတဲ့ အဖြစ်လေးကို ရေးတင် ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်နော်.။

ပရိသတ်ကြီးလည်း ရလာဒ်ကောင်းထွက်ဖို့ ဒေါက်တာမြဝတ်ရည်တို့အတွက် ဆုတောင်းပေးခဲ့ပါဦးနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။

Source: Dr.Mya Wut Yee’s Facebook
(Cele Active World)