Zawgyi
Unicode
သဘာဝတရားရိပ်သာမှ ကိုဗစ်လူနာ ဘိုးဘွားများအတွက် ပုဆိုး ထဘီ အဟောင်းများ အမြန်လိုအပ်နေ
အရေးပေါ် အလှုခံအပ်ပါသည်။ ပုဆိုး ထဘီ အဟောင်းများ..
သားသမီးတို့၏ အရိပ်အောက် မနေရရှာသော ဆရာတော်၏ အရိပ်အောက်ခိုလှုံ နေရပါသော ဘိုးဘွား တို့အတွက် အရေးပေါ် အလှုခံအပ်ပါသည်။
သဘာဝတရားရိပ်သာ ဆေးကုသဆောင် မှ အိပ်ယာကျောကပ် ဘိုးဘွားများမှာ ကိုဗစ် ရောဂါ ကူးဆက်ခံရ၍ သံလျင်ဆေးရုံတွင် တက်ရောက်ကုသ လျက်ရှိသော ဘိုးဘွား ၃၉ ဦး၊ သဘာဝဆေးကုဆောင်တွင် ၅၂ ဦး ရှိရာ
ဆီးဝမ်း များ သွားပြီးသည် နှင့် အဝတ်အစားများအားမီးရှို့ ၍ ရောဂါ မပျံ့ပွားရေး ဆောင်ရွက်နေရပါသဖြင့် ပုဆိုး အဟောင်း ထဘီ အဟောင်းများ အထူး အထူး လိုအပ် လျက်ရှိပါသည်။
သို့ပါ၍ မိတ်ဆွေများ အနေဖြင့် ထမိန်ပုဆိုး အဟောင်းများ လှုဒါန်း ပေးနိုင်ပါ ရန် မတ္တောရပ်ခံပါသည်။အိပ်ယာကျောကပ် လူမမာ ဘိုးဘွားများဖြစ်၍ Ensure ကွေကာအုပ် ကဲ့သို့သော အာဟာရများလည်း လှုဒါန်းနိုင်ပါသည်။
ထမိန် ပုဆိုး အဟောင်း များအား သဘာဝဆွမ်းတန်း ကားများသို့ လှုဒါန်းနိုင်ပါသည် ကိုဗစ် ကာလ ဖြစ်သဖြင့် ပိုးသတ်မီးပူထိုး ပေးပါက ပိုအဆင်ပြေပါမည်။မိတ်ဆွေများ အနေဖြင့် ငွေသားလှုဒါန်းလိုပါက အောက်ပါ ဆရာလေး ထံဖြစ်စေ ဆက်သွယ်လှုဒါန်းနိုင်ပါသည်။
၂၀၂၀ ကုသိုလ်ဘဏ် ဆရာလေး အာသဝက္ခယဉာဏီ(ဒေါ်အေးအေးလှိုင်) (ဖုန်း 09 250 985 988, 09751 765 968)